Friday, June 27, 2014

အများကောင်းကျိုးပြုခြင်း
==================
အများကောင်းကျိုးပြုခြင်းသည်
ကောင်းမွန်မြင့်မားသောအရည်း
အချင်းတစ်ခုဖြစ်သည့်အ
လျှောက်
အောင်မြင်မှု၏လမ်းကြောင်းကို
လည်းပြသပေးသည်။ခစ်သ်မသ်
လုပ်ရင်အလ္လာဟ်ရမည်ဆိုသောစကားကိုသေချာပြန်လည်
်တွေးမြင်
ကြည့်ပါကသဘောပေါက်နိုင်ပေသည်။အကြင်သူအဖို့အလ္လာဟ်အသျှင်မြတ်ကိုရရှိသွားမည်ဆိုလျှင်
ထိုသူ့အဖို့အရာအားလုံးကိုရရှိ
သွားသလိုပင်ဖြစ်သည်။သာမန်
အားဖြင့်ထိုစကားကိုဦးနှောက်က
လွယ်လွယ်လက်မခံနိုင်မည်မ
ဟုတ်သော်ငြားလည်းစင်စစ်သာသနာရေးရာများကိုလေ့လာမည်
ဆိုပါကသိရှိနိုင်သည်။အစ္စလာမ်
သာသနာတော်တွင်လူသားအကျိုးပြုလုပ်ငန်းနှင့်စပ်လျှင်း၍မြောက်
များစွာသောအကျိုးကျေးဇူးများကိုတင်ပြထားသည်။အလ္လာဟ်အသျှင်မြတ်၏အဖန်ဆင်းခံများကိုပြုစုစောင့်ရှောက်ခြင်း၊အဖန်ဆင်းခံများ၏ဒုက္ခကိုနှလုံးသားမှထပ်တူထပ်
ှမျှခံစားခြင်းသည်အလ္လာဟ့်အသျှင်
မြတ်ကိုကျေနပ်နှစ်သက်စေခြင်း၏
အကြောင်းခံများဖြစ်သည်။ထိုအတွက်ကြောင့်လူသားအကျိုးပြု
လုပ်ငန်းများတွင်စိတ်အားထက်
သန်စွာပါဝင်လုပ်ကိုင်စေချင်ပါ
သည်။
တမန်တော်မြတ်(စွ)အမိန့်ရှိသည်မှာအဖန်ဆင်းခံများအားလုံးသည်
အလ္လာဟ်အသျှင်မြတ်၏အိမ်သူ
အိမ်သားများဖြစ်သည်။ထိုအဖန်ဆင်းခံများထည်းတွင်အလ္လာဟ်
အသျှင်အနှစ်သက်ဆုံးသောသူမှာ
အဖန်ဆင်းခံများကိုများစွာအကျိုး
ပြုသောသူပင်ဖြစ်သည်။
တမန်တော်မြတ်(စွ)အမိန့်ရှိသည်မှာအီမန့်ရှင်ညီနောင်အချင်းချင်း
တစ်ဦးကိုတစ်ဦးစာနာထောက်
ထားကြပါ။တစ်ဦးကိုတစ်ဦးစာနာ
ထောက်ထားငှဲညှာမှုသနားမှုမှာ
ခန္နာကိုယ်တစ်ခု၏အစိတ်အပိုင်း
များနှင့်အလားသဏ္ဍန်တူပေသည်။အကယ်၍ခန္နာကိုယ်၏အစိတ်အပိုင်းတစ်ခုခုနာကျင်နေမည်ဆိုလျှင်ခန္နာကိုယ်တစ်ခုလုံးနာကျင်နေ
လိမ့်မည်။ထိုအစိတ်ပိုင်း၏ဝေတနာပျောက်ကင်းမှသာခန္နာကိုယ်တစ်ခုလုံးတည်ငြိမ်အေးချမ်းမှုရရှိပေ
လိမ့်မည်။

