Thursday, December 12, 2013

မာမြေ က ဌာနေ မြန်မာ-မွတ်စလင်များ


မြန်မာနိုင်ငံ၏ သမိုင်းရာဇ၀င်များကို လေ့လာကြည့်လျှင် မြန်မာနိုင်ငံအရပ်ရပ် ၌ နေထိုင်ကြသော အစ္စလာမ် ဘာသာဝင် မြန်မာမွတ်စလင်မ်များ သည် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)ကျော်၊ (၁၂၀၀) ခန့် လောက်ကစ၍ အစု လိုက်သော် လည်းကောင်း၊အနည်း ငယ် သော် လည်းကောင်း လွန်ခဲ့သော နှစ်ပေါင်း (၃၀၀) ခန့်အထိ ၀င်ရောက်နေ ထိုင်ခဲ့ကြောင်း သမိုင်းတွင် အထောက်အထားခိုင်လုံစွာ တွေ့ရှိရသည်။

မြန်မာ့ရာဇ၀င်၊ သမိုင်းများတွင် အခြားသော တိုင်းရင်းသားလူမျိုးများ မြန်မာနိုင်ငံ သို့ ၀င်ရောက် နေထိုင် ပုံကို လေ့လာလျှင် မြန်မာမွတ်စလင်မ်များသည်လည်း ၎င်းတို့ထက်နောက် မကျသေးကြောင်းကို သမိုင်း အထောက်အထားများအရ သိရှိနိုင်ပါသည်။ ထို့ကြောင်း မြန်မာမွတ်စလင်မ်များသည်လည်း ထိုခေတ် ထိုအခါ (နှစ်ပေါင်း ၁၀၀၀)ကျော် ကပင် ရောက် ရှိနေကြောင်း လယ်ပြင် မှာ ဆင်သွားသကဲ့သို့ ရာဇ၀င်၊သမိုင်းတွင် ထင်ရှားနေပါသည်။

မြန်မာနိုင်ငံသားဥပဒေတွင် ၁၈၂၃ ခုမတိုင်မီက မြန်မာနိုင်ငံတွင် ပင်ရင်းနိုင်ငံ အဖြစ်နေထိုင် သူများ သည် တိုင်းရင်းသားများဖြစ်သည်ဟု ပြဌာန်ထားသဖြင့် မြန်မာနိုင်ငံသား ဥပဒေ နှင့် အ ကျုံ့ဝင် သော ၁၈၂၃ ခု မတိုင်မီက မြန်မာ့သမိုင်းထဲက မွတ်ဆလင် များအ ကြောင်း ကိုရှာဖွေ၍ စာဖတ်ပရိသတ် ဖတ်ရှူ လေ့လာ သိရှိ နိုင် ရန်အ လို့ ငှါ ဤ မှတ်စု ကိုရှာ ဖွေစုစည်းတင်ပြခြင်းဖြစ်ပါသည်

မြန်မာ့သမိုင်း၌ မွတ်စလင်မ်များ ထဲတွင် (၁) ဗမာ မွတ်စလင်မ် (၂) ရခိုင် မွတ်စလင်မ် (၃)ကမန် မွတ်စလင်မ် (၄)ပသျှူးမွတ်စလင်မ် (၅)ပန်းသေး မွတ်စလင်မ် ဟူ၍ (၅)မျိုး ခွဲခြား လေ့လာ နိုင် သည်။ များပြားသော ရာဇ၀င်၊ သမိုင်းများကို လေ့လာရန် အခက်ခဲ ရှိသူများ အနေဖြင့် ဤမှတ်စု ကိုလေ့လာခြင်း ဖြင့် အချိန် တိုတို အတွင်း အလွယ်တကူ ဗဟုသုတတိုးပွါးနိုင်ပါသည်။

သို့ဖြစ်ရာ နိုင်ငံတော်ကချမှတ်သော မူဝါဒအညီ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်မှု မပြိုကွဲရေး ၊ အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေး သည် … တို့အရေး … ဟူသော ဆောင်ပုဒ် ကိုဦးထိပ်ထားလျက် တိုင်းရင်းသားအချင်းချင်း စည်းလုံးရေး၊ အပြန်အလှန်ခင်မင် လေးစား ရေးတွက် သမိုင်း ထဲက မြန်မာ့မွတ်ဆလင် အကြောင်းကို ရေး သားဖေါ်ပြပါသည်။
ခရစ်သက္ကရာဇ် ( ၁၈၂၃ ) ခုနှစ် မတိုင်မီကပင်ရင်းနှိုင်ငံအဖြစ် မြန်မာနိုင်ငံအရပ်ရပ်သို့ ပြန့်ကျဲနေထိုင်သောုမန်မာမွတ်စလင်မ်များ

(1)
၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက် ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်စလင်မ်များ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ ကို ၀င်တိုက် ခဲ့စဉ် နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့ သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက် ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန် လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်း မှ ရောက် ရှိလာသော သင်္ဘော များမမွတ်စလင် များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌ လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌ လည်း ကောင်း၊ ရမည်းသင်းခရိုင် ယင်းတော် တို့၌လည်းကောင်း နေရာချထားခဲ့ ကြောင်းတွေ့ ရသည်။

(2)
အေဒီ ၁၄၃၀ ခုနှစ်တွင် ဗိုလ်ချုပ် ၀လီခန် နှင့်ပါလာသော စစ်သည် ငါးသောင်း(Bangladesh District Gazatteers,p-63)၊ ဗိုလ်ချုပ် စန္ဒွီခန်နှင့် ပါလာသော စစ်သည်များ(Journal of Burma Research Society No.2,p-493) သည် ရာစုနှစ် အဆက်ဆက် Arakan ကိုအုပ်ချုပ် လာခဲ့သည်။ဤသည်များမှာ များစွာသော သမိုင်းအထောက် အထားများမှ အချို့သာ ဖြစ်သည်။

(3)
သမိုင်းဆရာ Dr.သန်းထွန်း၏အဆိုအရ (၁၄၄၂-ခု) ကျောက်စာပါ အချက်များကို ကိုးကား၍ အာရ်ကန် မင်းများတွင် မူဆလင်ဘွဲ့ နာမည်များ ရှိခဲ့သည်။ ထိုမူဆလင် ဘုရင်များမှာ နတ်မြစ် အရှေ့ဘက် နှင့် ကုလားတန်မြစ် အနောက်ဘက် မေယုတောင်ကြားက မွတ်ဆလင်များသည်(ယနေ့ရိုဟင်ဂျာ)တွေဖြစ်သည်။သူတို့ ၎င်း ဒေသမှာ နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းထောင် ကျော်ပြီ လို့ပြောသည်။ Ref : ဒေါက်တာ သန်းထွန်း-Kalya Magazine p-27,1994,August

(4)
အေဒီ ၇၀၀ နှင့် ၁၅၀၀ ကြားတွင် အနောက်တိုင်းမှ အာရပ်ကုန်သည်၊ ပါရှင်းကုန် သည် နှင့် ရောမကုန်သည် တို့သည် မိမိတို့ ပင်ရင်းတိုင်း ပြည်များမှ ရွက်သဘောင်္ဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတမ်းကိုလည်းကောင်း၊ ယင်းကိုကျော် လွန်ကာ အရှေ့ဖက် တရုတ်ကမ်းခြေသို့လည်းကောင်း ကူးသန်းရောင်းဝယ်ရေးအတွက် ရောက်ရှိခဲ့ကြသည်။၂ အာရပ် တို့သည် ပင်လယ် ကူးသန်း သွားလာရာ၌ အရေးကြီးသော ပင်လယ်ဆိပ်ကမ်းမြို့များ၊ ကုန်သည်ရောင်း ၀ယ်ရေး စခန်း များ၊ အချက်အချာကျသော နေရာ၏ တည်နေပုံ၊ မျက်နှာပြင်အနေအထား၊ နေထိုင်သည့်လူမျိုးများ၊ ထွက်ကုန်များ အစရှိသည်တို့ကို စနစ် တကျ လေ့လာသုတေသန ပြုလေ့ရှိရာ- (၉) ရာစု အာရပ်ပထ၀ီဝင် ဆရာများ၊ ခရီးသည်များ၊ သုတေသီများ၏ မှတ် တမ်းများတွင် ရခိုင်ပြည်နှင့် မြန်မာပြည်အောက်ပိုင်း မွန်တို့နယ်ဖြစ်သော ရာမည ဒေသများအကြောင်းကို တွေ့ရှိနိုင် ပေသည်။၃ ရာခိုင်ရာဇ၀င်များအရလည်း အာရပ်တို့သည် အေဒီ (၈) ရာစုမှစ၍ ရခိုင်ပြည်သို့ ရောက်ရှိအခြေချနေပြီ ဖြစ်ကြောင်း ပါရှိပါသည်။ ရခိုင်ရာဇ၀င် အထောက်အထားများကို ကိုးကား၍ ၁၈၄၄ – ခုထုတ် ဘင်္ဂလား အေးရှာတိခ် ဆိုဆိုင်အေတီ ဂျာနယ် ( Journel of the Asiatic Society of Bengal) တွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားပါသည်။

(5)
“ရခိုင်ဘုရင် မဟာတိုင်း စန္ဒြမင်း (အေဒီ ၇၈၈ – ၈၁၀) လက်ထက်တွင် ရမ်းဗြဲကျွန်းအနီး အာရပ်သင်္ဘောများစွာ ပျက် စီးခဲ့ကြောင်း၊ သင်္ဘောသားများက သေဘေးမှလွတ်ကာ နီးရာကမ်းခြေဒေသဖြစ်သော ရမ်းဗြဲကျွန်းသို့ ၀င်ရောက် ခိုလှုံခဲ့ ကြောင်း၊ ရခိုင်ဘုရင် ကြားသိသောအခါ ယင်းတို့အား ကောင်းမွန်စွာ ပြုစုဧည့်ခံပြီး လယ်ယာမြေများပေးကာ အခြေတ ကျနေထိုင်ခွင့် ပေးခဲ့ကြောင်း” ပါရှိသည်။၎ အေဒီ ၁၈၇၉ ခုထုတ် ဗြိတိသျှဘားမားဂေဇက် (British Burma Gazetters) ကို ကိုးကား၍ အာရ်ဘီ စမတ် (R. B. Smart) ကလည်း “အေဒီ ၇၈၈ – ခုနှစ်တွင် မဟာတိုင်း စန္ဒြမင်း သည် ရခိုင်ထီးနန်းကို ဆက်ခံခဲ့ကြောင်း၊ ၄င်းသည် ယခင် ရာမ၀တီ မြို့ဟောင်းကို မြို့သစ်တည်ထောင် ကာ နှစ်ပေါင်း ၂၂ နှစ်တိုင် စိုးစံခဲ့ကြောင်း၊ ယင်းမင်းလက်ထက်တွင် ရမ်းဗြဲကျွန်းအနီးတွင် သင်္ဘောများစွာ ပျက်ခဲ့ကြောင်း၊ သင်္ဘောသားများမှာ မဟာမေဒင် ဘာသာဝင်များဖြစ်ကြ ကြောင်း၊ ယင်းတို့ကို ရခိုင်ပြည်မသို့ ပို့ကာ ကျေးရွာများတွင် အတည်တကျ နေရာချထားပေးကြောင်း” စစ်တွေဂေးဇတ် (Akyab Gazette) တွင် ရေးသားထားသည်။၅ မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဋ္ဌ ဖြစ်ခဲ့သော ဗိုလ်မှူးဘရှင်ကလည်း- မြန်မာနိုင်ငံ ပင်လယ် ဆိပ်ခံမြို့များဖြစ်သော ကျောက်ဖြူ၊ ပုသိမ်၊ သန်လျင်၊ မုတ္တမ၊ မြိတ် စသည်တို့တွင် အလားတူ သင်္ဘောများ ပျက်ပြားခြင်းဆိုင်ရာ အကြာင်းအရာများ အချိန်ကာလ စောစွာကပင် ရှိခဲ့ကြောင်း၊ မွန်-မြန်မာ ရာဇ၀င်များနှင့် အချို့ သော ဘုရားသမိုင်းများတွင် သင်္ဘောပျက် စစ်သား များအကြာင်း ရေးသားထားသည်ကို တွေ့ရှိရကြောင်း – ၁၉၆၁ -ခု နှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပခဲ့ သော အာရှသမိုင်း နှီးနှောဖလှယ်ပွဲတွင် တင်ပြသော “မြန်မာနိုင်ငံ သို့ အစ္စလာမ်သာသနာဝင်များ ၀င်ရောက် လာပုံ (အေဒီ ၁ရ၀၀)” စာတမ်းတွင် ရေးသားထားပါသည်။

( 6)

မြောက်ဦးမြို့၏ထူးခြားချက်ကား ကုလားမွတ်ဆလင်များနေခြင်းဖြစ်သည်။ဤသို့ဖြစ်ရခြင်း ကလည်း အ ဆန်း မဟုတ်ပေ။ ဒုတိယမြောက်ဦးခေတ်တွင် ဘင်္ဂလား ၁၂ ပြည်နယ်ကို ပြန်လည် တိုက် ခိုက် သိမ်း ပိုက် ရာ`၌ စစ်သူကြီးဓမ္မဇေယျသည်ကုလားပြည်မှ ကုလား ဘုရင်နှင့်တကွ သုံ့ပန်းတို့ကို ဖမ်းဆီး ခဲ့ရာတွင် ကုလား (၁၀၀၀၀) ကို ဆင်စာမြင်း စာရိတ် အစု၊ကုလား(၂၀၀၀) ကို ဝါးခုတ်၊သစ်ခုတ် အစု၊ ကုလား (၁၀၀၀) ကိုလယ်လုပ်၊ ကုလား (၁၀၀၀၀) ကိုဟင်းသီးဟင်ရွက်၊ငရုတ်၊ကြက် သွန်၊ကွမ်း ဆက်အဖွဲ့ အစု ကုလား (၂၀၀၀) မိဖုရား၊သားတော်၊ သမီးတော်များ၊ အိမ် ၌ ရေခပ်၊ထင်းခွဲ၊ ကုလား (၂၀၀၀) လေးကိုင်းစစ်သည်၊ကုလား (၁၀၀၀) ရက်ကန်းရက် ၊ကုလား (၁၀၀၀) ယာဉ်ထမ်း၊ ကုလား(၁၀၀၀) ဆားချက်၊ ကုလား(၁၀၀၀)မြို့တွင်းမြို့ပြင်အမှိုက်ကျုံး၊ သန်ရှင်းရေး စသည်ဖြင့် ကုလားစုစုပေါင်း (၄၇၅၀၀) ဦး ဖမ်းဆီးလာကာတာဝန်ခွဲဝေ အပ် နှင်း ပေးခဲ့ သည်ဟုရေးသားဖေါ်ပြ ထားသည်။(စာ ၂၅၇-၂၅၈)
(ကိုးကား ။ ။ကစ္စပနဒီမှ ဓညဝတီသစ္စာ – ၂၀၀၈ ခု၊စာပေဗိမာန်ဆုရ စာအုပ်)
(သုတပဒေသာ – ဝိဇ္ဇာ)ဆုရ။ ပထမအကြိမ် ထုတ်ဝေသည့်ခုနှစ် ၂၀၁၀ ဇန္နဝါရီလ။
(စာရေးသူ ကလောင်အမည် မောင်မိုးယံ ၊ မူရင်းအမည် ဗိုလ်မှူးမျို့သန့်(ငြိမ်း)။
စာပေဗိမာန် စာတည်းမှူးက မှတ်ပုံအမှတ် ၀၇၄၉၂ ဖြင့် ပုံနှိပ်၍ မှတ်ပုံတင်အမှတ် ၀၃၉၁၁ ဖြင့်ထုတ်ဝေသည်။)

( 7 )
ရမ်းဗြဲ တောင်ကျောင်းဆရာတော် ရေး ရခိုင်ရာဇဝင်သစ် ပထမအုပ်စတုတ္ထတွဲ ၊ စာမျက်နှာ ၃၅၁/ ၃၅၂/ ၃၅၃ တို့ တွင်ငနှလုံမင်း(၁၂၃၄ – ၁၂၃၇)လက်ထက် ကုလားပြာည်ကိုစစ်ထိုး
ရာ သုံ့ပန်းအဖြစ် (၄၇၅၀၀) ဦး ခေါ်လာပြီး မင်းသုံး၊မိဖုရားသုံး၊ မင်းသားသုံး၊ မင်းသမီးသုံး မှူးမတ်သုံး အတွက် အသီးသီး အစုနှင့် ခွဲတော်မူသည်။ ဤကားဓညဝတီအရေးတော်ပုံ`၌ ပါသောငနှလုံမင်း အကြောင်း တည်းဟု ရေးသားဖေါ်ပြထားသည်။
(ရမ်းဗြဲ တောင်ကျောင်းဆရာတော် ရေး ရခိုင်ရာဇဝင်သစ် ပထမအုပ်စတုတ္ထတွဲ ၊ စာမျက်နှာ ၃၅၁/ ၃၅၂/ ၃၅၃)

( 8 )
Francois Bernier ၏မှတ်တမ်းနှင့် Father Delaunoite ၏ Catholic encyclopedia အရ ၁၆၂၁ မှ ၁၆၂၄ ခှုနှစ်အတွင်း ဖမ်းဆီးခေါ်ဆောင်လာသူများမှာ (၄၂၀၀၀) လေးသောင်း နှစ်ထောင် ရှိ သည်ဟု ဆို၏ ဆာအာသာဖယ်ယာက ဖမ်းဆီးခေါ်ဆောင်လာသူ ဦးရေးသည် ရခိုင်ပြည် စုစုပေါင်း လူဦး ရေး၏ ၁၅ % ရှိသည် ဟု ဆိုထားသည်။ ရခိုင်ဘုရင် ကထိုဖမ်းဆီးယူလာ သောလူထဲတွင် အတတ် ပညာ ရှင် ဖြစ် သူ လေးပုံတစ်ပုံ ခန့်ကိုယူ ထားပြီး ကျန်လူများကို တစ်ဦး လျှင် (20 Rs မှ 70 Rs ဖြင့် )ဈေးတင်ရောင်း ချ ခဲ့သည်။ ထိုဖမ်းဆီးကျွန်များကို လက်ဖဝါးဖေါက်ပြီး ကြိမ်လုံးဖြင့် ချည်နှောင်ကာ ကြက်၊ငှက် ကဲ့ သို့ သင်္ဘော ကုန်တွင်း ထဲ ထည့်သွင်းပြီး သယ်ဆောင် လာခဲ့သည်ဟုဆို၏။(Harvey,Outlineof Burmese History Page, 94 )

