Thursday, November 14, 2013


ကုရ်ဘာနီ၏မဆ်အာလာများ
----------------------------------
၁။လူတစ်ယောက်သည်ဇကားသ်ပေးရန်ဖွရ်ဇ်ဖြစ်၏။(သို့မဟုတ်)ဇကားသ်ဖရ်ဇ်ဖြစ်သည့်ငွေကြေးပမာဏကိုပိုင်ဆိုင်ထား၏။

၎င်းပိုင်ဆိုင်မှုသည်တစ်နှစ်ပြည့်သည်ဖြစ်စေမပြည့်သည်ဖြစ်စေ ကုရ်ဘာနီပြုရန်ဝါဂျိဗ်တာဝန်ဖြစ်၏။

၂။အကြောင်းတစ်ခုခုကြောင့်ဇုလ်ဟဂ်ျလ ၁၂ ရက်နေ့နေမ၀င်ခင်တင်ပြပါ။ကုရ်ဘာနီ နီဆားဗ်ပိုင်ဆိုင်သွားခဲ့သော်ကုရ်ဘာနီပြုရန်ဝါရျိဗ်တာဝန်ဖြစ်သွားလေသည်။

၃။ကုရ်ဘာနီသားကောင်သည်ရှရီအသ်တရားတော်အရ ကုလားအုပ်၊ကျွဲ၊နွား၊သိုး၊ဆိတ်၊ဒွန်ဘဟ်၊(အထီး၊အမ)အားလုံးကိုသာဆိုလိုပေသည်။
၎င်းတို့မှအပအခြားမည်သည့်သားကောင်းကိုမှကုရ်ဘာနီပြုလုပ်ခြင်းမပိုင်ပေ။

၎။ကျွဲ၊နွားတို့၏အသက်မှာ၂ နှစ်ပြည့်ရန် ကုလားအုပ်၏အသက်မှာ၅နှစ်ပြည့်ရန် သိုး ၊ဆိတ်တို့မှာ၁နှစ်ပြည့်ရန် အရေးကြီးလေသည်။

၅။ကုရ်ဘာနီပြုလုပ်ရန် ၀ါဂျိဗ်မထိုက်သူသည်ကုရ်ဘာနီနီယသ်ဖြင့်သားကောင်းအားဝယ်လိုက်ပါကထိုသားကောင်အားကုရ်ဘာနီပြုရန်ဝါဂျိဗ်ဖြစ်သွားလေသည်။

၆။ဇုလ်ဟဂ်ျလ၁၀ရက်မှ၁၂နေ့အထိ ကြိုက်နှစ်သက်ရာအချိန်တွင် ကုရ်ဘာနီပြုလုပ်နိုင်သည်။နေ့အချိန်တွင်ဖြစ်စေ၊ညအချိန်တွင်ဖြစ်စေပြုလုပ်ခွင့်ရှိသည်။သို့ရာတွင်ညအချိန်တွင်
်ကုရ်ဘာနီပြုလုပ်ရာ၌မတော်တဆအကြောများမပြတ်မည်ကိုစိုးရိမ်ရသဖြင့်ဇဗဟ်ပြုလုပ်ခြင်းမသင့်တော်ပေ၊သို့သော်မီးအလင်းရောင်ကောင်းစွာရှိခြင်းကြောင့်ညအချိန်၌ဇဗဟ်ပြုလုပ်ပါက
မည်သို့မျှပြဿနာမရှိပေ။

၇။ကုရ်ဘာနီမလုပ်ခင်အလျင်ဓားကိုကောင်းစွာသွေးထားရမည်။သားကောင်တစ်ကောင်ကိုအခြားသားကောင်တစ်ကောင်၏ရှေ့တွင်ဇဗဟ်လုပ်ပြုခြင်းမသင့်တော်ပေ။
သားကောင်အသက်ထွက်ပြီးငြိမ်သွားမှသာသရေခွာခြင်း၊အသားခုတ်ထစ်ခြင်းများပြုလုပ်ရမည်။

၈။သားကောင်တစ်ကောင်ကိုလူအများစပ်တူပြုလုပ်ကြရာ၌၎င်းသားကောင်၏အသားအားလုံးကိုမိတ်ဆွေများနှင့်ဆင်းရဲသားများကိုဝေငှမည်ဆိုပါက အတိအကျအပုံခွဲရန်မလိုတော့ပေ။
သို့မဟုတ်ဘဲဖက်ဆက်ပါဝင်သူများခွဲဝေယူကြမည်ဆိုပါကအသားများကိုမှန်းဆ၍ မပုံရဘဲ အလေးချိန်အရညီမျှရန်အရေးကြီးသည်။

၉။ကုရ်ဘာနီဝါဂျိဗ်တာဝန်ရှိသူတစ်ဦဒသည်ကုရ်ဘာနီပြုလုပ်ရမည့်ရက်သုံးရက်ကုန်ဆုံးသွားသည့်တိုင် ကုရ်ဘာနီမပြုဖြစ်ခဲ့ပါကဆိတ်(သို့မဟုတ်)သိုးတစ်ကောင်၏တန်ဖိုးကိုလှူဒါန်း
ပေးကမ်းလိုက်ရမည်။သားကောင်ဝယ်ထားပြီးဖြစ်လျှင်၎င်းသားကောင်ကိုလှူဒါန်းပေးကမ်းလိုက်ရမည်။

၁၀။အခြားသူတစ်ဦးအတွက်၎င်းကိုအကြောင်းမကြားဘဲကုရ်ဘာနီပြုလုပ်ပေခြင်းပိုင်ပေ။

၁၁။ကုရ်ဘာနီပြုလုပ်သူသည်ကုရ်ဘာနီ၏အသားကို မိမိစိတ်ကြိုက်ပြုလုပ်နိုင်သည်။အသားအားလုံးကိုမိမိအိမ်အတွက်ထားလိုပါကထားနိုင်ပြီး၊ဝေငှလိုပါကဝေငှနျုင်ပေသည်။
သို့ရာတွင်အကောင်းဆုံးပုံစံမှာ အသားအားလုံးကိုသုံးပုံ ပုံ၍တစ်ပုံကိုမိမိအိမ်အတွက်ထားပါ။ဒုတိယတစ်ပုံကို ဆွေမျိုးသားချင်းများအားဝေငှပါ။တတိယတစ်ပုံကိုသူဆင်းရဲများအား
ပေးကမ်းလိုက်ပါ။

၁၂။ကုရ်ဘာနီအသားကိုမုစ်လင်မ်မဟူတ်သူများကိုပေးကမ်းခြင်းပိုင်ပေသည်။

(ဖိက်ဟီးရစာအိလ်-အတွဲ၂)
စီစဉ်တင်ပြသူ-မုဖ်သီအိဒ်ရီးစ် (မဇွာဟေရီ)
ရှေ့ဆောင်ဆရာ-မဒါးဗလီ

No comments:

Post a Comment