တမန်တော်မြတ်(စွ)အမိန့်ရှိသည်မှာအကြင်သူသည်မုစလ်မန်ညီနောင်တစ်ဦး၏အရှက်သိက္ခာကိုဖုံးအုပ်ပေးမည်ဆိုလျှင်အလ္လာဟ်အသျှင်မြတ်သည်ဒန္နယာအာခေရသ်နှစ်ဘဝနှစ်ဌာနလုံးတွင်ထိုသူ၏အရှက်သိက္ခာကိုဖုံးအုပ်ပေးလိမ့်မည်။အကြင်သူသည်မိမိမုစလ်မန်ညီနောင်၏အခက်အခဲဒုက္ခကိုဝေးကွာအောင်ပြုလုပ်ပေးမည်ဆိုလျှင်အလ္မာဟ်အသျှင်မြတ်သည်ကေယာမသ်ကမ္ဘာ့တရားစီရင်မည့်နေ့တွင်ထိုသူ၏ဒုက္ခအခက်အခဲများကိုဝေးကွာစေတော်မူမည်။အကြင်သူသည်မိမိမုစလ်မန်ညီနောင်ကိုကူညီနေသမျှကာလပတ်လုံးအလ္လာဟ်အသျှင်မြတ်သည်လည်းထိုသူ့အားကူညီနေပေမည်။
တမန်တော်မြတ်(စွ)အမိန့်ရှိသည်မှာအားလုံးထက်သာပို၍အကျိုး
ထူးသောအလုပ်မှာမုအ်မင်န်တစ်ဦးကိုပျော်ရွှင်အောင်လုပ်ပေးခြင်း
ဖြစ်သည်။ဆိုလိုသည်မှာထိုသူ၏အပြစ်အနာအဆာကိုဖုံးအုပ်ပေး
ခြင်း၊ထိုသူ့ကိုဆာလောင်မှုမှဝေးကွာစေခြင်း၊ထိုသူ၏လိုအပ်ချက်
များကိုဖြည့်စွက်ပေးခြင်းတို့ဖြစ်
သည်။
တမန်တော်မြတ်(စွ)အမိန့်ရှိသည်မှာအကြင်သူသည်မိမိမုစလ်မာန်ညီနောင်၏လိုအပ်ချက်ကိုဖြည့်ဆည်းပေးရန်ကြိုးစားမည်ဆိုလျှင်
အလ္လာဟ်အသျှင်မြတ်သည်ထိုသူစတင်ထွက်ခွာသောခြေလှမ်းမှစ၍
ပြန်ရောက်လာသည့်အချိန်ထိခြေလှမ်းတိုင်းခြေလှမ်းတိုင်းတွင်အကျိုးကုသိုလ်၇၀အားရေးမှတ်စေတော်မူမည်။၎င်းအပြင်ပစ်မှုဂိုနဟ်၇၀မှပလက်စေတော်မှုမည်။ထိုသိုမိမိလက်ဖြင့်ပြီးမြောက်သွားမှုပစ်မှုဂိုနဟ်များ၏ပလက်မှုမှာအမိဝမ်းမှကျွတ်သောကလေးငယ်သဖွယ်အပစ်များမှကင်းစင်နေပေလိမ့်မည်။
ထိုသို့လိုအပ်ချက်များကိုဖြည့်စွက်ပေးနေချိန်တွင်ကွယ်လွန်သွားခဲ့ပါမှုစာရင်းအင်းစစ်ဆေးမေးမြန်းခြင်းမရှိဘဲဂျန္နသ်ဥယာဉ်ပုံနန်းသိုစံမြန်းရပေမည်။