( 9 )
(က)- မင်းဘာကြီး ခရစ်ဝက္ကရာဇ်(၁၅၃၁ – ၁၅၅၃) နှင့် မင်းရာဇကြီးတို့ လက်ထက် က သောင်းထီး ကျွန်းမှ ကုလားလေးထောင်စီ ဖမ်းဆီးခေါ်လာခဲ့ကြောင်း၊ မင်းရာဇာ ပဲခူးသို့ စစ်ချီခဲ့ ရာတွင် ကုလား မွတ်ဆလင် သူရဲကောင်း ၅၀၀၀၀ (ငါးသောင်း)သားတော် အိမ်ရှေ့ မင်းသား မင်းခ မောင်း ပိုမော်တင် ချောင်း၊ သံလျှင်မြို့သို့ စစ်ချီလေသည်ဟု ပါရှိသည်။မောရစ်ကော လစ် ရေး ဒုတိယတွဲ စာမျက်နှာ ၁၂ တွင် (ထို့ကြောင်းရခိုင်ပြည် သည် ပထမနှစ် (၁၀၀၀) အတွင်းကုလားမင်းများအဆက်ဆက် အုပ်ချုပ်ခဲ့သည်) ဟူ၍လည်းကာင်း၊စာမျက်နှာ (၁၃) တွင် ခရစ် ၉၅၇ ခှုစ် နောက်ပိုင်းတွင်ရခိုင်ရာဇဝင် စတင်ခဲ့တောသည် ) ဟု လည်းကောင်း စံရွှေပု ကဆိုသည်ဟူ၍ လည်းကောင်း၊ စာမျက်နှာ ၂၁ တွင် ခရစ်နှစ် ၉၅၇ မတိုင်မီကရခိုင်ပြည်သည် ကုလား ပြည် တစ်ပြည်ဖြစ်ခဲ့ သည်ကတော မှန်ပေ၏ ဟူ၍ လည်းကောင်း – စသည်ဖြင့် ဖေါ်ပြထားသည် ။ရခိုင်ပြည်ကို ဟိန္ဒူဘာသာဝင်များ က အေဒီ ၁ ရာစုမှ ၁၁ ရာစု အထိ နှစ်ပေါင်း (၁၀၀၀) ကျော်စိုးမိုး အုပ်ချုပ်ခဲ့သည်ဟု ရေးသားထားသည်။

(ခ) – အထက်ပါစာအုပ်၏နောက်တစ်နေရာတွင် တရံရောအခါ စစ်တွေကျွးန်ကုလားတို့ကို ဓါးပိုင် ကြီး သောက်ကြယ်က ခေါ်၍ ဆုလာဘ်ပေးကြောင်း ၊မင်းမသိအမတ် မြို့သစ်စား ရွှေသဲ သိစေလျှင် ထို အကြောင်း ကိုလျှေက်ထား လေသော် ဟုပါရှိရာ (ပြည့်ရှင်မင်းမဟာရာဇာ လက်ထက်) စစ်တွေမှာ ထိုစဉ် ကပင် ကုလားမွတ်ဆလင်များ ရှိနေကြောင်းထင်ရှားနေသည်။
ရခိုင်အမျိုးသားစာရေးဆရာများ၏အထက်ပါမှတ်တမ်းများအရ ထိုစဉ်က မူဆလင် ဦးရေ အများ အပြားရှိသည်ကိုခန့်မှန်း နိုင်သည်။ ဤ အရပ်ရပ် မူဆလင်များသည် ရှူးဂျား မင်းသား ၁၆၆၀ ခုနှစ်ရခိုင် သို့ခိုလှုံလာသည့် ကာလ ထက်အချိန်ကာလ အားဖြင့် စော နေသည်ကိုတွေ့ ရ သည်။ရခိုင်ဘုရငသည် လေးသညတော် (ကမန်)တပ်ဖွဲ့ဝင် ရှားရှူးဂျား မင်းသား နောက် လိုက်များ ထက်ရှေးကျသူများဖြစ် သည်ရခိုင်ဒေသတွင်ဗုဒ္ဓဘာသာဝင်တစ်ချို့အစ္စလာမ်ဘာသာ သို့ကူးပြောင်းခဲ့သည်ဟုဓညဝတီဆရာ တော် ဦးညာဏ၏ရခိုင်ရာဇဝင်ဒုတိယတွဲ စာမျက်နှာ (၁၆၁- ၁၆၂) `၌လည်း ကောင်း၊ ဦးကြည် မြန်မာ သမိုင်း စာမျက်နှာ (၁၆၀ )`၌လည်းကောင်း ဦးလှထွန်းဖြူ ၏ ငွေစကားရည်လုပွဲစာအုပ် စာမျက်နှာ (၄၇) တွင် လည်း ကောင်းရေးသား ဖေါ်ပြထားသည် ကိုတွေ့ရှိရသည်။

( 10 )
Maurice Collis ရေးသော The Land Of the Great Image အား ဦးလှဒင်က ရွှေရတနာ မြေ အမည်ဖြင်ပြန်ဆို ရေးသာဘာသာပြန်ဆုရစာအုပ်၏ စာမျက်နှာ (၁၉၁) တွင် အေဒီ ၆၃၀ ခုနှစ် က ရခိုင်ပြည် သည် အိန္ဒိယနိုင်ငံအတွင်း ပါဝင်ခဲ့၍ နေထိုင်သောလူမျိုးများမှလည်း ဘင်္ဂလား ပြည် မှလူမျိုး များ နှင့်အသွင် တူကြ သည်။ ထိုနည်းတူဟိန္ဒူဗုဒ္ဓဘာသာနှင့်ဗုဒ္ဓဘာသာ နှစ်မျိုး စလုံးပြိုင်တူထွန်းကားခဲ့ သည့်အထောက် အ ထား များ ရှိသည်ဟုဖေါ်ပြသည်။အိန္ဒိယ တိုက် ငယ်တွင်အထူးသဖြင့်ပါကိစ္စတန်နှင့်ဘင်္ဂလားနယ်တွင် ဟိန္ဒူဘာသာဝင် အများစုသည် အစ္စလာမ်ဘာသာသို့ကူးပြောင်းကိုးကွယ်ရာဘင်္ဂလားပြည်နယ်နှင်ဆက်စပ်လျက်ရှိသောရခိုင်ပြည်`၌လည်းမြောက်ပိုင်း`၌လည်းရခိုင်လူမျိုးဟိန္ဒူဘာသာဝင်အများစုမှာအစ္စဘာသာသို့ကူးပြောင်းကိုး ကွယ် လာကြသည်။ ထိုသူများမှာရိုဟင်ဂျာများဖြစ်သည်။ တစ်ချိန်ကပြည်သည် ဘင်္ဂလားသစ္စာတော် ခံအဖြစ်လည်းကောင်း၊ဘင်္ဂလား(၁၂)မြို့ခေါ် ဘင်္ဂလား ဒေသ သည်ရခိုင် ပြည်၏ အင်ပါယာ အဖြစ် သို့လည်းကောင်း အပြန်အလှန်ကျရောက် ခဲ့ကြကြောင်း History Of Burma နှင့်သမိုင်းစာအုပ်များ တွင်ဖေါ်ပြထား သည်ကိုတွေ့ရသည်။

( 11 )
(က)- ၁၄၀၄-ခု လေးမြို့ခေတ်၌ မင်းစောမွန် ဘုရင်လက်ထက် ရခိုင့်ဘုရင့်နိုင်ငံတော်ကိုဗမာ ဘုရင် သိမ်း ပိုက် သဖြင့် ရခိုင်ဘုရင် မင်းစောမွန်သည် ဘင်္ဂလားဒေသ ရှိ ဂေါလ်ဒေသသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ ဂေါလ်ကကောင်းမွန်စွာလက်ခံခဲ့သည်။ ဘင်္ဂလား ဂေါလ် ဆူလတန် ဘုရင်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို အရယူခဲ့ရသည်။ အေဒီ ၁၄၃၀-တွင် မြောက်ဦးမြို့ တည် ၍ မြောက် ဦးခေတ် ကို စတင် တည်ထောင်ခဲ့ပါသည်။
(ခ) – မြောက်ဦးခေတ်တွင် ရခိုင့် တပ်မတော်၌ အာရဗ်မှစစ် သည်တော်များ၊ ဥရောပ မှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါ အမှုတော် တမ်းခဲ့သည်ကိုတွေ့ရှိရ သည်။ ယင်းအာရပ်မှစစ် သည်တော် မျိုးဆက် အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်း ကျင်တွင် နေထိုင်ကြ ပါသည်။ ယင်းတို့ကို ရခိုင်တို့က ကမန်ဟု ခေါ်ဝေါ်ပြီး ရခိုင်ပြည်၌ တိုင်းရင်း သား မျိုးနွယ်စု အဖြစ်အသိ အမှတ်ပြု ထား ပါသည်။ယင်းမူဆလင် ဘာသာဝင် ကမန်တို့ သည် ရခိုင်ပြည် ၌ ပြဿနာ ဖန်တီးခြင်း၊ ရခိုင်တို့နှင့် ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေးအဓိက ရုဏ်း ဖန်တီးခြင်းမျိုးကို လုံးဝပြု လုပ်ခြင်း မရှိဘဲ၊ ရခိုင်ပြည် နှင့်ရခိုင် လူမျိုး အပေါ် သစ္စာ ရှိရှိဖြင့် ရခိုင်တို့နှင့် အေးအတူပူအမျှ ငြိမ်းချမ်း စွာ နေထိုင်လာခဲ့ကြသော ကမန် လူမျိုး တစ်မျိုးများရှိသကဲ့သို့ အထက်တွင် ဖေါ်ပြခဲ့သော ဗုဒ္ဓဘာသာမှ အစ္စလာမ် ဘာသာသို့ ကူးပြောင်းကိုးကွယ်ကြသောလူတစ်စု လည်းရှိ နေသေးသည်။

(ဂ)- မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာ ပြန့်နှံ့ပုံကို လေ့လာခဲ့ရာ အေဒီ ၈-ရာစုနှင့် ၁၆-ရာစု အတွင်း ပါရှန်းနှင့် အာရဗ်သင်္ဘောများ ရေကြောင်းသွားလာခြင်းသည် အရှေ့ဖျား ပင်လယ် များ တွင်ပင် လယ်များတွင် လွှမ်းမိုး ခဲ့သည်။၎င်းပြင် မြန်မာနိုင်ငံ၏ ရောင်းဝယ် ရေးစခန်း များသို့ လည်း ပါရှန်နှင့် အာရဗ်ကုန်သည်တို့ အခြေ ချ နေထိုင်ခဲ့သည်။
(ဃ)- အေဒီ ၁၆၆၀ တွင်အိန္ဒိယ ပြည် ၌ ရှာဂျဟန် ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှာရှုဂျာ သည် နောင်တော် သြရန်အဇစ်နှင့်နန်းလုခဲ့ရာ အရေးနိမ့်သဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂-၁၆၈၄) ထံ အကူအညီတောင်း ခိုဝင်လာခဲ့သည်။စန္ဒသုဓမ္မ မင်းအား ကတိ မတည် ဟုဆိုရာ ရှာရှုဂျာက ပုန်ကန် ခဲ့ရာ ရှားရှုဂျား ကျဆုံးခဲ့ပြီး သူ၏ အခြွေအရံများ ကမန်(လေး သည်တော်)တို့အား ရခိုင် ဘုရင်၏ကိုယ်ရံတော် တပ်ဖွဲ့ ခန့်ထားခဲ့သည်။
(င)- စန္ဒ၀ိဇယ (၁၇၁၀-၁၇၃၁)လက်ထက်ကျမှ ထိုကမန်တို့အား နှိပ်ကွပ်ခဲ့သည်။ များစွာ သော ကမန် တို့အား ရမ်းဗြဲကျွန်း၊စစ်တွေအနီး သင်းဂနက်၊ သာယာကုန်းကျေးရွာများသို့ ပို့ထားခဲ့သည်။ ရခိုင် ပြည်နယ် ကမန်မွတ် စလင်မ် တို့အပြင် စစ်တွေမြို့ အရှေ့ပိုင်းဒေသများ၊ ရမ်းဗြဲကျွန်းနှင့် သံတွဲ တစ်ဝိုက်တွင် တိုင်းရင်းသားဖြစ်ကြ သော အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိနေသည်။

(စ) – ၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူ ဘုရင် ပဲခူးကို တိုက် ခိုက်ခဲ့စဉ်တွင်ဖမ်းဆီးရမိသော မွတ်စလင်မ်များ အေဒီ – ၁၅၄၇ီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ ကို ၀င်တိုက် ခဲ့စဉ် နှင့်၁၇၀၇ အေဒီတွင်စနေမင်း၏အရာရှိ များ သံတွဲကို တိုက်ခိုက် ခဲ့စဉ် ဖမ်းဆီးရမိခဲ့ သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက်ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့ စဉ် သန် လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက်မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီး စ အချိန်နှောင်းမှ ရောက် ရှိလာသော သင်္ဘော များမမွတ်စလင် များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌ လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌လည်း ကောင်း၊ ရမည်းသင်းခရိုင်ယင်းတော် တို့၌လည်းကောင်း နေရာချထားခဲ့ ကြောင်းတွေ့ရသည်။

(ဆ) – ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃-ခုနှစ် (၁၈၀၁ အေဒီ) နယုန် လပြည့်ကျော် ၂-ရက်တွင် ရွှေတိုက်ပုရပိုက်မှ ကျောက်တစ်လုံးကို ဗိုလ်မင်းရဲလှ ကျော်ထင် ရေးကူးသော စစ်တမ်း တွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀၇၆ အထိ နန်းစံသော အင်းဝ စနေမင်း လက်ထက်တွင် ရခိုင် ဘက်မှ ၀င် ရောက်လာသောမွတ်စလင် ၃၀၀၀ ကျော်အား မြန်မာ သက္ကရာဇ် ၁၀၇၀ (၁၇၀၉ အေဒီ)တွင် အောက် ဖော်ပြပါ ၁၂-နေရာ ၌ နေရာချထားခဲ့ ကြောင်းတွေ့ရသည်။
(၁) တောင်ငူ (၂) ရမည်းသင်း (၃) ညောင်ရမ်း (၄) ယင်းတော် (၅) မိတ္ထီလာ (၆) ပင်းတလဲ (၇) တဘက်ဆွဲ (၈) ဘောဓိ(၉)သာစည် (၁၀) စည်ပုတ္တရာ (၁၁) မြေဒူး (၁၂) ဒီပဲယင်း စသည်တို့ တွင် ဖြစ်သည်။အ ထက် ဖော်ပြ ပါ အတိုင်း အစ္စလာမ်ဘာသာဝင်တို့သည် အာရဗ်သင်္ဘောများပျက်၍ ၀င်ရောက်နေ ထိုင်ခဲ့ခြင်းဖြင့် လည်းကောင်း၊ အာရဗ်ပါရှန်ကုန်သည်များကူးသန်း ရောင်းဝယ် ရေး စခန်း များ ဖွင့်လှစ်ခဲ့ခြင်းဖြင့်လည်း ကောင်း၊ ရေကြည်ရာ မြက်နုရာ သို့ ရွေှ့ပြောင်းနေထိုင်ခဲ့ခြင်းဖြင့် လည်းကောင်း ပျံ့နှံ့လာခဲ့ကြောင်း သိရှိရသည်။(နဝတ-ဦးစီးထုတ်ဝေသောသာသနာရောထွန်းစေဖို့ – စာအုပ်စာမျက်နှာ ၆၇ )

( 12)
ရခိုင်ဘုရင်များသည် ဗုဒ္ဓဘာသာ ၊ အစ္စလာမ်ဘာသာ ၊မကွဲခြားဘဲမျှမျှတတအုပ်ချုပ်ခြင်း၊ ဘာသာရေးလွပ်လတ်ခွင့်ပေးခြင်း ၊ဘုရင်ကိုယ်တိုင် တိုင်းပြည်စည်းလုံးရေးအတွက် အစ္စလာမ် အမည်ဘွဲ့ ကိုခံယူခြင်း ရှေးရခိုင် ဘုရင်များ၏ အမြော်အမြင်ကြီးမားပုံကိုစံနမူနာ ယူစရာဖြစ် သည် ဟု ဦးကြည်(B.A )ရေးမြန်မာရာဇဝင်သိမှတ်ဖွယ်ရာအဖြာဖြာ ကို ကိုးကား ၍တိုင်းရင်း သား လူမျိုးစု သတင်လွှာက ရေသားဖေါ်ပြထားသည်။

( 13 )
စန္ဒသုဓမ္မရာဇမင်း(၁၆၅၂-၁၆၈၄) လက်ထက်တွင် အိန္ဒိယ မဂိုဧကရာဇ် ရှဂျီဟန်၏ ဒုတိယသား တော် ရှားရှူးဂျားနျင့် အတူ နောက်လိုက်အင်အား(၃၀၀) နှင့် ၁၆၆၀ ပြည့် ရခိုင်ပြည်သို့ဝင်ရောက် ခိုလှုံကြောင်း ရခိုင် သမိုင်း၊မြန်မာ သမိုင်း၊ကမ္ဘာ့သမိုင်း တို့တွင် တွေ့ရှိရသည်။

(14 )
၁၆၆၈ ခုနှစ် မြောက်ဦးမြို့တွင် ရှားရှူးဂျားဗလီကြီးကို တည်ဆောက်ထားသည်ကို ယနေ့တိုင် တွေ့မြင်ရသော ရှေးခေ တ် ကပင်မွတ်ဆလင်များ ရှိနေကြောင်းသမိုင်း အထောက်ဖြစ်သည်။( အမှတ်စဉ် – ၅၆ – ကု ရှု )