တမန်တော်မြတ်(စွ)အမိန့်ရှိသည်မှာအကြင်သူသည်မိမိမုစလ်မာန်ညီနောင်တစ်ဦးကိုပျော်ရွှင်မှုပေးခဲ့မည်ဆိုလျှင်အလ္လာဟ်အသျှင်မြတ်သည်ထိုပျော်ရွှင်မှုကိုဖရိရှ်သာကောင်းကင်တမန်တစ်ပါးအဖြစ်ဖန်ဆင်းပေးလိမ့်မည်။ထိုဖရိရှ်သာသည်အလ္လာဟ်အသျှင်မြတ်၏အေဗာဒသ်ခဝပ်ကိုးကွယ်မှုတွင်မွေ့လျှော်နေပေမည်။အလ္လာဟ်အသျှင်မြတ်၏ကြီးကြယ်မှုများကိုပြောကြားနေပေမည်။မိမိကွယ်လွန်သေဆုံးသွားသောအခါကဗရ်သင်္ချိုင်းသို့ရောက်ရှိချိန်တွင်ပျော်ရွှင်မှုအစားဖန်ဆင်းပေးလိုက်သောဖရိရှ်သာသည်မိမိထံပါးရောက်လာ၍ပြောမည်မှာ-အိုးလူသား အသင်ကျွနုပ်အားမမှိတ်မိပေလော။ထိုအခါလူသားကပြောမည်မှာအသင်မည်သူနည်း။ဖရိရှ်သာကပြန်လည်ဖြေကြားမည်မှာကျွန်ုပ်သည်ပျော်ရွှင်မှုဖြစ်သည်။ထိုပျော်ရွှင်မှုမှာအခြားမဟုတ်အသင်သည်မိမိညီနောင်တစ်ဦးကိုပေးခဲ့သောပျော်ရွှင်မှုဖြစ်သည်။ယခုကျွန်ုပ်သည်သင်၏ဆိုးရိမ်ထိန့်လန့်မှုများကိုပျော်ရွှင်ခြင်းများအဖြစ်ပြောင်းလည်းပေးမည့်အကြောင်းခံဖြစ်သည်။ကေယာမသ်ကမ္ဘာ့တရားစီရင်မည့်နေ့တွင်ကျွန်ုပ်သည်အသင်နှင့်အတူရှိနေမည်။အသင့်အတွက်အလ္လာဟ်အသျှင်မြတ်ထံပါးဝယ်အသနားခံပေးမည်။ထိုပြင်ဂျန္နသ်သုခဘုံနန်းတွင်သင်၏နေရာဌာနက်ုလည်းပြသပေးအုံးမည်။

ဆင့်ပြန်ချက်တစ်ရပ်တွင်လာရှိသည်မှာတမန်တော်မူစာအာလိုက်ဟေ့စလာမ်သည်အလ္လာဟ်အသျှင်မြတ်ထံပါးတွင်မေးမြန်လျှောက်ထားသည်။အိုးအလ္လာဟ်အသျှင်=
ကျွန်တော်မျိုးအားအရှင်မြတ်၏ဖန်ဆင်းခံများထည်းတွင်အားလုံးထက်သာပို၍အသျှင်မြတ်ချစ်မြတ်နိုးသောသူကိုပြပေးသနားတော်မှုပါဟုလျှောက်ထားလေရာအလ္လာဟ်အသှိင်မြတ်အမိန့်ရှိတော်မှုသည်မှာ=အိုးမူစာအဖန်ဆင်းခံများအာလုံးတွင်ငါအလ္လာဟ်အသျှင်မြတ်ချစ်မြတ်နိုးသောသူမှာအကြင်သူသည်မိမိညီနောင်တစ်ဦးဆူးစူးသောသတင်းကိုကြားပြီးမိမိကိုယ်တိုင်ဆူးစူးသကဲ့သို့ခံစားရသောသူပင်ဖြစ်သည်။

တမန်တော်မြတ်(စွ)အမိန့်ရှိသည်မှာအကြင်သူသည်မုစ္စလင်မ်တစ်ဦး၏ပူဆွေးသောကကိုဝေးကွာအောင်ပြုလုပ်ပေးပါကထိုသူသည်ညစဉ်ညတိုင်းအလ္လာဟ်အသျှင်မြတ်၏အေဗာဒသ်ခဝပ်ကိုးကွယ်မှုတွင်မွေ့လျှော်နေသောသူနှင့်အလားသဏ္ဍန်တူပေသည်။

အကြင်သူသည်မိမိညီနောင်၏လိုအပ်ချက်ကိုဖြည့်စည်းပေးနေသမျှကာလပတ်လုံးအလ္လာဟ်အသျှင်မြတ်သည်ထိုသူ၏လိုအပ်ချက်များကိုဖြည့်စည်းပေးနေတော်မှုမည်။အသင်သည်ငါအလ္လာဟ်သျှင်မြတ်၏ကျေးကျွန်၏အလုပ်တွင်ပါဝင်လုပ်ကိုင်နေမည်ဆိုလျှင်ငါအသျှင်သည်သင်၏လုပ်ငန်းတွင်ပါဝင်လုပ်ကိုင်နေပေမည်။
တမန်တော်မြတ်(စွ)အမိန့်ရှိသည်မှာအကြင်သူသည်တစ်ခြားသူများအပေါ်သနားညှာတာမည်ဆိုလျှင်အလွန်တရာမှသနားညှာတာတော်မှုသောအသျှင်မြတ်သည်အသင့်အားသနားညှာတာတော်မှုမည်။
မြေပထဝီပေါ်ရှိအဖန်ဆင်းခံများကိုသနားကြင်နာမည်ဆိုလျှင်မိုးကောင်းကင်ပေါ်ရှိဖန်ဆင်းရှင်သည်သင့်အားသနားကြင်နာပေလိမ့်မည်။ထိုအတွက်ကြောင့်အလ္လာဟ်အသျှင်မြတ်၏ဖန်ဆင်းခံများအပေါ်သို့သနားညှာတာမှုမရှိသမျှကာလပတ်လုံးထိုသူ့အားမုစလ်မန်ဟုခေါ်ရန်ပင်မထိုက်တန်ပေ။အလ္လာဟ်အသျှင်မြတ်၏ဖန်ဆင်းခံများအပေါ်သနားညှာတာမှုမရှိဘဲအလ္လာဟ်အသျှင်မြတ်၏သနားညှာတာမှုကိုမျှော်ကိုးနေခြင်းမှာအဘယ်ကဲ့သို့ဖြစ်နိုင်ပါမည်နည်း။အလ္လာဟ်အသျှင်မြတ်၏ဖန်ဆင်းခံများကိုချစ်မြတ်နိုးခြင်းသည်အီမန်၏လိုအပ်ချက်ပင်ဖြစ်သည်။
အထက်တွင်တင်ပြခဲ့သောဟဒီးစ်တော်များကိုဖတ်ရှုခြင်းဖြင့်အစ္စလာမ်သာသနာတော်တွင်အဖန်ဆင်းခံများအကျိုးပြုခြင်းနှင့်စပ်လျှဉ်း၍
အဘယ်မျှအကျိုးကျေးဇူးများရရှိမည်ကိုမှန်းစနိုင်ပေသည်။သိုပါ၍အဖန်ဆင်းခံများကိုအကျိုးပြုခြင်းဒုက္ခအခက်အခဲများကိုကူညီခြင်းသည်အလွန်တရာမှကြီးမားသောအကျိုးကုသိုလ်များဖြစ်သည်။အလ္လာဟ်အသျှင်မြတ်ကိုအလွန်တရာမှချစ်မြတ်နိုးတော်မူသည်။

အဖန်ဆင်းခံများအပေါ်စာနာထောက်ထားခြင်း၊ငှဲညှာသနားခြင်းဟုသောကောင်းချင်းလက္ခာများသည်
လူသားနှင့်သတ္တဝါ၏ခြားနားချက်ပင်ဖြစ်သည်။စံပြလူရည်ချွန်တို့မည်သည်မှာမိမိ၏ပျိုရွယ်သောသက်တမ်းကိုလူသားအကျိုးပြုလုပ်ငန်းများတွင်ပါဝင်လုပ်ကိုင်သူဖြစ်သည်။မိမိကိုယ်ကျိုးအတွက်သာလုပ်ပြီးဘဝသက်တမ်းကိုကုန်ဆုံးသောသူတို့မှာစံပြလူရည်ချွန်မည်သို့ဖြစ်နိုင်ပါမည်နည်း။မိမိကိုယ်ကျိုးအတွက်လည်းလုပ်ရင်းအခြားသူများ၏ကောင်းရာကောင်းကျိုးကိုပါပြုလုပ်သောသူ၏ဘဝသက်တမ်းသည်တန်ဖိုးရှိလှသောဘဝသက်တမ်းဖြစ်သည်။အလ္လာဟ်အသျှင်ကျွန်ုပ်တို့အားလုံးကိုလူသားအကျိုးပြုလုပ်ငန်းများတွင်သေတဖန်သက်တစ်ဆုံးပြုလုပ်နိုင်စွမ်းပေးသနားတော်မူပါစေ။ ။အာမိန်း
 — 
ရမဇာန်အကြို မှာတမ်း
===============