(15)
ရခိုင် သမိုင်ဆရာဦးစံရွှေပုက ဘင်္ဂလားဒေရှ် နှင့် ရခိုင်ဒေသသည် နယ်စပ်ချင်းဆက် စပ်နေ၍ ရခိုင်ဘက်တွင် အစ္စလာမ်သာရှိနေခြင်းကို သံသယပွါးမရှိဟုသုံးသပ်ဖေါ်ပြထားသည်။

(16)
AD ၇၀၀ ကျော်မှာ ရခိုင်ပြည်ရမ်းဗြဲ(ရမ္မာဝတီ) ကျွန်းတဝိုက် အာရဗ်သဘောင်္များ လေမုန် တိုင်းပြီးပျက်စီးသွားရာ အာရဗ်ျွါတ်ဆလင်များသည် ရမ်းဗြဲ ကျွန်းအခြေချ နေခဲ့သည် ဖေါ်ပြသည်။ (၁၉၅၇ ခုနှစ် ထုတ် Burmese GezetteerVol. 1 , District- P-19)

(17)
ကဝိဿရ ဘိ သီရိဝရ အဂ္ဂမဟာ ဓမ္မရာဇဝိရာဇ် ဂုရု ရခိုင်ဆရာတော်ဘုရား ပြုစုရေးသားသော ဓညဝတီ အရေးတော်ပုံစာအုပ်တွင် မူဿလံလူမျိုးဆိုပြီး ယခုအခေါ် မူဆလ်မံ ၊ ( ဆ ) နေရာတွင် ( ဿ ) ရေးသားထားကြောင်းတွေ့ရသည်။ ၁၉၃၉ ခုနှစ် ဇူလိုင်၊ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ဆရာဘိုးချယ် (ဆရာချယ်၊ပါတီဒီမို ကရေစအထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်) ရေးသော ဗမာမွတ် ဆလင် တို့၏ ရှေးဟောင်အတ္ထုပ္ပတ္တိ စာအုပ် စာမျက် နှာ (၁၆) တွင်၁၈၇၉ ခုနှစ် ထုတ်ဗြိတိသျှဂေတိယ အရရမ်းဇြဲကျွန်းအနီး`၌ပျက်စီးသော အာရဗ် သဘောင်္သား မွတ်ဆလင်များ ထိုအချိန်မှစ၍ ရမ်းဗြဲကျွန်းတွင် အတည်တကျ နေထိုင်ဖေါ်ပြထားသည်။

(18)
မြန်မာနိုင်ငံရှေးဟောင်းသုတေသနမှူး ဂျာမန်လူမျိုးပညာရှင် ရန်ကုန်ကောလိပ်ပါမောက္ခ အာမိလ် ဖိုခင်ဖါ( Emil Forchamfer )၏ ရခိုင်ရှေးဟောင် လက်ရာအစီရင်ခံစာ(၁၈၉၂)ခုနှစ် ၊ ဓါတ်ပုံ ၆၈ (၄၂) ၊ စာမျက်ျနှာ ၆၀`၌ထင်ရှားကြီးကျယ်သော မွတ်ဆလင်သူတော်စင် ဗုဒ္ဒေါရေ အော်လီယာ(Budder Auliah )ကိုရည်မှန်းပြီး ဗုဒေါရ်မုကာန်(စစ်တွေ) အားခရစ်နှစ် ၁၇၅၆ ခုနှစ်တွင် တည်ဆောက် ထားသည်။

(19)
ရခိုင်ဒုတိယအရေးပိုင် Deputy Commissioner Col: Nelson Devies ၏မှတ်တမ်းအရ ၁၇၃၆ ခုနှစ် တွင်စစ်တကောင်းမှစစ်တွေသို့ မာနိခ်ျ နှင့်ကျန်ညီနောင် ရောက်ရှိကြောင်းကို ဖေါ်ပြ ထား သည် ။
(ခ) – ၁၆၆၈ ခုနှစ် မင်းပြားမြို့နယ် ၊ပန်မြောင်းရွာတွင် အာလောင်မ် လောန်ကာ ဗလီ ၊ ကန်ကြီ (၁၂) ရွာ ကိုတည်ဆောက်ထားကြောင်း တွေ့ရသည်။(ရုပ်ရှင်တေးကဗျာ ရသ စုံ မဂ္ဂဇင်း ၊ သန်းထွန်း(သမိုင်းပညာရှင်)

(20)
၁၆၆၈ ခု၊နှစ် မင်းပြားမြို့နယ်၊ပန်းမြောင်းရွာတွင် အာလောင်မ် လောန်ကာဗလီ ၊ကန်ကြီး (၁၂) ရွာကိုတည်ဆောက်ထားတွေ့ရသည်။

(21)
အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ ပုဂံခေတ်အစောပိုင်း ကာလကပင်ရောက်ရှိခဲ့သည်။ ‘အစ္စလာမ် ဘာသာသည်ခရစ်ယာန်ထက်စောပြီး မြန်မာပြည်သို့ ရောက်ရှိခဲ့သည်ဟု ယူဆနိုင်သည်။ ပုဂံ ကျောက် စာ အချို့တွင် ”ပန်သိယ်”” ပ သည်” ဟုရေးသားထား သဖြင့် ပုဂံခေတ် ကပင် အစ္စလာမ် ဘာသာဝင် များရှိလိမ့်မည်ဟု ဆိုနိုင်ပေသည်။
[ဒေါ်တင့်စိန်၊ကုန်းဘောင်ခေတ်ယဉ်ကျေးမှုနိဒါန်း၊ တက္ကသိုလ်ပညာ ပဒေသာ စာစောင်၊ ရန်ကုန်၊ တက္ကသိုလ် များပုံနှိပ်တိုက်၊အတွဲ၃၊အပိုင်း၎၊စာ-၇၅၊၁၉၇၃၊ဇူလိုင်။]

(22)
ထိုအဆိုကို ခိုင်မာစေသည့် အထောက်အထားတစ်ရပ်ကိုလည်း ဤသို့တွေ့ရှိရပါ သည်။ ‘ပုဂံခေတ်၏ အစောပိုင်းကာလပိတ်သုံမင်း(အေဒီ ၆၅၂-၆၆၀)လက်ထက်တွင် အာရပ်လူမျိုး ကုန်သည် တို့သည် သထုံ၊ မုတ္တမအစရှိသော ဆိပ်ကမ်း မြို့များသို့ရောက်ရှိလာခဲ့ကြသည်။ အာရပ်သင်္ဘော များ သည် အနောက်ဘက် မဒဂတ်စကားကျွန်းမှ အရှေ့အိန္ဒိယကျွန်းစုများနှင့် တရုတ်ပြည်အထိ သွားလာ လျက် မြန်မာ ပြည်သို့လည်း ၀င်ထွက်ခြင်းပြုခဲ့ကြသည်။
[ဦးကြည် (ဘီအေ) ရာဇ၀င်ဂုဏ်ထူး၊ မြန်မာရာဇ၀င်သိအပ်ဖွယ်ရာအဖြာဖြာ၊ စာ-၈၁-၈၃၊ မန္တလေး၊ပိဋကတ်တော်ပြန့်ပွားရေး၊၁၉၅၀။]

(23)
(က)- ပုဂံခေတ်တွင် မြန်မာမှုပြု အစ္စလာမ်စာပေဟူ၍ သီးခြားမတွေ့ရပါ။ မြန်မာနိုင်ငံသို့ အစ္စလာမ် သာသနာသည်ပုဂံခေတ်ကပင် စတင်ရောက်ရှိနေပြီ ဖြစ်သောကြောင့် အစ္စလာမ်စာပေများ လည်း ရောက်ရှိလာနိုင်သည်။ ပုဂံခေတ် မြန်မာစာပေ တွင်’ကျောက်စာ ‘ များကိုသာ အများ ဆုံးတွေ့ရသည်။ ကမ္ဘာပေါ်တွင် ကျောက်စာရေး ထိုးသည့်အလေ့အထကို အီဂျစ်လူမျိုးများက စတင်သည်။ အီဂျစ်နှင့်အခြားမြေထဲပင်လယ်ဒေသများတွင် တွေ့ရသည့် ကျောက်စာများမှာ ရှေးအကျဆုံးဖြစ်သည်။ ပုဂံခေတ်၌ပင် အရဗီဘာသာနှင့် ရေးထိုးထားသော ကျောက်စာ များရှိသည်ဟု သိရှိသည်။( အမှတ်စဉ် -၂၁ – ကိုကြည့် )

(ခ)- ၁၉၆၉ ခုနှစ်ကစစ်တွေခရိုင် မြို့ဟောင်းမြို့(မြောက်ဦးမြို့)နန်းရာကုန်း အရှေ့ဘက် သရက်အုပ် ရွာမှရသော အလျား၃ပေခွဲ၊အနံ ၂ပေ၊ စာကြောင်းရေ ၈ ကြောင်းပါ သည့်ရှေး ဟောင်းပါရှားနှင့် အူရ်ဒူဘာသာစာ ရောပြွန်းရေးထိုးထားသော ကျောက်စာတစ်ချပ်ကို တွေ့ရ သည်။ ရှေးရခိုင် မင်း လက်ထက် က ရွှေချိန် ၂၃တန် ပိဿာ၁၄၂၉၁ ကို မြှုပ်နှံ သည့်အခါ ရေးထိုးခဲ့သည့် ကျောက်စာဟု သိရသည်။
(၂၉-၁၁-၆၉ နေ့ထုတ် ဗိုလ်တထောင်သတင်းစာ စာ-၅)ထိုအချက် ကို အထောက် အထားပြု ၍ မြန်မာနိုင်ငံ ၌ ရှေးခေတ်ဘုရင်မင်းများ အုပ်စိုးစဉ်က အရဗီ၊ ပါရှား၊ အူရဒူကျောက် စာများရှိလိမ့်မည်ဟု ခန့်မှန်း နိုင်သည်။
မန္တလေးမြို့ရှိ ပန်းသေး ဗလီ

မန္တလေးမြို့ရှိ ပန်းသေး ဗလီ

(24)
ပုဂံကျောက်စာအချို့တွင် ပသီ၊ ပန်းသေး ဟူသော ဝေါဟာရများကိုတွေ့ရသည်။ သာဓက အားဖြင့် ‘သ္မီ မြက်ရ ပသီ’သက္ကရာဇ် ၅၈၅ခုထိုး၊ မင်းအနန္တသူ (လေးမျက်နှာဘုရား) ကျောက် စာ ကြောင်းရေ ၃၉-၄၀)’ငီ ငာ ပန်သိယ် ၁’ သက္ကရာဇ်၆၀၄ ခုထိုး၊ ညောင်ရမ်းမင်းကြီးသမီး (အိမ်ရာကျောင်းကျောက်စာ) တောင်ဖက်ကျောက်ချပ်၊ စာကြောင်းရေ ၅) တို့ဖြစ်သည်။ အစ္စလာမ်ဘာသာဝင်များကို ရည်ညွှန်း ခေါ်ဆိုသည့် လူမျိုးအခေါ်အဝေါ်များ ကို ကျောက်စာ များတွင် တွေ့ရှိရသည်ကိုအထောက်အထားပြ၍ အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ ပုဂံခေတ်ကပင် စတင်ရောက်ရှိနေပြီဟု အခိုင်အမာ ဆိုနိုင် ပါသည်။ ပေ၊ ပုရပိုက်တို့ကို စာရေးကိရိယာအဖြစ် ပုဂံခေတ်ကပင် စတင်အသုံးပြုခဲ့မည်ဟု ယုံကြည် ရသောကြောင့် ပေ၊ ပုရပိုက်တွင်ရေးသား ထားသော စာပေများရှိကောင်း ရှိနိုင် မည်ဖြစ် သော်လည်း ရှာဖွေရန် ခဲယဉ်းနေပါသည်။ ထို့ကြောင့်ပုဂံခေတ်တွင် မြန်မာမူပြုအစ္စလာမ်စာပေ မရှိဟု ယတိပြတ် မဆိုသာပါ။

(25)
ကုန်းဘောင်ခေတ် (အေဒီ ၁၇၂၅-၁၈၈၅)တွင် အစ္စလာမ်စာပေ အမြောက်အမြား တွေ့ရှိရ သည်။ ကုန်းဘောင်ခေတ်တွင် ကျမ်းတော်မြတ်ကုရ်အာန်အား မြန်မာဘာသာပြန်ဆိုမှုကို စတင်တွေ့ရှိရသည်။ ကျမ်းမြတ် ကုရ်အာန်သည် ကမ္ဘာ့ကုလသမဂ္ဂ ယူနက်စကို အတွင်းရေးမှူး များ အဖွဲ့ချုပ်က ထုတ်ပြန် ထားသော နိုင်ငံတကာစာပေ၌ အကျော်ကြားအထင်ရှားဆုံး စာအုပ်(၁၀၀)စာရင်း အရ ဘာသာ ရေးကဏ္ဍ၌တစ်အုပ်အပါအ၀င်ဖြစ်သည့် ကမ္ဘာ့ဂန္ထ၀င်စာပေ ကျမ်းတစ်ဆူဖြစ်ပါသည်။
[မောင်ဆုရှင်၊ ဂန္ထ၀င်စာပေဟူသည်၊ ဂန္ထ၀င်စာပေစာတမ်းများ (ပထမတွဲ)၊ စာ-၉၅၊ ရန်ကုန်၊ စာပေဗိမာန်၊၁၉၉၁]

(26)
ကုန်းဘောင်ခေတ်ဦးပိုင်းမှာ ကိုရမ်ကျမ်းကို မြန်မာဘာသာ မပြန်ဆိုရသေး လို့ အာရေဗျ ဘာသာ နဲ့ဖတ်နိုင်အောင် သင်ပေးတယ်။ နောက်ပိုင်းမှာ မြန်မာဘာသာနဲ့ ပြန်ဆိုစေခဲ့တယ်။”[တတိယနှစ် ၀ိဇ္ဇာသင်တန်း (သမိုင်းသာမန်) သမိုင်းဘာသာပို့ချချက်များ၊ စာ-၃၇၊ မြန်မာနိုင်ငံသမိုင်း သင်ရိုး အမှတ်(၃၀၃)အတွဲ(၂)၊ တက္ကသိုလ်စာပေး စာယူသင်တန်း၊ စာစဉ် (၁၁၅) ၁၉၈၇၊ စက်တင်ဘာ]
ထို့ကြောင့် ကုန်းဘောင်ခေတ်ဦးပိုင်းအထိ အစ္စလာမ်ဘာသာဝင်များသည် ကျမ်းမြတ် ကုရ်အာန်ကို အရဗီ ဘာသာနှင့်ပင် လေ့လာခဲ့ကြသည်ဟု ယူဆနိုင်ပါသည်။ ကုန်းဘောင်ခေတ် အမရပူရမြို့တည် နန်းတည်ဘိုးတော် ဘုရားဗဒုံမင်း(သက္ကရာဇ် ၁၁၄၃-၁၁၈၀)လက်ထက်တွင် ကျမ်းမြတ်ကုရ်အာန် မြန်မာပြန်ဆိုမှုကိုစတင် တွေ့ရှိရသည်။ ဘာသာပြန်ဆိုသူ ပညာရှိကြီးမှာ ရွှေတောင်သာဂသူ ဆရာကြီးဦးနုဖြစ်သည်။

(27)
သံတော်ဦးတင်လွှာကျမ်းမှာ သက္ကရာဇ် ၁၁၇၈ ခုနှစ်တွင် ဘိုးတော် ဗဒုံမင်းထံတင်သွင်းသော ကျမ်း ဖြစ်သည်။ ဘိုးတော်ဘုရား(၁၁၄၃-၁၁၈၀)ခုလက်ထက်တွင် သာသနာပေါင်းစုံနှင့် စပ်လျဉ်း ၍ ဘုရင်ဧကရာဇ်က စူးစမ်းမေးမြန်းလေ့လာတော်မူရာတွင် အစ္စလာမ်သာသနာ အတွက် ဦးနုက ရေးသား တင် ဆက်သော အစ္စလာမ်သာသနာလျှောက်စာတမ်း ပင်ဖြစ်ပေ သည်။ [သံတော်ဦးတင်လွှာကျမ်း၊ ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်၏ကျမ်းဦး စကား၊ စာ-(ဈ)၊ အစ္စလာမ်စာ ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၆၀]

(28)
မွတ်စလင် များမြန်မာနိုင်ငံသို့ အဦးဆုံးရောက်ရှိသည့် နေရာနှင့် ကာလ မှာ ပထမမြန်မာနိုင်ငံ တော် ကြီး ဖြစ်သည့် ပုဂံခေတ်ခရစ်သကရာဇ် ၁၀၄၄ ခု ဟု မြန်မာ့ရာဇဝင်များတွင် မှတ်တမ်း တင်ထား သည်။ ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရ သော ဗျတ်မျိုးနွယ်ဝင် အာရပ် သင်္ဘောသား နှစ်ဦး သည် ၎င်းတို့စီးနင်းလာသော သင်္ဘောပျက်ရာမှ ပျဉ်ချပ်တစ်ချပ် ကို အမှီပြု၍ သထုံအနီးရှိ မြန်မာ နိုင်ငံ ကမ်းခြေ တစ်ခုသို့ရောက်ရှိခဲ့သည်။
Ref : (“The Muslims of Burma” A study of a minority Group, by Moshe Yegar, 1972, Otto Harrassowitz. Wiesbaden, page 2, paragraph 3, line 1,2&3 )

(29)
အနော်ရထာမင်းကြီး (ခရစ် ၁၀၄၄-၁၀၇၇) လက်ထက် တွင် မြန်မာမွတ်စလင် စစ်သည် တော်များနှင့်ကိုယ်ရံတော် သက်တော်စောင့် တပ်များလည်း ရှိခဲ့သည်။ မင်းကြီးစွာစော်ကဲ နန်းစံ အုပ်ချုပ်သော မွန်(တလိုင်း) တို့ ၏ မြို့တော်မုတ္တမမြို့ အား အနော်ရထာမင်းကြီး စစ်ပြုတိုက်ခိုက်စဉ် မွတ်စလင် စစ်တပ်အရာရှိ နှစ်ဦးသည် အလွန် ပြင်းပြင်းထန်ထန် ခုခံ ကာကွယ် ခဲ့သည်။(Luce & Tin 1960, pp. 80-81)

(30)
တောင်ပြုန်းရွာသည် ငါးရက် ခန့်စည်ကားသော ပွဲတော်ကြီး ကို နှစ်စဉ် ကျင်းပရာဌာနေ တစ်ခု ဖြစ်လာသည်။ မန္တလေးမြို့မြောက်ဖက်၁၄ ကီလိုမီတာ အကွာရှိ တောင်ပြုန်း ရွာတွင် နတ်ကွန်း ပေါင်း ၇၀၀၀ ခန့်ရှိပြီးနတ်ကွန်း ၂၀၀၀ နီးပါးသည်ရွာ၏ အကျော်ကြားဆုံး မင်းသား ညီနောင်ဖြစ်ကြသည့် ရွှေဖျဉ်းကြီး နှင့် ရွှေဖျဉ်းလေး တို့အား ရည်စူးကိုးကွယ် ထား ခြင်း ဖြစ်သည်။( Various Myanmar History tax-books of Ministry of Education, Myanmar.)

(31)
ယနေ့တိုင် အယုံအကြည်ရှိသူများ သည်နတ်ကွန်း နှင့် ညီနောင်နှစ်ဦးတို့အား ကိုးကွယ်ကြ သည်။ ထို ကိုးကွယ်သူ များသည် မိရိုး ဖလာဗုဒ္ဓဘာသာဝင်များဖြစ်ကြသော်လည်း ဝက်သား ကို ရှောင်ကြသည်။ ယနေ့တိုင် နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲတောင်ပြုန်း ပွဲတော် သို့ သွားရောက်စဉ် ဘတ်စ်ကား (သို့) ကားပေါ်တွင် တစ်ဦးတစ်ယောက် မှဝက်သားကို သယ် ဆောင် သွားခြင်းမပြုရ ဟု ယုံကြည်ကြသည်။ကြေကွဲဖွယ်ရာ ကွပ်မျက်မှု ကို အကြောင်း ခံ သည့် အုပ်ချပ်နှစ်ချပ်စာ နေရာလွတ်ကို ယနေ့တိုင် မြင်တွေ့ရမည်ဖြစ်သည်။
( a b “The Muslims of Burma” A study of a minority Group,
by Moshe Yegar, 1972, Otto Harrassowitz. Wiesbaden.)

(32)
ညီနောင်နှစ်ဦး အား အညှိုးအတေးထားရှိသော သူတို့သည် စေတီ တွင် အုတ်နှစ်ချပ် စာ နေရာ ကို အနော်ရထာ မင်းကြီးမြင်သာစေရန် အလွတ်ထားခဲ့သည်။ အနော်ရ ထာမင်း ကြီးသည် အမှု သွားအမှုလာကို စုံစမ်းကြားနာ စစ်ဆေးေ တာ် မူပြီးနောက် ၎င်းညီနောင်နှစ်ဦး အား အမိန့် တော် မနာခံသည့် ပြစ်ဒဏ်မျှသာပေးရန် ရာဇသတ် ချမှတ်ခဲ့သည်။ သို့ရာတွင် ၎င်းညီနောင် တို့သည် ပြစ်ဒဏ် အစား သတ်ဖြတ် ခြင်းကို ခံခဲ့ရသည်။၎င်းတို့ကို သတ်ဖြတ် ပြီးနောက် အနော်ရထာ မင်း ကြီး၏ ဖောင်တော်သည် ရွေ့လျား ၍ မရပဲ ဖြစ်နေ ခဲ့သည်။ ဤသို့ ဖြစ်ရခြင်းမှာ ရွှေဖျင်းညီ နောင်တို့အား သတ်ဖြတ်ခြင်းကို မလိုလားသော မိတ်ဆွေ မင်းမှုထမ်း တို့၏ အသံတိတ် ဆန္ဒပြ ကန့်ကွက်ခြင်းကြောင့် လည်း ဖြစ်ဖွယ်ရာသည်။ ထိုစဉ်ကတော်ဝင် သင်္ဘောသားတို့ အများစုမှာ မွတ်စလင် များ ဖြစ်ကြသည်။အိန္ဒိယလူမျိုး နန်းတွင်းပညာရှိ ပုဏ္ဏားဖြူ ပုဏ္ဏားမည်း များက ရွှေဖျင်းညီနောင်တို့သည် အနော်ရထာ မင်း ကြီး အားသစ္စ္စာစောင့်သိစွာ အမှုတော် ထမ်း ခဲ့သော် လည်းမတရားသဖြင့် အပြစ်ပေး ခံရပြီး နတ် အဖြစ်သို့ ဘဝ ပြောင်းသွား၍ မကျေနပ် ချက် ကို ဖော်ပြ သည့်အနေဖြင့် တော် ဝင်ဖောင် တော်၏တက်မ ကို ဆွဲကိုင် ထားသောကြောင့် ဖောင်တော်ရွေ့လျားမရ ဖြစ်နေသည်ဟူ၍ လျှောက်တင် ကြသည်။ ထိုသို့လျှောက် တင်ကြ သောအခါ အနော်ရထာမင်းကြီးသည် ရွှေဖျဉ်းညီနောင်နှစ်ဦးအား ရည်စူး၍ နတ်ကွန်း ကြီး တစ် ခု ဆောက်လုပ်စေပြီး လူတို့အား ထိုညီနောင်ကို ကိုးကွယ်ပသ စေသည်။
(Online Burma/Myanmar Library )

(33)
မွတ်စလင် များမြန်မာနိုင်ငံသို့ အဦးဆုံးရောက်ရှိသည့် နေရာနှင့် ကာလ မှာ ပထမမြန်မာနိုင်ငံ တော်ကြီးဖြစ်သည့်ပုဂံခေတ်ခရစ်သက္ကရာဇ် ၁၀၄၄ ခု ဟု မြန်မာ့ရာဇဝင်များတွင် မှတ်တမ်း တင် ထားသည်။ ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရသော ဗျတ်မျိုးနွယ်ဝင်အာရပ် သင်္ဘောသား နှစ်ဦး သည် ၎င်းတို့စီးနင်းလာသော သင်္ဘောပျက်ရာမှ ပျဉ်ချပ်တစ်ချပ်ကို အမှီပြု၍ သထုံ အနီးရှိ မြန်မာနိုင်ငံ ကမ်းခြေ တစ်ခုသို့ရောက်ရှိခဲ့သည်။
(“The Muslims of Burma” A study of a minority Group,
by Moshe Yegar, 1972, Otto Harrassowitz. Wiesbaden, page 2,
paragraph 3, line 1,2&3 )

(34)
ဗျတ် ညီနောင်နှစ်ဦးအကြောင်းဖော်ပြထားသော မြန်မာ့ရာဇဝင် မှတ်တမ်း တစ်ခု တွင်မူ ထိုညီ နောင်သည် ၎င်းတို့ခိုလှုံနေထိုင်ရာ ဘုန်းကြီးကျောင်းရှိ၎င်းတို့အားခိုလှုံခွင့်ပေးခဲ့ သော ဘုန်း ကြီး ဆွမ်းစားရန် စီစဉ် ထားသော ဇော်ဂျီအသေ(ဇော်ဂျီ ရုပ်ကလာပ်) ၏ အသားကို စားပြီး နောက် ဆင်ပြောင်ကြီး တစ်ကောင်မျှ ခွန်အားကို ရရှိခဲ့ သည် ဟု မှတ်တမ်းတင်ဖော်ပြ ထား သည်။ သထုံ ဘုရင်သည် ထိုညီနောင်တို့အား စိုးရိမ်ထိတ်လန့်သဖြင့် အကြီးဖြစ်သူအား၎င်း ၏ ဇနီးမယား ၏အိမ်တွင် အိပ်ပျော်နေခိုက် လုပ်ကြံသတ်ဖြတ် ခဲ့သည်။ညီငယ်ဖြစ်သူ သည် ပုဂံသို့ ထွက်ပြေး လွတ်မြောက်သွားပြီးအနော်ရထာမင်းကြီးအပါးတော်တွင်ဝင် ရောက်ခို လှုံ ခစားခဲ့သည်။သူသည် ပုဂံမြို့ နှင့် မိုင်ပေါင်းအတန်ငယ် ကွာဝေးသော ပုပ္ပါး တောင်သို့ တစ် နေ့ လျှင် ဆယ်ကြိမ် သွား၍ ပန်းများကိုယူလာ ရလေ့ ရှိသည်။ ပုပ္ပါးရှိ မိန်းမပျိုတစ်ဦး နှင့် အကြောင်း ပါ၍ ရွှေဖျင်းညီနောင်ဟု အမည်တွင်ခဲ့သော သားနှစ်ယောက်ထွန်းကားခဲ့သည်။
( Pe Maung Tin and G.H.Luce, The Glass Palace Chronicle of the Kings of Burma)

(35)
အစ္စလာမ်ဘာသာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀)ကျော် (၁၂၀၀) ခန့်ကစ၍ အုပ်စုလိုက်လည်းကောင်း၊ တစ်ဦးချင်းနှစ်ဦးချင်းအားဖြင့်လည်းကောင်းပျံ့နှံ့ဝင် ရောက် ခဲ့ပါ သည်။ သမိုင်း အထောက်အထားများအရ အစ္စလာမ် ဘာသာမြန်မာနိုင်ငံသို့ စတင်ရော က် ရှိ လာ ခဲ့ပုံမှာ ပြည်ပ အစ္စလာမ်သာသနာပြုများက မြန်မာ နိုင် ငံသို့လာရောက်
သာသနာပြု သဖြင့် ရောက် ရှိလာခဲ့ခြင်း မျိုး မဟုတ်ပါ။ မြန်မာနိုင်ငံသို့ အစ္စလာမ်ဘာသာ ရောက်ရှိလာ ပုံနှင့် ပတ်သက်၍အောက် ပါသမိုင်း မှတ်တမ်း အထောက် အထားများ အရ လေ့လာသိရှိပါသည်။ နိုင်ငံတော်အစိုးရကထုတ်ဝေသော(စာမူခွင့်ပြုချက်-၃၄/၉၇(၃)၊ ပထမအကြိမ်ပုံနှိပ်) သောသာသနရောင်ဝါထွန်း စေဖို့ စာအုပ်စာမျက်နှာ (၆၅-၆၈)နှင့်(၇၁-၇၃ )မှ ကူးယူဖေါ်ပြခြင်းဖြစ် ပါသည်။)

(36)
အေဒီ ၁၄-ရာစုနှစ်များအတွင်း စုမားတြား၊ ဂျာဗား၊ မာလာယု ကျွန်းဆွယ်များ မှ တစ်ဆင့် အာရဗ် ကုန်သည်များသည်မြိတ်မြို့သို့ရောက် ရှိနေကြပြီးဖြစ် သည်။ (ဦးခင်မောင်ကြီး မြန်မာပြန်၊ မောရစ်ကော လစ်ရေး Into HiddenBurma စာ-၂ )

(37)
သက္ကရာဇ် ၈-ရာစုအတွင်းက ပုဂံဘုရင်ပိတ်သုံမင်းလက်ထက် သထုံ၊ မုတ္တမဒေသများသို့ အာရဗ် ကုန်သည်များရောက်ရှိဝင်ထွက် သွားလာလေ့ရှိကြောင်း အာရဗ်သင်္ဘောများသည် အနောက်ဘက် ဒမတ်စတကတ် ကျွန်းမှအရှေ့အိန္ဒိယ ကျွန်းစု များနှင့် တရုတ်ပြည်မအထိ အာရဗ်များ ခရီးပေါက်ရောက်ပြီးဖြစ်ကြောင်းဖော်ပြထား သည်။(ဦးကြည်၊ ဘီအေ၊ ရာဇ၀င် ဂုဏ်ထူး ရေး၊ မြန်မာရာဇ၀င် မှသိကောင်းစရာများ၊ စာ ၁၅၆-၁၅၇)

(38)
တပင်ရွှေထီး လက်ထက် သက္ကရာဇ် ၈၉၇ က ဟံသာဝတီသို့ စစ်ချီရာ ပသီကုလား ပန်းသေး တို့ တစ်ဖက်မှ တိုက်ခိုက်ခုခံခြင်း (မှန်နန်းရာဇ၀င်(ဒုတိယတွဲ) စာ ၁၈၆) အရလည်းကောင်း သမိုင်း သုတေသီ ပညာရှင် များ၏ ရေးသားပြုစုထားသော မှတ်တမ်းများအရ အစ္စလာမ် ဘာသာ သည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန့်မှစ၍ရောက်ရှိ အခြေချ နေထိုင် ခဲ့ကြကြောင်း သိရှိရပါသည်။((နဝတ-ဦးစီးထုတ်ဝေသောသာသနာရောထွန်းစေဖို့ – စာအုပ်စာမျက်နှာ ၆၅- ၆၈)၊ အမှတ်စဉ် ၃၅ – ကိုရှု

(39)
ဓမ္မစေတီမင်း ပုသိမ်ကို တိုက်ခိုက်သိမ်းယူပြီးနောက် သူဋေးသူကြွယ်များ၊ကုန်သည်များ ၊ ကု လား ပသီများသည် လက်ဆောင် ပစ္စည်း များဆက်သ ကြသည်ဟု ရာဇဝင်ဟောင်းများ တွင် တွေ့ရကြောင်း ၊ပသီတွင် ကုလားပသီမင်းမျှ အုပ်စိုးရုံမျှမက လူဦးရေအားဖြင့် လည်းအများ အပြား ရှိကြဟန်တူသည်ဟုဆိုထားသည်။ (ဆရာမာဃ၏ ပုသိမ်ရာဇဝင် စာမျက်နှာ ၁၅၇)

(40)
၁၇ ရာစု အလယ်(၁၆၄၇) ခှုစ်တွင် အင်္ဂလိပ်အရှေ့ အိန္ဒိယ ကုမ္ပဏီက မြန်မာနိုင်ငံ`၌ ကုန် တိုက်ဖွင့်၍မွတ်ဆလင်များ မှတဆင့်ကူးသန်းရောင်းဝယ် မှုပြုလုပ်ခဲ့သည်။
(D.G.E. Hall Early English Intercourse with Burma P . 32,Ibid p.25 ,Ibid p. 87)

(41)
အနောက်လွန်မင်းသန်လျင်ကိုအောင်နိုင်ပြီး နောက် ယခင်ပေါ်တူဂီတို့အုပ်စိုးခဲ့ သော ကူးသန်း ရောင်းရောင်းဝယ်ရေးသည် မွတ်ဆလင်လက်သို့ရောက်ရှိသွားသည်။
(Aoyage of Floristhothu Indies p.119)

(42)
၁၇၅၆ ခုနှစ်တွင် သန်လျင်မြို့ကိုအလောင်းဘုရားအောင်တော်မူရာတွင် ဖမ်းစီးသောသုံ့ပန့် များတွင် ကုလားသင်္ဘော ခလာသီများ လည်းပါဝင်သည်။ရန်ကုန် ရောက်ပြီးသွေးသောက်ကြီး ခန့်ရာတွင် ပီယာမဟာမတ် တို့အပါ အစ္စလာမ်ဘာသာဝင် (၂) ဦးပါဝင် သည်ကို တွေ့ရသည်။ (Konbanzet Mahayazawindawgyi (KBZ) Vol.1,p.187)

(43)
အလောင်းဘုရားလက်ထက် အစ္စလာမ်ဘာသာဝင်များကို အရေးကြီးသော ဘုရင့်သက် တော်စောင့်ခန့်ထားသည်သာမက ကုလားပျိုသေနတ်စု ကိုဖွဲ့စည်းသည်။ ၁၇၅၈ ခုနှစ်တွင် ဘုရင့်ကောင်းမှုဌာပနာတော် ထွက်တော်မူခန်း`၌် ကုလားပျိုသေတ် စုများလည်း ပါဝင် သည်။(Konbanzet Mahayazawindawgyi (KBZ) Vol.1,p.254)

(44)
မင်းတုန်းမင်းတရားလက်ထက် တွင်ရွှေ လင်္ကျာတပ်၏ အမှုထမ်းတို့မှာ အစ္စလာမ် ဘာသာဝင်များဖြစ်သည်။(An account of Burmese Published on the centenary of the founding of Mandalay U Ba U p.8 ,(from now be refrrence U Ba U)

(45)
၁၇၆၄ ခုနှစ်တွင် ယိုးဒယားသို့ချီတက်တော်ရမူသောမြန်မာ တပ်များတွင် ကုလားဗိုလ်တပ် တပ်လည်းပါဝင်ခဲ့သည်။(Konbanzet Mahayazawindawgyi (KBZ) 1373)

(46)
ဘိုးတော်ဘုရားနန်းတက်ပြီးစ (၁၇၈၂)ခုတွင်မင်းလောင်း ငမြတ်ဖုန်း ရှမ်းအမျိုးသား တစ် ယောက် သည် လူအင်အား (၂၀၀၀)နှင့် ညဘအချိန်တိတ်တဆိတ် ရွှေနန်းတော် ကို ဝင် ရောက်စီးနင်း ချိန်တွင် ရွှေနန်းတော်တာဝန်ကျဝန်သူ ကုလားပျို အစုလည်း ခုခံတိုက်ခိုက် ခဲ့သည်။ (Ibid 554)

(47)
ဗဒုံမင်းခေါ် ဘိုးတော်ဘုရားသည် (၁၇၈၃) ခှုစ်တွင်အမရပူရ ကိုတည်ထောင်ရာ`၌ အစ္စလာမ်ဘာသာဝင်များလည်းပါဝင်ခဲ့သည်။၎င်းတွင် ကုလားဝန်၊ကုလားစာရေးနှင့်
ရွှေလက်ယာ အစုသားများပါဝင်ခဲ့သည်။(Parabike No.509 , Bernard library)

(48)
တရုတ်ပြည်မွန်ဂိုမင်းဆက်(ယွန်မင်းဆက်) ရာဇ၀င်များအရ တရုတ်ပြည်ယူနန်ပြည်မှ တဆင့်မြန်မာနိုင်ငံသို့အစ္စလာမ်ဘာသာဆက်မိသညိ။ ရောက်ရှိလာသည်။
The Mongol or Yuan Dynasty (1280-1368)