ရမဇာန်လမြတ်သည်အလွန်အင်မတန်မှ
ဗရ်ကသ်မင်္ဂလာနှင့်ပြည့်စုံသောလတစ်လ
ဖြစ်ပေသည်။ထိုလမြတ်တွင်နေ့အခါ၌ရိုဇာဥပုဒ်စောင့်ထိန်းခြင်းသည်ဖရဇ်ဖြစ်၍ညအခါ၌သာရာဝီးဟ်နမားဇ်ဝတ်ပြုခြင်းသည်စန္နသ်ဖြစ်ပေသည်။ထို့ပြင်ဤလမြတ်တွင်ထူးကဲမွန်မြတ်သောညတစ်ညလည်းပါဝင်ပေသည်။ထိုညတွင်နိုးကြား၍အေဗာဒသ်လုပ်ခြင်း၏အကျိုးကုသိုလ်မှာလပေါင်းတစ်ထောင်ထက်သာမြတ်လေသည်။ထိုလမြတ်တွင်ကောင်းမှုတစ်ခုတိုင်း၏အကျိုးကုသိုလ်မှာအဆပေါင်းခုနှစ်ဆယ်တိုး၍ရရှိပေသည်။ဤလမြတ်တွင်ဂျန္နသ်၏တံခါးများကိုဖွင့်ထားပေးပြီးဂျဟန္နမ်၏တံခါးများကိုပိတ်ထားလေသည်။ထို့ပြင်ဆိုးသွမ်းသောရှိုင်သွာန်မိစ္ဆာကောင်များကိုချုပ်နှောင်ထားလေသည်။ထိုအရာများအားလုံးသည်အလ္လာဟ်အသျှင်မြတ်၏ရဟ်မသ်မဟာသနားဂရုဏာတော်နှင်မဂ်ဖေရသ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၏အကြောင်းခံများပင်ဖြစ်ပေသည်။နေ့စဉ်ဖရှိရ်သာကောင်းကင်တမန်များဖြင့်ကြေငြာခိုင်းစေသည်မှာ
အို------အကောင်းလိုလားသူတို့ကောင်းမှုများကိုရှေ့သို့တိုး၍ပြကြကုန်
အို---------
မကောင်းမှုပြုလုပ်သူတို့မကောင်းမှုများကိုရပ်တန်းကရပ်၍ကောင်းခြင်းဖက်သို့လှည့်ကြကုန်။မိမိအရှင်၏အမိန့်တော်များကိုနာခံ၍ဘဝသက်တမ်းကိုကုန်ဆုံးကြကုန်

မွန်မြတ်လှသောရမဇာန်လမြတ်သည်မိမိ၏ဘဝသက်တမ်းကိုကောင်းခြင်းများဖက်သို့လှည့်ရန်၊မိမိနှလုံးသားကိုအလ္လာဟ်အရှင်မြတ်ဖက်သို့လှည့်ရန်ဂျဟန္နမ်ငရဲမီးမှလွတ်မြောက်ရန်ဂျန္နသ်သုခဘုံနန်းသိုအရင်မြတ်ချီးမြင့်ပေးသနားမှုကိုရယူရန်အကောင်းဆုံးသောအချိန်ပင်ဖြစ်ပေသည်။ဤလမြတ်သည်မိမိ၏ဘဝသက်တမ်း၏နောက်ဆုံးကြုံကြိုက်ခွင့်ရသောလမြတ်လည်းဖြစ်နိုင်ပေသည်။သေဆုံးကွယ်လွန်ပြီးနောက်သိန်းသန်းမကမျှော်လင့်တောင်းတမှုဖြစ်တစ်ချိန်တစ်ခါလောက်စဂျေဒါပြုလုပ်ချင်သည်ဖြစ်စေ၊တစ်ကြိမ်တစ်ခါလောက်စွဗ္ဗဟားနလ္လာဟ်ရွတ်ဖတ်ချင်သည်ဆိုပါရင်လည်းအကျိုးကုသိုလ်မရရှိနိုင်ပေ။ဤကဲ့သို့သောအခွင့်ထူးကိုနောက်တစ်ခါပြန်၍မရရှိနိုင်ပေ။