(49)
စိုင်ယဒ်အလ်ရှမ်ရွတ်ဒင်န် သည် ယူနန်ပြည်နယ်ကိုငြိမ်ဝပ်အောင်အုပ်ချုပ်ခဲ့သည်။၎င်း၏သား နဇဥဒ္ဒင် သည်မွန်ဂိုတိုမြန်မာနိုင်ငံကို ပထမအကြိမ်ဝင်ရောက်တိုက်ခိုက်စဉ်( ၁၂၈၅ – ၈၇ ) က မွန်ဂိုတပ်များကိုကွပ်ကဲသော စစ်ဇိုလ်ချုပ်ဖြစ်သည်။
(For the Biographies of the three official see Yunamshih chapter 125 , and for the Mongol invasion of Burma G.H. luce Early Syam . Journal of Siam Society (Vol.xLvi part 2 )

(50)
မွန်ဂိုမင်းလက်ထက် ပုဂံပြည်ကို မွန်တို့က (၃)ကြ၇ိမ် ၀င်ရောက်တိုက်၍ မြန်မာပြည် မြောက် ဖက်တွင် (၁၃၀၃ )ခု အထိ အုပ်ချုပ်ခဲ့သည်။ထိုအချိန်ကပင် အစ္စလာမ်ဘာ သာသည် တရုတ်ပြည် ဖက်မှမြန်မာနိုင်ငံဆက်စပ်မိသည်။
(The Mongol Set up Cheng-mien -Province about Katha and Bhamon
district west of Irrawady river.It was abolished only in 1303 )

(51)
၁၄၂၉ – ခုနှစ်တွင် ရခိုင်ဘုရင်နရမိတ်လှ ကို နန်းတင်ပေးရန် စေလွှတ်ခြင်းခံရသော စစ်ဗိုလ်ချုပ်ဝလီခန် (ဥလုံခင်) သည်နရမိတ်လှကို သစ္စာဖေါက်ပြီး တစ်ျနှစ်ကျော်ဖမ်းစီးချုပ်
နှောင်ထား ကာ စစ်ဗိုလ်ချုပ်ဝလီခန် (ဥလုံခင်) ကရခိုင်ပြည်ကို အစ္စလာမ်တရားဓမ္မ နှင့် အညီ တရားစီရင်ရေးစနစ်ကိုကျင့်သုံးခဲ့သည်။
က- (Bangla District Gezetteer, Chittagong ,Page-63,AD 1798)
ခ – (Harvey Outline of Burmese History , Page-97)

(52)
ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ပါမ္ခောဖြစ်ခဲ့သူ G.H. Luce က ၁၄ ရာစု ချင်းတွင်းမြစ် ကျောက်စာတွင် ရခိုင်မင်းများသည်အိန္ဒိယ ဘွဲ့ အမည်ရှိကြပြီး မူဆလင်များဖြစ်သည် ဟုဆိုထားသည်။ ( ဘုရင် များ သည် မွတ်ဟုတ်မဟုတ် တပ်အပ်သေချာမပြောနိုင်သော်လည်း ပြည်သူထုများတွင် မွတ်ဆလင် ရှိနေသည်မှာ ထင်ရှားသော သာဓကပင်ဖြစ်သည်။)
(G.H Luce . Phases of Pre Pagan Burma, Language History စာအုပ် Page- 95. Oxford University 1985)

(53)
၁၆၆၃ ခုနှစ် ရခိုင်ဘုရင်သုဓမ္မလက်ထက် ဘင်္ဂလားမှ ရခိုင်ဒေသ သို့ခိုလုံလာကြသော ရှားရှူးဂျား၏ နောက်လိုက် များလေးသည်တော် တပ်တွင် သွပ်သွင်းပြီး တစ်လလျှင် လခ ရူပီငွေ 4 Rs ခဲ့သည်။ ကမန် ဆိုသောစကား သည်ပါရှန်စကားဖြစ်၍် (လေး) = Bow ဟုအဓိပ္ပါယ်ရသည်။
၁။ -ကမန်လူမျိုးသမိုင်း ၊ကမန်ဒီကရေစီအဖွဲ့ချုပ် (၁၉၉၀)
၂။- Hla Tun Pru .The Fall of the great Arkanese Empire

(54)
၁၆၆၆ – ခုနှစ်မှ ၁၇၁၀ ထိ ရခိုင်ပြည်၏ နိုင်ငံရေးသည် ကမန်လက်ထဲတွင်ရှိ ၍ ဘုရင်များကို သူတို့ သဘော ဆန္ဒအလျောက်နန်းတင်ခြင်း၊ဖြုတ်ချခြင်းများ ပြုလုပ်နိုင်သည် ထိ ကမန်မွတ် ဆလင်တို့မှာ အင်အား ရှိခဲ့သည်။
(က- Harvey, Outline Burmese History Page 96,97)
(ခ- Moshe Yegar ,The Muslim of Burmese Page 35 )

(55)
အာရဗ်တို့သည် ဂျာဗား၊စုမတြား၊မလက္ကား၊မြန်မာ၊ရခိုင် စသည့် တောင်အာရှ နှင့် အရှေ့တောင်အာရှတွင် ခရစ်သက္ကရာဇ်အစော ပိုင်းမှ၍ ကုန်သွယ်ကိုလိုနီ များထူ ထောင်ခဲ့သည်။
(Nafis Ahamed (P.hd.) Muslim Contribution to the geography, Page 121 )

(56)
ရခိုင်ဘုရင်များသည်ဗုဒ္ဓဘာသာဝင်များဖြစ်သော်လည်းဗြဟ္မဏ၊ခရစ်ယန်၊အစ္စလာမ်
ဘာသာမျာကိုလွတ်လပ်စွာကိုးကွယ်ခွင့်တရားဟောခွင့်ပြုထားကြောင့်၊ဝေသာလီကျောက်
လှေကားနျင့်မြောက်ဦးခေတ်မှစ၍ ခရစ်ယန်နှင့်အစ္စလာမ်ဘာသာ အဆောက်အဦးဆောက် လုပ်ခွင့်ပေးထား သည်ဟုဆိုသည်။ (မဆလ ပါတီဌာနချုပ်၊၁၉၇၆ ဇူလိုင်လ ထုတ် တိုင်းရင်း သားရိုးရာဓလေ့ထုံးစံများ(ရခိုင်)စာမျက်နှာ ၁၄၉၊၁၅၀)

(57)
ဒေလီ အက်ဘာရ် (Akbar) ဘုရင် (၁၅၅၆-၁၆၀၆) သည် အေဒီ ၁၅၇၆ တွင်ဘင်္ဂလားကို အပြီး အပိုင်သိမ်းယူသော အခါဂေါ်ရီပထန်မြောက်များ စွာ တို့သည် ရခိုင်ဒေသ သို့ခိုလှုံ လာကြ သည်။ ရခိုင်ဘုရင်ကလည်း ခိုလှုံလာကြသောပထန်များအား ရက်ရောစွာလက်ခံပြီး ရာထူးနေ ရာ၊မြို့ စား၊နယ်စား ခန့်အပ်ခဲ့သည်။
( Dr. Kanungo ,The History ofChittagong Vol.!, 197 P )

(58)
ပဲခူးမြို့တွင်(၁၆၁၇) `၌ ဆင်မြူရယ် ရှိတ် အနိစ္စရောက်၍၎င်း၏ပစ္စည်းများကို ၎င်းအား ဆက်ခသူံ တောင်းလာမှ ပေးရန် မြန်မာဘုရင်က သိမ်ဆည်းထားသည် ဆိုသော သတင်းကို ပဲခူမြို့မှပြန် လာ သော မွတ်ဆလင်ကုန်သည် များ က အိန္ဒိယ ကုမ္ပဏီ မဆူလီပထန်ရှိ ကုန်တိုက် သို့ အကြောင်း ကြားခဲ့သည်။(ဆိုလိုရင်းမှာ ပဲခူးမြို့တွင်(၁၆၁၇) ခု ကတည်းကမွတ်ဆလင်ရှိ နေ ကြောင်း ထင်ရှားသည်။)
(D.G.Hall Early English Intercourse with Burma p.34 )

(59)
ကျန်စစ်သားမင်းနန်းသစ်တည်ဆောက်ပွဲ`၌ မြန်မာ သီချင်း၊မွန်သီချင်း၊ ကုလားသီချင်းများ သီဆိုကြ ဟန်ရှိသည်။ ပုဂံကျောက်စာတွင်မြန်မာ ပန်တျာ ၊ကုလားပန်တျာ ၊မြန်မာစည်၊ ကုလားစည်၊ မြန်မာ ကခြိယ်သည် ၊ ကုလား ကခြိယ်သည် ဟုရေးထိုးဖေါက်ကြသည်။ ပုဂံကျောက်စာ အထောက် အထားများအရ ကုလားပန်တျာ၊ ကုလားစည်၊ကုလားကခြိယ်များ ကုလားများ၊ ကုလားကျွန်များ ပုဂံခေတ် ပျူမြန်မာနိုင်ငံတွင် နေထိုင်ကြောင်းတွေ့ရသည်။
( ဘုန်းတင့်ကျော်၊ ပိတောက်ပွင့် သစ် ၊အနုပညာမဂ္ဂဇင်း အမှတ်(၁၆) ဖေဖေါ်ဝါရီလ -၂၀၀၈ )

(60)
ကောဇ သက္ကရာဇ် (၆၉၅) ခုတွင် အရှေ့ဘက်ရှိ သက်တို့သည် တောင်စဉ်ကျေးရွာများဖျက်စီး နေသည် ကို ချေမုန်းရန်စစ်ကြော င်းအမျိုးမျိုးခွဲ၍ချီတက်ရာ`၌ အမတ်ကြီး(စနဲ)ပါသောစစ် ကြောင်း ကိုယ်တော် သူရဲ ၂၀၀၀၀ (နှစ်သောင်း) ၊ ကုလား၃၀၀၀၀(သုံးသောင်း) ၊ဘီပေါင်း ၅၀၀၀၀(ငါးသောင်း) နှင့်အတူ မအီလမ်းမှ စစ်ချီတက်သည်ဟု တွေ့ရှိရသည်။
(ရက္ခပူရ ကြေးမုန်ကျမ်း စာမျက်နှာ ၉၇ ၊၉၈ ၊စာမူခွင့်ပြုချက်အမှတ်၃၇၁ / ၂၀၀၄(၇) )

(61)
ကုန်းဘောင်ဆက် စစ်ကိုင်းမြို့စား ဘကြီးတော်မင်း(၁၈၁၉-၁၈၃၇)ခေတ် စစ်သူကြီးမဟာ ဗန္ဓုလဦး ဆောင် တဲ့ ရမူး-ပန်းဝါတိုက်ပွဲမှာ ‘ခန်ဆပ်ဗိုလ်’(၀လီခန်၏ဖခင်) ပါဝင်တဲ့ စစ်သည်တော်(၂၀၀) ကျော် ပါဝင်စေခဲ့သည်။ Ref : ‘ကုန်းဘောင်ခေတ် မဟာရာဇ၀င်’ ဒုတိယတွဲ စာမျက်နှာ(၃၇၇)မှာ တွေ့ရပါတယ်။

(62)
အစ္စလာမ်သာသနာသက်ဝင်ယုံကြည်သူများဝင်ရောက်လာကြခြင်း ၁၇-ရာစုနှစ်များအတွင်း အာရဗ်တွေ ပါရှင်းတွေနှင့် အိန္ဒိယ အနွယ် ၀င်တွေဟာ ဒမတ်စကတ်ကျွန်းမှ တရုတ်ပြည် အထိ ပင်လယ်ရေ ကြောင်းဖြင့် ဖြတ်သန်းသွား လာကြရမှာ မြန်မာနိုင်ငံ မုတ္တမ၊ သထုံ၊ ပုသိမ်ဆိပ်ကမ်းတို့မှာ ဆိုက်ကပ် စခန်းချခဲ့ကြတယ်လို့ သမိုင်းမှာတွေ့ ရပါတယ်။
ထူးခြားမှုများ
ဖြတ်သန်းသွားလာကြတဲ့ အာရဗ်သင်္ဘောတွေထဲက သင်္ဘောတစ်စင်းဟာ ရခိုင်ပြည် ရမ်းဗြဲကျွန်း အနီးမှာ ပျက်ခဲ့ပါ တယ်။ အဲဒီသဘောင်္ာနှင့်ပါလာတဲ့ အာရဗ်တွေ ရမ်းဗြဲကျွန်း(ရမ္မာဝတီ)မှာ အတည် တကျ နေထိုင် ခဲ့ကြသည်။ Ref : (၁၈၉၇) ခုနှစ်ထုတ် ‘ဗြိတိသျှ-ဘားမားဂေဇက်’မှာ တွေ့ရတယ်လို့ ဆရာချယ် ရေး ‘ဗမာမွတ် စလင်မ် တို့၏ ရှေးဟောင်း အတ္ထုပ္ပတ္တိ’ စာအုပ်၊ စာမျက်နှာ(၁၆)မှာ တွေ့ရပါတယ်။

(63)
‘၁၃-ရာစုနှစ်များအတွင်းမှာပဲ ပါရှင်းလူမျိုးတို့က ပုသိမ်မြို့ကို သိမ်းပိုက်ကြပြီး ၁၂-နှစ်တိုင်၊ မင်းသုံးဆက်မင်းလုပ် အုပ်ချုပ် ခဲ့ကြသည်။ Ref : ‘မြန်မာ့စွယ်စုံကျမ်း’ အတွဲ(၆)၊ စာမျက်နှာ(၃၅၀)၊ ‘ရန်ကုန်တက္ကသိုလ် ပုသိမ်ကျောင်း သား များ မဂ္ဂဇင်း’ (၁၉၅၅-၅၆)၊ စာမျက်နှာ(၅)နှင့် စာရေး ဆရာကြီး ဘကြီးဦးမာဃရေး ‘ပုသိမ်ရာဇ၀င်’တို့မှာ တွေ့ရပါတယ်။

(64)
ပုဂံခေတ်အတွင်း နရသီဟပတေ့မင်း(၁၂၅၄-၁၂၈၇)လက်ထက် တရုတ်တို့နှင့်စစ်ဖြစ်ကြရာ ဗိုလ်မှူး နဇရွတ်ဒင် အုပ်ချုပ်ရတဲ့ တာရ်တာရ်စစ်သည်များဟာ ကောင်းစင်မြို့(ယခု ဗန်းမော်မြို့)ကို သိမ်းပိုက် အခြေချနေထိုင် ခဲ့ကြသည်။ Ref : ဦးကြည် (ရာဇ၀င် ဂုဏ်ထူး)ရေး ‘မြန်မာရာဇ၀င်မှ သိမှတ်ဖွယ်ရာ အဖြာဖြာ’ စာအုပ်၊ စာမျက်နှာ(၈၂-၈၃)

(65)
၁၄-ရာစုနှစ်များအတွင်း အာရဗ်ကုန်သည်များက မြိတ်မြို့ကို အသုံးချရာမှ (ယခု-နောက်လယ်ရပ်) လို့ခေါ်တဲ့ နေရာမှာ အခြေ တကျနေထိုင်ခဲ့ကြသည်။ Ref : မောရစ်ကောလစ်ရေး Into Hidden Burma စာအုပ် ဦးခင်မောင်ကြီး ဘာသာပြန် စာမျက် နှာ(၂၁၁)မှာ တွေ့ရပါတယ်။

(66)
၁၇-ရာစုနှစ်များအတွင်း ညောင်းရမ်းခေတ်တွင် အနောက်ဘက်လွန်မင်း(၁၆၁၂-၁၆၂၈)လက်ထက်၌ ငဇင်ကာ နှင့် စစ်ဖြစ်ပွားပြီး သင်္ဘော(၄)စီးပါ အိန္ဒိယစစ်သား(၃၀၀၀)ကျော်ဖမ်းဆီးရမိရာ မွတ်စ လင်မ်များ ပါဝင်ခဲ့သည်။ Ref : ‘မှန်နန်းရာဇ၀င်’ တတိယအတွဲ စာမျက်နှာ(၁၇၂)မှာ တွေ့ရပါ တယ်။

(67)
၁၈-ရာစုနှစ်များအတွင်း အိန္ဒိယပြည်မှ ရခိုင်ပြည်သို့ ၀င်ရောက်လာကြသူများတွင် များစွာသော မွတ်စလင်မ်များ ပါခဲ့ကြောင်း အိန္ဒိယနိုင်ငံ ဒေလီမြို့တွင်ကျင်းပတဲ့ အာရှသမိုင်းဆိုင်ရာကွန်ဂရက်တွင် ဗိုလ်မှူးဘရှင် တင်သွင်း တဲ့ Coming of Islam to Burma Down စာတမ်း စာမျက်နှာ(၆)မှာ တွေ့ရပါတယ်။

(68)
၁၈-ရာစုနှစ်များအတွင်း အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ(၁၇၅၃-၁၇၆၀)လက်ထက်တွင် ဟိုင်းကြီး ကျွန်း ကို ချီတက် တိုက် ခိုက် ရာအောင်မြင်သဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် သုံ့ပန်းများတွင် အစ္စလာမ် သာသနာဝင်များ ပါဝင်ခဲ့သည်။ Ref : ‘ကုန်း ဘောင် ခေတ်မဟာရာဇ၀င်တော်ကြီး’ ပထမတွဲ၊ စာမျက်နှာ (၁၄၄)မှာ တွေ့ရပါတယ်။

(69)
ကုန်းဘောင်မင်းဆက်များအတွင်း ကသည်းတို့နှင့်အကြိမ်ကြိမ်စစ်ဖြစ်ပွားရာမှာလည်း ဖမ်းဆီးရမိတဲ့ သုံ့ပန်းများ၊ ၀င်ရောက် ခိုလှုံသူများ လေးသောင်းကျော်ထဲမှာ အစ္စလာမ်သာသနာဝင်များပါဝင်ခဲ့တာဖြစ်ပါတယ်။ ကသည်း ပြည် တွင် အစ္စလာမ် သာသနာထွန်းကားနေသည်မှာ ၁၂-ရာစုနှစ်များကပင်ဖြစ်သည်။ Ref : ဟာဗေးရေး တဲ့ ‘မြန်မာရာဇ၀င်’

(70)
ညောင်ရမ်းခတ်၊ အနောက်ဘက်လွန်မင်းလက်ထက်(၁၆၁၂-၁၆၂၈)ခုနှစ်များအတွင်း ငဇင်ကာနှင့်စစ်ဖြစ်ရာ ဖမ်းဆီး ခေါ်ဆောင် လာတဲ့ မွတ်စလင်မ်တို့ကို အင်းဝမြို့ရဲ့မြောက်ဘက် မြစ်သာမြို့မှာ လုပ်မြေနေမြေပေးပြီး အတည်တကျ နေထိုင်စေခဲ့တယ်။ မင်းမှုထမ်းစေခဲ့သည်။ Ref : ‘မှန်နန်းရာဇ၀င်’ တတိယတွဲ၊ စာမျက်နှာ(၁၇)မှာ တွေ့ရှိရပါတယ်။ (ဒါ – ပထမအကြိမ်ဖြစ်သည်)

(71)
ညောင်ရမ်း ခေတ် အတွင်းမှာပဲ သာလွန်မင်းတရားကြီး(၁၆၂၈-၁၆၄၆)လက်ထက်မှာ အတည်တကျ လုပ် မြေနေ မြေပေးပြီး နေထိုင်စေခဲ့သည်။ Ref : ဦးဘသန်းရေး ‘ကျောင်းသုံးမြန်မာရာဇ၀င်’စာအုပ်၊ စာမျက်နှာ (၂၇၀)မှာ တွေ့ရပါတယ်။
(ဒါ – ဒုတိယအကြိမ် နှစ်ပေါင်း(၃၇၀)ကျော်ပါသည်။)

(72)
ကုန်းဘောင်ခေတ်ဦးရောက်လာခဲ့အခါ အလောင်းမင်း တရားကြီး ဦးအောင်ဇေယျလက်ထက်(၁၇၅၃-၁၇၆၀) အတွင်းမှာ သန်လျင်ကိုချီတက်တိုက်ခိုက်ရာမှ ရရှိလာတဲ့ အစ္စလာမ်သာသနာဝင်များ၊ အကြိမ်ကြိမ် ကသည်း ပြည် တိုက်ခိုက်ရာမှ ရရှိသူ၊ ၀င်ရောက်ခိုလှုံကြသူ ကသည်းမွတ်စလင်မ် တို့ကို ရှိရင်းစွဲ မွတ်စလင်မ်အစုအဝေးများရှိရာဒေသတို့မှာခွဲခြားနေရာချထားကြောင်း‘ကုန်းဘောင်ဆက်မဟာရာဇ၀င်တော်ကြီး’ ပထမတွဲ၊ စာမျက်နှာ(၂၉၈-၂၉၉)မှာ တွေ့ရပါတယ်။

(73)
ကုန်းဘောင်ခတ်အဆက်ဆက်အတွင်း ဗဒုံမင်းလို့ခေါ်တဲ့ ဘိုးတော်ဦးဝိုင်း(၁၈၇၁-၁၈၁၉)ခေတ်မှာ အစ္စလာမ် သာသနာဝင်တို့ သည် အထက်ပါနေရာဒေသတိှု့မှာအတည်တကျလည်းရှိနေကြပြီးဘုရင့်သစ္စာ တော်ခံများလည်း ဖြစ်ကြတယ်။ ဒေသများမှာ လည်း ပြန့်ကျဲနေထိုင်ကြတယ်။ အဲဒီလူတွေအပေါ်ယုံကြည်ကိုးကွယ်ရာ ဘာသာ တရားအရ ဆုံးဖြတ်ရမယ့်ပြဿနာ တို့လည်းရှိ လာတာကြောင့် ဘာသာတရားဓမ္မနဲ့ဆိုင် တဲ့ဆုံးဖြတ် ချက် တို့ကိုပေးနိုင်ရန် သာသနာ့ပညာရှိကြီးဖြစ်တဲ့ ‘အာဗိရှားဟ်ဟိုစိုင်နီ သခင်ကြီး’ကို အစ္စလာမ်ဓမ္မသတ်မှူးကြီးအဖြစ် ခန့်အပ်တယ်လို့ အမိန့်တော် ပြန်တမ်းထုတ်ခဲ့တယ်။

(74)
အာဗိရှားဟ်ဟိုစိုင်နီတပည့် ငရွှေလူ၊ ငရွှေအေးတို့က အရပ်ရပ်မြို့ရွာများမှာနေသည့် (ရခိုင်ပြည်အပါအ၀င်) ပသီ ကုလားတို့သည် ဘာသာကျမ်းရှိသည့်အတိုင်း အာဗိရှားဟ်ဟိုစိုင်နီတပည့် ငရွှေလူ၊ ငရွှေအေးတို့ပြသရာ နာခံကြစေ”လို့ ၁၁၆၉-ခု၊ တန်ဆောင် မုန်းလပြည့်ကျော်(၃)ရက်၊ ၁၈၇၀-ခု၊ နိုဝင်ဘာလ (၁၇)ရက်နေ့မှာ နာခံတော် ဘယကျော်ထင်တွင် ပြန်သည်လို့ ‘ဘိုးတော် မင်းတရားကြီး၏ ရာဇသတ်ကြီး’စာအုပ် အတွဲ-၄၊ စာမျက်နှာ(၂၇၆)မှာ တွေ့ရပါတယ်။

(75)
အနော်ရထာဘုရင် (၁၀၄၄-၁၀၇၇) ဘုရင်အဖြစ် (၃၃)နှစ်အုပ်ချုပ်ခဲ့ရာ နန်းစံသက်(၁၃)နှစ်အရမှာ မိတ္ထီလာကန် ဆယ်ဖို့ခဲ့တယ်။ ‘ပသီ’လက်နက်ကိုင်တပ်သားတို့ ပါဝင်စေခဲ့တယ်လို့ ဟံသာဝတီဦးဘရင်ရေးတဲ့ ‘မြန်မာ့ယဉ်ကျေးမှုနဲ့ လယ်သမားရေးရာ’စာအုပ် စာမျက်နှာ(၂၅)မှာ တွေ့ရပါတယ်။

(76)
တောင်ငူခေတ်ဖြစ်တဲ့ မင်းခေါင်နော်ရထာလက်ထက် (၁၄၀၁-၁၄၁၂)အတွင်း ဒုတိယအကြိမ် မိတ္ထီ လာကန်ဆည်ဖို့ ပြန်ရာ ‘ပသီ’လက်နက်ကိုင်တပ်သား(၁၀၀၀)၊ ရွေးလက်ျာတပ်သား (၁၀၀၀) လိုက်ပါ ဆည်ဖို့စေခဲ့သည်။ Ref : ‘ကင်းဝန်မင်းကြီး စာပေါင်းစု’စာအုပ်၊ စာမျက်နှာ(၈၆)မှာ တွေ့ရတယ်။ အဲဒီအချိန် ကာလဟာ အတည်တကျနေထိုင်ကြရသေးတဲ့ ကာလ မဟုတ် သေးပါဘူး။

(77)
ကုန်ဘောင်ခေတ် အလောင်းမင်းတရား ဦးအောင်ဇေယျ(၁၇၅၃-၁၇၆၀)လက်ထက် သန်လျင်ကို ချီတက် တိုက်ခိုက်ရာ အောင်မြင် သဖြင့် တပ်မတော်ကို ပြင်ဆင်ဖွဲ့စည်းခဲ့တယ်။ အစ္စလာမ်သာသနာ ၀င် အစု(၂၅၀၀)ကျော်ပါတယ်လို့ ဆိုတယ်။ ‘ဒါဝတ်’ဆိုသူနဲ့ ‘ပီးရ်မာမက်’ဆိုသူတို့ကို သွေးသောက်ကြီး များခန့် အပ်တာဝန်ပေးခဲ့တယ်။ ကိုယ်ရံတော်တပ်မှာ အမှုထမ်း စေခဲ့သည်။ Ref : ‘ကုန်းဘောင် ခေတ် မဟာရာဇ၀င်တော်ကြီး’ပထမတွဲ စာမျက်နှာ(၁၈၅-၁၈၆)

(78)
ကုန်းဘောင်ဆက် စစ်ကိုင်းမြို့စား ဘကြီးတော်မင်း(၁၈၁၉-၁၈၃၇)ခေတ် စစ်သူကြီးမဟာဗန္ဓုလဦးဆောင်တဲ့ ရမူး-ပန်းဝါတိုက်ပွဲ မှာ ‘ခန်ဆပ်ဗိုလ်’(၀လီခန်၏ဖခင်) ပါဝင်တဲ့ စစ်သည်တော်(၂၀၀)ကျော်ပါဝင်စေခဲ့သည်။ Ref : ‘ကုန်းဘောင်ခေတ် မဟာရာဇ၀င်’ ဒုတိယတွဲ စာမျက်နှာ(၃၇၇)မှာ တွေ့ရပါတယ်။

(79)

ရခိုင် ဘုရင် နရမိတ်လှ လက်ထက်ဝန်ကြီးရာထူး၊ စစ်တပ်၊ ရေတပ်၊ ဗိုလ်မှူးရာထူး များ၌ လည်းကောင်း ခန့်အပ်ခြင်းခံရသည့် ပုဂ္ဂိုလ် တို့၏ အစုအဝေးလူမျိုးစုပင်ဖြစ်သည်။မွတ်စလင်မ်စာဆိုတော် စိုင်ယက်ဒ်ရှားအာလ်ဝါလ် (Sayued Shah Al wal) ၏ အဆိုအရ စန္ဒသူဓမ္မဘုရင်၏ နန်းရင်းဝန် ]`မာဂန်´မှာ ရိုဟင်ဂျာလူမျိုး ဖြစ်သကဲ့သို့ ဆိုင်ယက်မုဆာ (Sayed Mussa)၊ မူဂျာဟစ် (Mujaehi နှင့် ဆုလေမန် (Sulaiman)တို့မှာ ရခိုင်နန်းရင်းဝန်ကြီးများ ဖြစ်ကြပြီး အရှရက်ဖ်ခန် (Asharaf Khan) မှာ စန္ဒသုဓမ္မ ဘုရင်၏ စစ်သူကြီးဖြစ်သည်။ Ref : ၁။ – MKရာမန်-ရ ၊ ၂။ – မြ၀တီမဂ္ဂဇင်း၊ ၁၉၆၀-ခု၊ မောင်သံလွင်၏ ရိုဝန်ညာလူမျိုးများ။

(80)
မဇ္စိုမဒေသ အန္ဒိယတိုက်၏ အရှေ့ဘက်ဒေသနေထိုင်သူများကို အနောက်ဘက်ဒေသအခေါ် အဝေါ်ဖြင့် ရွမ်းကိုင်ညာ၊ ရွမ်းသား ဟု ခေါ်ဆိုသကဲ့သို့ ရခိုင်တောင်ပိုင်းသားတို့ကလည်း ရွမ်းကိုင်ညာ၊ ရွမ်းကိုင်ညာ ခေါ်ဆိုကြရာမှ ရိုဟင်ညာ၊ ရိုဟင်ဂျာ ဖြစ်လာ သည်။ “ဘင်္ဂါလီဒေသ၏ အရှေ့ကမ်းရှိ လူ့အစုအဝေး´´ဟု အဓိပ္ပါယ်ရသည်။အချို့က ရွာဟောင်းနေထိုင်ကြသည့် ကျားကဲ့သို့ စွမ်းရည်သတ္တိရှိသည့် လူမျိုး၊ ရွာဟောင်းမှကျား၊ ရွာဟိန်းကျားမှာ ရိုဟင်ဂျာဟု ကောက်ချက်ပြုခဲ့သည်။
ရိုဟင်ဂျာလူမျိုးအား ၁၉၅၄-ခု၊ စက်တင်ဘာလ(၂၅)ရက်၊ ည(၈)နာရီ ၀န်ကြီးချုပ် ဦးနု၏ အသံလွှင့်မိန့်ခွန်းဖြင့် အသိအမှတ်ပြုသကဲ့သို့ ၁၉၆၁-ခု၊ မေလ(၁၅) ရက်မှစတင်ကာ တပတ်(၃)ကြိမ် ရိုဟင်ဂျာ ဘာသာဖြင့် မြန်မာ့အသံမှ အသံလွှင့်ပေးခဲ့သည်။ Ref :၁။ – ဦးကျော်ငြိမ်း၊ မာတလိ၊ နှစ်၃၀ မြန်မာ့အသံ၊ စာမျက်နှာ-၇၁ခိုင် နှင့် မြန်မာပြည်ရှိ မွတ်စလင်မ် လူမျိုးများ ရာဇ၀င်။

(81)

အင်ဒိုအာယိယာန်နှင့် မွန်ဂိုဂျွိုက်တို့မှာဟိမ၀န္တာတောင်၏တောင်ဖက် ကမ္မရုပဒေသ မာဂဒတိုင်း၊ ဂင်္ဂါမြစ်ဝှမ်းဒေသဖြစ်သည့် ဘင်္ဂလားနယ်၊ အရှေ့မြောက်ဒေသမှ ရခိုင်ပြည်ရောက်ရှိကာ ကမန်လူမျိုး အခြေစိုက် နေထိုင်ခဲ့သည်။ Ref :1.E.B.Harell; The History of Aryan Rule in India.page 34; 2.S.K.Chatterji;Ki-Ar-A-yana-Krit. page 22.

(82)
ကမန်လေးလံကိုင် သူရဲကောင်းဟု ပါရှင်းစကားဖြင့် ခေါ်ဝေါ်မှုကို ရခိုင်မူပြု၍ ခေါ်ဆိုပညတ်ထားသည်။မူလက ဟိန္ဒူဘာသာကိုး ကွယ်ရာမှ ဗုဒ္ဓသာသနာနှင့် ထိတွေ့ကာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့ရာမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းကိုးကွယ် ခဲ့ကြသည်။ ရခိုင်ဘုရင်မင်းဘာကြီး(ခ)မင်းဘင်ကြီး(ခ) သီရိ သူရိယာ စန္ဒမဟာဓမ္မရာဇာ၊ ဇဘာရ်ရှား(1531-1553) လက်ထက် ဘင်္ဂလားကြည်း ကြောင်း၊ ရေကြောင်း ချီတက်ရာတွင် ကမန်လေးကိုင် သူရဲကောင်း (၅၀ ၀၀၀) ငါးသောင်းကျော်တို့မှာ လေး၊ လှံ၊ သိုင်း၊ ဓါး၊ သူရဲကောင်းတပ်အဖြစ် ပါဝင်ခဲ့ကြောင်းဖေါ်ပြထားသည်။ Ref : ၁။ – အရှင်ဥက္ကံ-စောမဲကျီစာအုပ်၂။ – ဦးလှထွန်းဖြူ-ရခိုင်ပြည်နယ် တိုင်းရင်းသားလူမျိုးများ- (စာမျက်နှာ-၄၇ )`၌ကမန်သူရဲကောင်း တပ် တွင် ဘင်္ဂလားဘုရင် ဒေါ့ဒါအုပ်၏ အရေးနိမ့်ခဲ့သည့် စစ်သည်များ (၁၅၇၆) နှင့် မဂိုဘုရင် Shah Jahan ၏ သားတော် ရှာရူဂျာ ဘုရင်တပ်မှ စစ်သည်များ (၁၆၃၉) မှ တပ်သားများ၊ ဘာသာရေးအခြေခံတူညီမှုအပေါ် ကမန်သူရဲကောင်း တပ်တွင် ဖြည့်တင်းပေးခဲ့သည်။ကမန်လူမျိုး တို့၏ H Civil Society လူယဉ်လူ့အဖွဲ့အစည်းအဖြစ် နိုင်ငံတော်မှ အသိအမှတ်ပြု ထားသည်။

(83)

ပန်းသေးလူမျိုးများ
ပုဂံကျောက်စာ အနန္တသူ(လေးမျက်နှာဘုရား) အိမ်တော်ရာကျောက်စာ၊ ညောင်းရမ်းကြီးသမီး တောင်ဘက်မျက်နှာကျောက်စာ၊ ပုဂံဆုတောင်းပြည့်ဘုရားကျောက်စာ တို့တွင် ဖော်ပြချက်အရ ပုဂံခေတ်ကပင် ကုန်သည်တော်၊ အမြောက် တပ်အမှုထမ်း များ အ ဖြေစ်နေထိုင် လျက်ရှိကြောင်း တွေ့ရသည်။တရုတ်ပြေးမင်းလက်ထက်၌ တာတာတို့ မြန်မာပြည်သို့ ၀င်ရောက်ထိုက်ခိုက်ရာ ယူနန်ပြည်နယ်မှ မွတ်စလင်မ်စစ်သည်များ ခေါ်ဆောင်ခဲ့သည်။နန်ပေါ့၇ွာသို့ ပန်းသေးများ စုစည်းမိရာ ပန်လုံဟု ပညတ်ခဲ့သည်။ မင်းခေါင်ကြီး (အေဒီ-၁၄၀၁-၁၄၂၂) သားတော် မင်းရဲကျော်စွာ ပုသိမ်မြို့သိမ်းယူရာ ပန်းသေးတို့က ရွှေ၊ငွေ၊ပုဆိုးသက္ကလပ်၊ ပရပတ်၊ နီပါးဆက်ကြ၏။Ref : ၁။BaShin;ComingofIslam ;၂။ ဦးယူစွတ်-ပန်းလုံ ပန်းသေးအမျိုးသားသမိုင်း ;၃။ W.S.De Saj; History of the British Residency in Burma. Page-154.; ၄။ မြန်မာမင်းများ အရေးတော်ပုံ၊ စာမျက်နှာ- ၂၉၈