ထိုမွန်မြတ်ထူးကဲလှသောလမြတ်တွင်အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်သက်မှုကိုရယူသင့်ပေသည်။လုံးလဝရိယဖြင့်ရိုဇာဥပုဒ်စောင့်ထိန်းခြင်းသာရာဝီးဟ်နမားဇ်ဝတ်ပြုခြင်းများကိုတစ်စိုက်မက်မက်ပြုလုပ်သင့်ပေသည်။ထိုအေဗာဒသ်များပြုလုပ်ရန်အမိန့်ပညတ်ချက်များမှာကျွန်ုပ်တို့၏အကျိုးအတွက်သာလျှင်ဖြစ်ပေသည်။သို့မှသာကျွန်ုပ်တို့သည်အလ္လာဟ်အရှင်မြတ်၏ရဟ်မသ်မဟာသနားဂရုဏာတော်များကိုခံစားခွင့်ရရှိနိုင်ပေမည်။ထိုအမိန့်ပညတ်ချက်များမရှိဘူးဆိုလျှင်မွန်မြတ်သောလမြတ်၏တန်ဖိုးရှိသောအချိန်များမှာမေ့လျှော့ခြင်းနှင့်သာကုန်ဆုံးသွားပေမည်။ထိုကဲ့သို့မေ့လျှော့ခြင်းသည်ကောင်းခြင်းများမှလက်မဲ့ဖြစ်ခြင်းမှလွဲ၍ဘာမှမရှိပေ။

ဗလီတွင်သက္ကဗီးရ်အူလာနှင့်နမားဇ်ဆေက်တည်ရန်အရေးကြီးပေသည်။မည်သည့်နမားဇ်ကိုမှဂျမာအသ်နှင့်မလွတ်ပါစေနှင့်။အိမ်တွင်အိဖ်သာရ်ဝါဖြေရန်ပြင်ဆင်ခြင်းကြောင့်ဗလီတွင်ဂျမာအသ်ကိုမလွတ်မိပါစေနှင်။

ကလီမာသွိုင်ယေဘာ၏ဇိကိရ်၊ဒူရူးဒ်ရှရီးဖ်၊သောင်ဗဟ်အိစ်သေ့ဂ်ဖါများကိုများမြောင်စွာဖတ်သင့်ပေသည်။မည်သည့်အချိန်ကိုမဆိုဇိကိရ်သေလာဝသ်နှင့်လက်မဲ့မဖြစ်ပါစေနှင့်။

ကျမ်းတော်မြတ်ကုရ်အာန်၏သေလာဝသ်ကိုတစ်စိုက်မက်မက်ပြုလုပ်သင့်ပေသည်။စာလုံးတစ်လုံးတိုင်းတစ်လုံးတိုင်းတွင်အကျိုးကုသိုလ်တစ်ရာရရှိပေသည်။

ရိုဇာဟ်ဥပုဒ်စောင့်ထိန်းခြင်း၏အဓိကရည်ရွယ်ချက်မှာသက္ကဝါတရားရယူခြင်း(ဂိုနာပြစ်မှုဒုစရိုက်များမှရှောင်ကျဉ်ခြင်း)ဖြစ်ပေသည်။ဂိုနာပြစ်မှုဒုစရိုက်များကိုမရှောင်ကျဉ်ဘဲရိုဇာဥပုဒ်စောင့်တည်ခြင်းသည်အချီးအနှီးသာဖြစ်ပေသည်။

မျက်လွှာအရှုကိုဂိုနဟ်အကုသိုလ်များမှရှောင်ကျဉ်ရပေမည်။နှုတ်လျှာကိုအထူးထိန်းသိမ်းရပေမည်။ခြေ၊လက်၊နှလုံးသား၊ဦးနှောက်စသည်များကိုလည်းဂိုနာဟ်အကုသိုလ်များမှရှောင်ကျဉ်ရပေမည်။စားခြင်းသောက်ခြင်းကိုရိုဇာဟ်ဥပုဒ်စောင့်ထိန်းသကဲ့သို့ပြစ်မှုဒုစရိုက်များကိုလည်းရိုဇာဟ်ဥပုဒ်စောင့်ထိန်းရပေမည်။စားခြင်းသောက်ခြင်းသည်အိဖ်သာရ်ဝါလွတ်ချိန်ကုန်ဆုံးသွားသောအခါဟလာလ်ပြုပိုင်သည်ဆိုသော်ငြားလည်းဂိုနာဟ်အကုသိုလ်ပြစ်မှုဒုစရိုက်မာမူမည်သည့်အချိန်မှမပြုပိုင်သောကိစ္စဖြစ်လေသည်။ရမဇာန်လတွင်မကမည်သည့်လမှာမဆိုအမြဲတမ်းအတွက်ဟရမ်ဖြစ်လေသည်။သို့ဆိုသောဒီနေရာတွင်ကျွန်ုပ်တို့စဉ်းစားချင့်ချိန်သင့်သည်မှာတစ်နှစ်ပါတ်လုံးပြုပိုင်သောစားခြင်းသောက်ခြင်းကိုရမဇာန်လကိုထောက်ရှုပြီးအလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကိုနာခံသောအားဖြင့်စားခြင်းသောက်ခြင်းကိုစွန့်လွတ်သည်ဆိုလျှင်တစ်နှစ်ပတ်လုံးလုံးပြုမပိုင်သောဂိုနာဟ်အကုသိုလ်များကိုအလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကိုနာခံသောအားဖြင့်ရှောင်ကျဉ်ရန်မှာပို၍ပို၍ပင်အရေးကြီးပေသည်။