(84)
မင်မင်းဆက်၏ ယုန်လီ၏ နောက်လိုက်အကြီးအကဲနှစ်ဦးတွင် တိုက်ခွန့်ခွန့်မှာမှာ ပန်းသေးဖြစ်၍ ချဲန်ရှမ်းတုန်းမှာ ဗုဒ္ဓဘာသာ ၀င်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များနှင့် သင့်မြတ်စွာယှဉ်တွဲလျက် တုက်ခွန့်ခွန့်(တိုက်ခုံခုံ)မှာ ကိုးကန့်ဒေသနမ့်ဟန်မော်အရပ် အ ခြေပြု နေထိုင်ခဲ့သည်။ နောင်တွင် “မာ´´ အုပ်စုလူမျိုးအကြီးအကဲမှ ဆက်လက်စီမံအုပ်ချုပ်ခဲ့သည်။ အေဒီ ၁၈၆၀ တွင် အကြီး အကဲ မာလင်ယွီ(၁၉၃၄-၃၅)တွင် မာမေတင်၊ နယ်မြေအုပ်ချုပ်ရေးကို လက်ခံပြီး၊ ၀နယ်ကွမ်ပြယ်စော်ဘွား ၏ သမီးနှင့် လက် ဆက်ခဲ့သည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလ ပန်လုံလူငယ်များအား ခေါင်းဆောင် မာကွမ်းကွေ့ ဥိးဆောင် တိုက်ခိုက် သကဲ့ သို့ မာမေတင်က မြန်မာတို့ဘက်မှ ရပ်တည်ကာ ပန်လုံမြို့ကို မြန်မာနယ်မြေပိုင်နက်အဖြစ် ရပ်တည်ခဲ့သည်။

(85)
(၄)“ပသီ´´-မြန်မာမွတ်စလင်မ် လူမျိုး Par-thi, Far-si

ပသီလူမျိုးတို့မှ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်ကာလကပင် မြန်မာနိုင်ငံတွင် တည်ရှိခဲ့ကြောင်း တရုတ်နိုင်ငံ မန်ချုး မှတ်တမ်းနှင့် မှန်နန်းရာဇ၀င်နှင့် ကုန်းဘောင် ဆက်မဟာရာဇ၀င်များ တွင် ပါရှိသည်။အေဒီ ၁၂၂၁-ခု၊ အနော်ရထာမင်း တည်ထောင်ခဲ့သည့် ပုဂံနေပြည်တော် ယိမ်းယိုင်လာ၍ နိုင်ငံတော်ရေပိုက် နက်လုံခြုံရေးနှငင့် ကာကါယ် ရေးတာဝ န်ဆောင်ရွက် နေရသည့် ပသီတပ်မှ၊ မိမိတို့ကြမ္မာ မိမိတို့ကိုယ်တိုင် ဖန်တီးမည့် အခြေ အ နေသို့ရောက်ရှိလာကာ ပုသိမ်ဟု ခေါ်မည့်ဒေသတွင် ပသီမြို့ပြနိုင်ငံ ပသီမင်းဆက် (၃)ဆက်၊(၁၂)နှစ် တိုင်တိုင် တည်ထောင်အုပ်ချုပ်ခဲ့သည်။ကရင်တို့မှ ၀ိန့်ပသီ၊ ဝေ့ပသီ ဟူ၍လည်းကောင်း၊ မွန်တို့မှ ဒုံးပသီ၊ဥုင်းပသီ ဟူ၍ လည်းကောင်း ခေါ်ဆိုကြသည်။ဝိဋဋူပနှင့် သာကီဝင်တို့ မသင့်မတင့်ဖြစ်၍ စစ်ခင်းကြ သည်တွင် သာကီဝင် ဓဇရာဇာမင်း၊ မဇ္ဈိမဒေသမှ စွန့်ခွာလာသကဲ့သို့ တပ်မှူး၊ ဗိုလ်မှူး၊ ၀န်ကြီး၊ ပညာရှိတပ်သား မကျန် နန်းမျိုးနွယ် (၃၇၀၀) တို့အစုခွဲကာ အင်းဝဘုရင် စနေမင်းထံ သစ္စာနှံကာ ခိုလှုံခဲ့ကြသည်။ တောင်ငူ၊ ရမည်းသင်း၊ ယင်းတော်၊ မိတ္ထီလာ၊ စည်သာ၊ ဒီပဲယင်း၊ ညောင်းရမ်း၊ ပင်းတလဲ၊ တဘက်ဆွဲ၊ ဘောဓိ၊ စည်ပုတ္တရာ၊ မြေထူး တွင် အစုခွဲနေ ထိုင်သူတို့မှာ မင်းမှုထမ်းရင်း အမြှောက်တပ်၊ သေနတ်တပ်၊ မြင်းတပ်၊ ကိုယ်ရံတော်တပ်၊ ကင်းတား ကုလားပျိုတပ်၊ စာဆိုများ ကုန်သည်တော်များအဖြစ် အမှုတော်ထမ်း ရွက် ခဲ့ကြသည်။ Ref : ၁။ ဆရာမာဃ-ပုသိမ်ရာဇ၀င်၊ စာမျက်နှာ-၁၃၇

(86)
(၅)ပသျှူးလူမျိုး

မြန်မာနိုင်ငံ၏ Rocial Gene မူလလူမျိုးနွယ်ရင် Primitive Man ရှေးကျသော လူများဖြစ်၍ မြန်မာစာပေ လောကတွင် ဘီလူးဟု ပညတ်ပြီး ရက္ခပူရတိုင်းသား ရေဘီလူးဟု ဓမ္မစေတီကျောက်စာ၊ မွန်တို့၏ ကလျာဏီကျောက်စာတို့တွင် ရေးထိုးထားသည်။ သမိုင်း သုတေသီများလေ့လာရာတွင် ပသျှူးလူမျိုး+ဆလုံ လူမျိုးတို့မှ Australied သြစတြီးလွိုက်လူမျိုးတို့၏ အသွင်အပြင် လက္ခဏာ ယဉ်ကျေးမှု အကြွင်းအကျန် များတွေ့ရပြီး ပင်ကိုယ်အရည်အသွေး၊ အရည်အချင်းရှိပြီး ရိုးသားမှုအပြည့်အ၀ရှိကြောင်း မှတ်ချက်ချကြသည်။မွန်ခမာ၊ တိဗက်တို့အား မင်းတို့အင်အားမလွန်ဆန်နိုင်၍ သဘာသတရားအရ ပင်လယ်ကမ်းစပ် ကျွန်းများ သိုပပင် အုပ်စုဖွဲ့ကာ ဆုတ်ခွာခဲ့ရသည်။ Historical life သမိုင်းဖြစ်စဉ်အရ ကော့သေ ကျွန်းဒေသများသို့ အခြေစိုက်နေ ထိုင် လျက်ရှိသည်။
ဆလုံဟု နတ်ကိုးကွယ်သူများကို ပညတ်ခေါ်ဆိုပြီး အစ္စလာမ်သာသနာ အငွေ့အသက်ရရှိပြီး လက်ခံ ကျင့်သုံးသူများကို ပသျှူးဟု ပညတ်ခေါ်ဝေါ်ခဲ့ကြသည်။ပသျှူးအမျိုးသား အမျိုးသမီးတို့၏ ခံယူချက်မှာ “မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကါယ်ရန်မှာ မိမိတို့တာဝန်သာဖြစ်ကြောင်း´´ အဆင့်ဆင့်သော ဘ၀ပေး အသိက တပ်လှန့်ထားသည်။Ref : ၁။ ကွင်းဆင်းသုတေ သနမှတ် တမ်း (Field Work, 1982) ; ၂။ ကမ္ဘာလှည့်သူတေသီ အိဗနေဘတူတာ (Ibni Batuata) မှတ်တမ်း၊ အေဒီ ၁၃၄၅ ; ၃။ မောင်မောင်ကြီးမန်း- မြန်မာနိုင်ငံတောင်ဖျားပိုင်းရှိ အစ္စလာမ်ဘာသာဝင် ပသျှူးလူများ (သုတစာစောင် ၁၉၉၁၊ နိုဝင်ဘာ)

(87)
ပဲခူး (ဟံသာဝတီ)သို့ မွတ်စလင်(မ်)များ ရောက်ရှိလာပုံ
အာရဗ် မွတ်စလင်(မ်)နှင့် ပါရှင်းအစုအဝေးတို့မှာ အရှေ့ဖက်သို့ လျင်မြန်စွာပြန့်နှံလာခဲ့ကြသည်။ (၈)ရာစု အလယ်အဦးပိုင်း ကျကျတွင် တရုတ်ပြည်တောင်ပိုင်း ကမ်းရိုးတန်းဒေသ၌ မွတ်စလင်(မ်)ဦးရေမှာ အတော်ပင် ကြီးထွား နေပြီဖြစ်သည်။ အာရှ တလွှား မွတ်စလင်(မ်) သင်္ဘောခရီးလွှင့်မှုက (၄)ရာစုမှ (၁၅)ရာစုအဆုံးထိတိုင် တည်ရှိခဲ့သည်။ မွတ်စ လင်(မ်)ကုန် သည်တို့မှ အိန္ဒိယ ပင်လယ် ကမ်းရိုးတန်းဒေသများနှင့် အရှေ့တိုင်းမှ နိုင်ငံများအထိရောက် ရှိခဲ့ကြသည်။ နေရာများစွာတွင် အခြေချ ခဲ့ကြရုံမက ကုန်သွယ်မှုကို ကိုလိုနီများကို ဖန်တီးခဲ့ကြသည်။ ဘင်္ဂလားတွင် ဗဟိုပြုပြီး ဗမာပြည် နှင့်လည်းကောင်း၊ ရခိုင်ပြည်`၌လည်းကောင်း ၊ မာလ တာမြို့ များနှင့်လည်းကောင်း၊ သီရိလင်္ကာနှင့် လည်းကောင်း၊ မာလက္ကားနှင့် လည်းကောင်း ကုန်သွယ် မှုပြုခဲ့ကြသည်။Ref :သမိုင်းသုတေသီကြီး မိုရှေးယာရ်ရေးသားခဲ့သည့် “The Muslim of Burma” စာအုပ် စာမျက်နှာ (၁) ၄င်းစာအုပ်ကို ဘာသာပြန် ဆိုသူ ဝါးခယ်မမောင်မင်းနိုင် “မြန်မာ့မြေမှမွတ်စလင်များ” စာအုပ် စာမျက်နှာ(၁-၂) တွင်ဖော်ပြ ထားသည်။(ရှူ)

(88)
စစ်တွေမြို့ သမိုင်းဝင် သင်္ချိုင်း နေရာပြောင်းရွှေ့ပြောင်းခံရခြင်း
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှ ၂၂၅ နှစ် သက်တမ်းရှိ အာကျိတ်တော်ကုန်းရှိ သင်္ချိုင်းဟောင်းကို ၁၇၈၄ ခုနှစ် စစ်တွေမြို့တည်ကတည်းက တည်ရှိခဲ့ပြီး ဗုဒ္ဓဘာသာ၊ မူဆလင် ဘာသာဝင်များနှင့် တရုတ်လူမျိုးများအတွက် သီးခြားခွဲထားရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။သင်္ချိုင်း၌ လွတ်လပ် ရေးကြိုးပမ်းစဉ် ကျဆုံးခဲ့သော ဗိုလ်မှူးမြတောင်ရည် အပါ အဝင် နိုင်ငံရေး ခေါင်းဆောင်များ၊ စစ်တွေဆန်ပြဿနာတွင် အာဏာ ပိုင်များ က ပစ်ခတ်သဖြင့် သေဆုံးခဲ့သူများလည်း မြှပ်နှံခဲ့သည်။Ref ဒါကာ – (မဇ္ဈိမ) )

(89)
၁၇၉၅ ခုနှစ် အင်းဝရှိဗြိသျှသံတမန် Michael Symes ၏အဖွဲ့သံအဖွဲ့ဝင်တစ်ဦးဖြစ်သူ Francis Buchanin က မြန်မာအင်ပါယာ အ တွင်း ဘာသာ စကားများကိုလေ့လာခဲ့ရာတွင် ရခိုင် ၊ထား ၀ယ်၊ ယော့ မြန်မာ ဟု မြန်မာ ဘာသာစကား လေးမျိုးကို နှင့် ဂင်္ဂါမြစ် ၀ှမ်း တ၀ိုက်သုံးသော ဘာသာ စကား နှင့် ဆင် တူ ရိုးမှား (အိန္ဒိယ နွယ်သော) စကားသုံးမျိုးကို သုံးမျိုးကိုတွေ့ခဲ့ရသည်။
၎င်းစကားစကား(၃) မျိုးမှာ–
(၁)။ – ဘိုးတော်ဘုရားလက်ထက်ဖမ်းဆီးခေါ်ဆောင်လာသော Banga ဟုဆိုသူ လူမျိုးတို့ပြော သော ဘာသာစကား
(၂)။ – ရခိုင်ပြည်ရှိ ဟိန္ဒူများပြောသောစကားဖြစ်ပြီး
(၃)။ – ရခိုင်ဒေသရှိအစ္စလာမ်ဘာသာဝင်များပြော သောစကား တို့ဖြစ်သည်။
ဟိန္ဒူတို့ကမိမိကိုယ်ကို Rosswan ဟုခေါ်ဆို၍ မူဆလင်တို့ကမူ Rovinga ဟုခေါ်ကြသည်။ ၎င်းတို့နေ ထိုင်ရာဒေသကို Rovinga (Rowang Shor) ခေါ်ကြသည်။ Buchanin က အမရပူရ တွင်သူတွ့ရှိ ခဲ့သောသူ့တပည့်တို့က သူတို့ပြောသော Roinga နှင့် Rosswan ဘာသာစကားသည် ရခိုင်ဒေသ ရှိ လူမျိုးစုက နားလည်သုံးနုံးသော ဘာသာစကားဖြစ်ကြောင်း အကြိမ်ကြိမ် တင်ပြခဲ့ သည်ဟု ရေးသားထားသည်။18
(18)- Bangla Distric Gezetter,Chittagong,Page-115 AD-1798

(90)
နေနှင့်လ တံဆိပ်အမှတ်အသားသည် ရခိုင်ပြည်သားရှေးဦးစွာအာရီယံလူမျိုးတို့၏တံဆိပ်အမှတ် သားဖြစ်ပြီး ဝေသာလီခေတ် အေဒီ ၄ ရာစု နောက်ပိုင်းကာလတွင်ခပ်နှိပ်သုံးစွဲခဲ့သော ဒင်္ဂါးများ တွင် နေနှင့်လ တံဆိပ်ကိုကိုတွေ့ရသည်။ထိုခေတ်ကာလာက ဒင်္ဂါးစာ၊ ကြေးနီးပြားစာ၊ကဗျည်းစာများ တွင် ယခုခေတ်ရိုဟင်ဂျာတို့ပြော ဆိုနေသောအသံထွက် တစ်နည်းပါဠိဘာသာဖြင့် ရေးသားထားသည် ကို တွေ့ ရသည်။ Ref : ရခိုင်ပြည် ဗိုလ်မှူးထွန်းကျော်ဦး(ငြိမ်း)လက်စွဲ စာစောင်-အတွဲ ၆ ၊ခွင့်ပြုမိန့် အမှတ်နသ/ ၀၆၆-၁၉၉၀(စာမျက်နှာ-၂၆/၃၀)ဗိုလ်မှူးထွန်ကျော်ဦး၏အထက်ပါသုတေသနအရ ရိုဟင်ဂျာသည် ရခိုင်ဝေသာလီခေတ် အင်ဒို အာရီ ယန်နှင့ှ်ဆက်နွယ်နေကြောင်းတွေ့ရပေသည်။

(91)
ဦးလှဒင်မြန်မာဘာာပြန်ဆိုသောရတနာရွှေမြေ စာအုပ် စာမျက်နှာ ၂၅၀ တွင် ရှေးဟောင်း သုတေ သနကျောက်စာ လိုက်စား သူတို့က သိရိဂုတ္တရတောင်ကုန်းသည်တစ်ခါက တည်ရှိခဲ့ဘူးသော ဓညဝတီမြို့ဟောင်း၏ အရှေ့မြောက်ဖက် တွင်တည်ရှိ ကြောင်းထိုမြို့တော်၏မြို့ရိုးဟောင်းများကိုယခုတိုင်တွေ့မြင်ရ သဖြင့် ထိုမြို့ရိုးကို အေဒီ ၁ ရာစုထက်စော၍တည်ထောင်ခဲ့သော အိန္ဒိယ ကုလား မြို့တော် တစ်ခု ဖြစ်ကြောင်းစသည်တို့ကို ကျောက်စာအထောက်အထားများ အကိုးအကား များ စွာ ဖြင့်ပြကြ သည်။

(92 )
ဦးလှဒင်မြန်မာဘာာပြန်ဆိုသောရတနာရွှေမြေ စာအုပ် စာမျက်နှာ ၂၅၀ တွင် ရှေး ဟောင်း သုတေ သနကျောက်စာလိုက်စားသူတို့က သိရိဂုတ္တရတောင်ကုန်းသည်တစ်ခါက တည် ရှိခဲ့ဘူးသော ဓည ဝတီမြို့ ဟောင်း၏အရှေ့မြောက်ဖက်တွင်တည် ရှိကြောင်း ထိုမြို့တော် ၏မြို့ရိုး ဟောင်း များကို ယခုတိုင်တွေ့မြင်ရ သဖြင့် ထိုမြို့ရိုးကို အေဒီ ၁ ရာစုထက် စော ၍တည်ထောင် ခဲ့သောအိန္ဒိယ ကုလား မြို့တော် တစ်ခု ဖြစ်ကြောင်းစသည်တို့ကို ကျောက်စာ အထောက် အထားများအကိုးအကား များ စွာ ဖြင့်ပြကြသည်။
( ဦးလှဒင်မြန်မာဘာာပြန်ဆိုသောရတနာရွှေမြေ စာအုပ် စာမျက်နှာ ၂၅၀ )

(93)
ရခိုင်ဘုရင်ဘစောဖြူလက်ထက်သုံးသော ဒင်္ဂါးများတွင် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော် ကိုတံးဆိပ်အဖြစ်ထု ထားသော အ ထောက် အထားများသည် အစ္စလာမ်ဘာသာ သည် ရှေးနှစ်ပေါင်း (၁၀၀၀) ကျော်ကတည်း က ပင် မြန်မာနိုင်ငံတွင် ရောက်ရှိနေကြောင်း သာဓက ဖြစ်သည်။

(94)
သမိုင်း D.G. E Hall က ခရစ်နှစ်ဦးကာလတွင် ရခိုင်ပြည်တွင် ဗုဒ္ဓဘာသာ ထွန်းကား ခဲ့သည်။ ၎င်းနှင့်တစ်ဆက်တည်းအာရဗ်တို့မှ တဆင့်အစ္စလာမ်ဘာသာအမြစ်တွယ် လာခဲ့ သည်ဟု ဖေါ်ပြ ထား ကြောင်း တွေ့ရသည်။