အလ္လာဟ်အရှင်မြတ်၏ရဟ်မသ်မဟာသနားဂရုဏာတော်၊မဂ်ဖေရသ်လွတ်ငြိမ်းချမ်းသာခွင့်ကိုတောင်းခံရာတွင်တစ်ဦးထက်တစ်ဦးဆထက်တစ်ပိုးတိုး၍ကြိုးစားရယူသင့်ပေသည်။မိမိလုပ်ငန်းခွင်များကိုလည်းအတတ်နိုင်ဆုံးအမြန်ဆုံးပြီးအောင်လုပ်ပြီးအတတ်နိုင်ဆုံးများသောအားဖြင့်အချိန်များကိုဗလီ၌သာကုန်ဆုံးသင့်ပေသည်။မိမိ၏အလုပ်သမားများကိုလည်ဤလတွင်သက်ညှာစွာခိုင်းသင့်ပေသည်။

မိမိ၏အိမ်နားနီးချင်းများ၊သူဆင်းရဲများကိုကြည့်ရှုစောင့်ရှောက်ခြင်း၊ခေသမသ်လုပ်ခြင်းသည်လည်းဤလမြတ်၏ထူးခြားသောကောင်းမှုတစ်ခုဖြစ်လေသည်။ဟဒီးစ်တော်တွင်လာရှိသည်မှာတမန်တော်မြတ်(စွ)သည်လမြတ်ရမဇာန်ကိုရောက်လျှင်တစ်ခြားလများထက်သာပို၍ပေးကမ်းရက်ရောလေသည်။

အိဖ်သာရ်ဝါဖြေသောအခါတွင်လည်းသူဆင်းရဲများကိုပါပါဝင်စေသင့်သည်။ပစ္စည်းပစ္စယာများလည်းကူညီသင့်ပေသည်။သို့မှသာသူဆင်းရဲများလည်းလမြတ်ရမဇာန်ကိုစိတ်အေးချမ်းစွာဖြင့်ကုန်ဆုံးနိုင်ပေမည်။
ဤလမြတ်တွင်ဆုမွန်ဒိုအာများကိုများမြောင်စွာတောင်းသင့်ပေသည်။အီမန့်ရှင်များကိုကမ္ဘာအလည်တွင်ဂုဏ်သိက္ခာရရှိရေး၊သာသနာ့ပညာရှင်များ၊ဗလီဝတ်ကျောင်းတော်များ၊သာသနာ့အဆောက်အအုံးများကိုအလ္လာဟ်အရှင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ညှင်းပမ်းနှိပ်စက်ခံနေရသောအီမန့်ရှင်မုစလ်မာန်များကိုအလ္လာဟ်အရှင်ဖက်တော်မှအမြန်ဆုံးအကူညီရရှိရေး၊အွမ္မသ်သူအွမ္မသ်သားများအားလုံးကိုဂျဟန္နမ်ငရဲမီးဘေးမှလွတ်ငြိမ်းချမ်းသာခွင့်ရရှိစေရေးတို့ကိုအထူးပင်ဒိုအာပြုလုပ်သင့်သည်။

ဤမွန်မြတ်ထူးကဲလှသောလမြတ်ရမဇာန်ကိုကျွန်ုပ်တို့အားလုံးအကျိုးရှိရှိအသုံးချနိုင်စွမ်း၊အလ္လာဟ်အရှင်မြတ်၏အမလ်အေဗာဒသ်များပြုလုပ်ရင်ကုန်ဆုံးနိုင်စွမ်းအလ္လာဟ်ရှင်ချီးမြှင့်ပေးသနားတော်မူပါစေ။

အာမိန်း

ဆရာ စည်