(95)
မြန်မာသမိုင်းအထူးပြုလေ့လာသူ Martin Smith က (၉) ရာစု `၌ အစ္စလာမ်ဘာသာ ဝင်များ ရခိုင်ပြည်`၌ အခြေချနေထိုင်ခဲ့သည် ဟု ဖေါ်ပြထားသည်။

(96)
G.E Harvey က မူ (၁၀) ရာစုမတိုင်ကတည်း အစ္စလာမ်ဘာသာဝင်များ ရခိုင်ဒေသ တွင် နေထိုင်ခဲ့သည်ဟု ရေးသားထားကြောင်းတွေ့ရှိရသည်။

(97)
ရခိုင့်သမိုင်းများအရ – တိုင်းစန္ဒြမင်းလက်ထက် ဝေသာလီသည် အထူးစည်းကားခဲ့ကြောင်း၊ နှစ်စဉ်သင်္ဘောအစီး တစ် သောင်း ကျော် ဝေသာလီသို့လာရောက် ကုန်သွယ်မှုပြုခဲ့ကြောင်း၊ ဝေသာလီသည် ဘင်္ဂလားပင်လယ်အော် ကမ်းခြေ တွင် အရေးပါသော ကုန်သွယ်စခန်းတစ်ခု ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။၆ ဂ – ရာစုတွင်း တရုတ်ခရီးသည်တို့၏ မှတ် တမ်းများအရလည်း – ဘင်္ဂလားနှင့် ဝေသာလီတွင် အာရပ်နှင့် မိုးလူမျိုးပိုင် သင်္ဘောများစွာ တွေ့ရှိကြောင်း ပါရှိသည်။ အာရပ်နှင့် ပါရှန်းသမိုင်း အထောက် အထားများအရလည်း အိန္ဒိယသမုဒ္ဒရာကို “အာရပ်ရေကန်” ဟုခေါ်ဆိုရလောက် အောင် အိန္ဒိယသမုဒ္ဒရာတွင် အာရပ် သင်္ဘောများ ဥဒဟို သွားလာခဲ့ကြောင်း ပါရှိသည်။၇ ဆရာဦးကြည်ကလည်း ၈ -ရာ စုအတွင်းက ပုဂံဘုရင် ပိတ်သုံမင်း လက်ထက် သထုံ၊ မုတ္တမ ဒေသများသို့ အာရပ်ကုန်သည်များရောက်ရှိ ၀င်ထွက် သွားလာလေ့ရှိခဲ့သည်ကို သက္ကရာဇ် ၈၀၀ ကျော်လောက်က ရေးသားထားသော အာရပ်မှတ်တမ်းများမှ သိရကြောင်း၊ အာရပ်သင်္ဘောများသည် အနောက်ဖက် ဒမတ်စကတ် ကျွန်းမှ အရှေ့အိန္ဒိယ ကျွန်းစုများနှင့် တရုတ်ပြည်မကြီးအထိ ခရီးပေါက်ရောက်နေပြီဖြစ်ကြောင်း ဖေါ်ပြထားသည်။၈

(98)
ပါရှန်နှင့် အာရပ်ကုန်သည်တို့မှာ ပင်လယ်ရေကြောင်း ကူးလူးသွားလာရင်း အချက်အချာကျသောဒေသများနှင့် ကမ်း သာယာ အရပ်များတွင် ရောင်းဝယ်ရေးစခန်းများပြုလုပ်ကာ အခြေချနေထိုင်လာခဲ့သည်။ အလားတူ ရခိုင်ပြည်အပါအ ၀င် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်းများ၌လည်း ပါရှန်နှင့် အာရပ်ကုန်သည်တို့သည် အခြေချနေထိုင်ခဲ့သည်။၉ ထို့ ပြင် ရခိုင်ကမ်းရိုးတန်းနှင့် မြန်မာ့ပင်လယ်ကမ်းရိုးတန်းတလျှောက် အစ္စလာမ်ဘာသာ ဒါရ်ဂါ (ခေါ်) သူတော်စင်များ၏ ဂူဗိမာန်များက သင်္ဘောသားများ၊ ကုန်သည်များ အပြင် သူတော်စင်တို့ကလည်း ရောနှောဝင်ရောက် နေထိုင်လာခဲ့ ကြောင်း သက်သေခံနေသည်။၁၀

(99)
ဥရောပလူမျိုးများဖြစ်ကြသော ဗဲတေမာ (Varthema)၊ ဘာဘို့(စ) (Barbose)၊ ဆီဇာ ဖဲဒရိဒ် (Caesar Frederide)၊ ရဲလ(ဖ) ဖီတ်(ရှ) (Ralph Fitch) နှင့် ပေါ်တူဂီလူမျိုးများ၏ ရေးသားချက်များအရ ဘင်္ဂလားကမ်းခြေဒေသများတွင် မူဆလင်ကုန်သည် အမြောက် အမြား အခြေစိုက်နေထိုင်လျက်ရှိခဲ့ကြောင်း၊ အများအားဖြင့် အာရပ်လူမျိုး များဖြစ်ကြ ကြောင်း၊ မူဆလင်များက စစ်တကောင်းကို သိမ်းသွင်းနိုင်ခဲ့သော အေဒီ ၁၃၃၈ – ခု မတိုင်မီကပင် မူဆလင်မြောက် မြားစွာတို့သည် စစ်တကောင်းနှင့် ရခိုင်ကမ်းရိုးတန်းအထိ ပျံ့နှံ့နေထိုင်ခဲ့ကြောင်း ရေးသားဖော်ပြ ထားသည်ကို တွေ့ရှိ ရပါသည်။၁၁

(100)
အေဒီ ၁၅ – ရာစုသို့ ရောက်သောအခါ အစ္စလာမ်ဘာသာဝင်များ အလုံးအရင်းဖြင့် ၀င်ရောက်လာရန် အကြောင်း တရား က ဖန်တီး လာသည်။ ယင်းမှာ အင်းဝ မင်းခေါင်၏ တိုက်ခိုက်မှုကြောင့် ရခိုင်ဘုရင် နရမိတ်လှသည် ဘင်္ဂလား ဂေါ့ဘု ရင်ထံ ခိုလှုံခဲ့သည်။ ၄င်းသည် ဂေါ့တွင် နှစ်ပေါင်း ၂၄ – နှစ် နေထိုင်ခဲ့ရပြီး၊ ဂေါ့ ဆုလ်တန်၏ စစ်သည် အကူအညီဖြင့် ရခိုင်ထီးနန်းကို ပြန်လည် ဆက်ခံနိုင်ခဲ့သည်။ ဂေါ့ဘုရင် မူဟာမတ် ရှားသည် ၁၄၂၉ – ခုနှစ်တွင် စစ်သူကြီး ၀လီခန် ဦး စီးသော စစ်သည်အင်အား သောင်းကျော်ကိုလည်းကောင်း၊ ၁၄၃၀ – ခုနှစ်တွင် စစ်သူကြီး စန်ဒီခန် ဦးစီးသော ထိုထက် များပြားသော စစ်သည် အင် အားရှိသည့် စစ်တပ်ကို လည်းကောင်း စေလွှတ် ခဲ့သည်။ ဤစစ်သည်များသည် နရမိတ်လှ အား ရခိုင်ထီးနန်းကို ပြန်လည် ရယူစေခဲ့ပြီး – ဘင်္ဂလားသို့ ပြန်သွားခြင်းမပြုဘဲ၊ မြောက်ဦးတ၀ိုက်တွင် အခြေစိုက် နေ ထိုင်လာခဲ့ကြသည်။ ယင်းတို့အား ရခိုင်ဘုရင် ရာထူးကြီးငယ်ပေးကာ မင်းမှူးထမ်းစေခဲ့သည်။ ဤစစ်သည်များမှာ အများအားဖြင့် တူရကီမျိုးနွယ်များ၊ ပါရှန်များနှင့် အာဖဂန် ပထန်လူမျိုး မူဆလင်ဘာသာဝင်များ ဖြစ်ကြသည်။

(101)
သမိုင်းပါရဂူ ဒေါက်တာ အေနာမုလ်ဟောက်နှင့် သုတေသီ အဗ္ဗဒူလ်ကော်ရိမ် တို့၏ အဆိုအရ – မင်းစောမွန် (နရမိတ် လှ) ရခိုင်ထီးနန်း ပြန်လည်ရရှိသည်နေ့မှစ၍ ၀န်ကြီးများ၊ မှူးမတ်ဗိုလ်ပါများ၊ သမားတော်များ၊ တရားသူကြီးများ၊ စစ်သည်များ၊ ကုန်သည်များ၊ ဈေးသည်များ၊ အလုပ်သမားများ စသည်ဖြင့် မြောက်မြားစွာသော မူဆလင် မင်းမှူးထမ်း တို့သည် ရခိုင်ပြည်သို့ ၀င်ရောက်လာပြီး ကာလကြာသောအခါ သာမန်အရပ်သားများကြား စိမ့်ဝင်သွားလေကြောင်း ဆိုထားပါသည်။၁၂

(102)
စစ်တကောင်းကို မူဆလင်တို့က ၁၃၃၈ – ခုနှစ်မှ ၁၅၃၈ – ခုနှစ်ထိ ထိန်းသိမ်းနိုင်ခဲ့ပြီး၊ ၁၅၃၈ – ခုနှစ်မှ ၁၆၆၆ – ခုနှစ် ထိ စစ်တ ကောင်းသည် ရခိုင်ပိုင်နက်ဖြစ်ခဲ့ပြန်သည်။ ဤနှစ်ပေါင်း ၃၀၀ ကျော် ကာလအတွင်း စစ်တကောင်းနှင့် မြောက်ဦး နေပြည်တော် သည် အိမ်ဦးနှင့် ကြမ်းပြင်အလား ဖြစ်ခဲ့ရလေသည်။ စီးပွါးကုန်သွယ်မှုမှ အစ တစ်ဖက်နှင့် တစ်ဖက်၊ တစ်နယ်နှင့်တစ်နယ် ဥဒဟို သွားလာမှုများရှိခဲ့သည်။ ဤအတော်အတွင်း မူဆလင် မြောက် များစွာတို့သည် စစ်တ ကောင်းမှ ရခိုင်ဒေသအနှံ့သို့ ပြန့်နှံ့နေ ထိုင် လာကြသည်။ အထူးသဖြင့် မင်းနေပြည်တော်ဖြစ်သော မြောက်ဦးသို့ လာရောက် အခြေစိုက်လာသည်။ နန်းတွင်းနန်းပြင်တွင် မူဆလင်တို့သြဇာ တိုးပွားလာသည်။၁၃

(103)
အေဒီ ၁၆ – ရာစုနှောင်းပိုင်းမှ ၁၇ – ရာစု အလယ်ပိုင်းကာလသည် ဘင်္ဂလားတွင် နိုင်ငံရေးမတည်မငြိမ် ဖြစ်ခဲ့သော ကာလဖြစ် သည်။ အာဖဂန် ပထန်တို့၏သြဇာ တစတစ ယုတ်လျော့လာပြီး၊ မဂိုတို့၏သြဇာ တဖြည်းဖြည်း ကြီးထွားလာ သည်။ ယင်းကြောင့် ဘင်္ဂလားရှိ ပထန် တတ်သိပညာရှင်များနှင့် မင်းမှူးထမ်း မြောက်မြားစွာတို့မှာ အရှေ့ဖက်သို့ ထိမ်းရှောင်လာလေသည်။ ယင်းတို့အနက်မှ အချို့မှာ မြောက်ဦးနေပြည်တော်သို့ လာရောက်ခိုလှုံကာ အရေးကြီး သော ရာထူးများတွင် ၀င်ရောက် ခစားလာ သည်။၁၄ ထို့ပြင် ဘင်္ဂလားအား မဂိုအင်ပါယာသို့ သိမ်းသွင်းလိုက်သောအခါ ဂေါ့စစ်သည်များနှင့် တိုင်းသူပြည်သားများစွာတို့မှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးထိမ်းရှောင်လာရင်း ရခိုင်ပိုင်နယ် မြေများသို့ ၀င်ရောက်ခိုလှုံ နေထိုင်လာခဲ့ကြသည်။ ယင်းကြောင့် ၁၇ – ရာစု အစောပိုင်းတွင် ရခိုင်ပြည် မူဆလင်ဦးရေ ပိုမိုတိုးပွါးလာကာ အစ္စလာမ်ဘာသာနှင့် မူဆလင်ယဉ်ကျေးမှုသည်လည်း ပိုမိုထွန်းကားလာခဲ့သည်။

(104)
ရခိုင်ပြည်တွင် ပြင်ပမှရောက်လာသော မူဆလင်လူမျိုးများနှင့် ယင်းတို့၏ သားမယားများသာ အစ္စလာမ်ဘာသာကို ကိုးကွယ် နေသည် မဟုတ်ဘဲ၊ ဟိန္ဒူဘာသာဝင်အချို့လည်း အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာကြသည်။ ထို့အပြင် ဗုဒ္ဓဘာသာကို အစဉ်တစိုက် ကိုးကွယ်နေကြပြီးသူများလည်း အစ္စလာမ်သို့ ကူးပြောင်းကိုးကွယ်မှုများ ရှိခဲ့သည်။ ဤအ ကြောင်းကို ရခိုင် မဟာ ရာဇ၀င် ဇာတ်တော်ကြီးတွင် “သက္ကရာဇ် ၈၈၇ ခုနှစ် ကိုးဆက်မြှောက်သော ဇယတ္တ မင်းစောမွန် လက်ထက်၌ ရုမ် ပါသျှားမင်း၏ သန်အမတ်ကြီး ကာဒီ၊ မူသျှာ၊ ဟော်နုမျာတို့သည် နိုင်ငံတော်၌ မဟာမတ်ဒန် သာသနာ စည်ပင် ပြန့်ပြောစေခြင်းငှါ၊ ပူလီကျောင်းတို့သည် မြို့တော်၌ အပြန့်အနှန့် တည်ဆောက်လုပ်ကြ၍ မြို့တော်တွင် သူအပေါင်းတို့အား ဟောပြောပြသလျက် နေ့စဉ်မပြတ် ပြုလုပ်တော်မူလေသည်။ ထိုအခါ အချို့သော ဗုဒ္ဓဘာသာ လူမျိုးတို့ သည် ယုန်ကြည်လျက် ၄င်းဘာသာ၌၀င်၍ ၄င်းတရားကို ဆောံတည်လျှက် ဖြစ်ရှိကြလေသည်။ သို့နှင့် မဟာမတ်ဒန် လူမျိုးတို့သည် နိုင်ငန်တော်၌ ဖုန်းလွှန်းစိုးမိုးလျက် ပြန့်နှန့်စွာ +ဖစ် ရှိလေသည်။ ဘုရင်မင်းမြတ် ကိုလည်း လက်ဆောင် ပန်နာပို့ဆက်လျှက် ဘုရင်မင်းအား ၄င်းသန်အမတ်ကြီးတို့ကို များသောအားဖြင့် မိတ္တာ သက်ဝင်လျက် ဖြစ်ရှိလေသည်။” ဟု ဖော်ပြထားသည်။
(105)

၁၅ – ရာစုတွင် များစွာသော ဗုဒ္ဓဘာသာ ရခိုင်တို့မှာ အစ္စလာမ်ဘာသာကို ကိုးကွယ်၍ မူဆလင်များဖြစ်ကြကြောင်း ဦး ကြည်က “မြန်မာ ရာဇ၀င် သိမှတ်ဘွယ်ရာ အဖြာဖြာ” စာအုပ်တွင် ရေးသားခဲ့ပေသည်။ နိုင်ငံတော်ကောင်စီဝင်ဟောင်း သတင်းစာဆရာ ဦးလှထွန်းဖြူ ကလည်း – ဗုဒ္ဓဘာသာဝင်အချို့ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြကြောင်း “အောင် ပန်းကြီးငွေ စကားရည်လုပွဲ” စာအုပ်တွင် အတည်ပြုဖော်ပြထားသည်။

ထိုစဉ်က ရခိုင်ပြည် အလေ့အထတစ်ခုမှာ နိုင်ငံခြားက လာသူများကလည်း ဆန္ဒရှိလျှင် ရခိုင်ပြည်သူများနှင့် လက်ထပ် ထိမ်းမြား နိုင် သည်။ သို့သော် ရခိုင်ပြည်မှ ထွက်သွားသောအခါ သားမယားများကို ခေါ်ဆောင်သွားခွင့် မရှိခဲ့ချေ။ သို့ကြောင့် ဥရောပသားတို့သည် ၄င်းတို့၏ ရခိုင်ဇနီးမယားနှင့် သားသမီးများကို ရခိုင်ပြည်၌ ချန်ထားပါက အစ္စလာမ် ဘာသာသို့ ကူးပြောင်းသွားမည်ဟု စိုးရိမ်၍ ခိုးယူခေါ်ဆောင်သွားခဲ့သော အမှုကိစ္စများစွာ ပေါ်ခဲ့ကြောင်း – ဒတ်(ချ) မှတ်တမ်းများတွင် တွေ့ရသည်။ သို့ကြောင့် အခြားဘာသာများမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းကိုးကွယ်သူများ လည်း ရခိုင်ပြည်တွင် မနည်းလှပေ။
ကျမ်းကိုးစာရင်း -

၁။ ဆရာတော် စန္ဒမာလာလင်္ကာရ – ရခိုင်ရာဇ၀င်သစ်ကျမ်း (ဒု-တွဲ)၊ မန္တလေး (၁၉၃၁)၊ စာ – ၃၁၂

၂။ ဒု-ဗိုလ်မှူးကြီး ၀င်းမောင် (ကာကွယ်ရေးဝန်ကြီးဌာန) “သာသနာ့ရောင်ဝါ ထွန်းစေဖို့”၊ ရန်ကုန် (၁၉၉၇)၊ စာ-၆၅

၃။ ကိုး (၂)၊ စာ – ၆၅

၎။ JASB – Vol. XIII, Calcutta (1844), p – 36

Dr. S.B Qanungo “ A History of Chiitagong”, Vol. I, Chittagong (1988), p – 111

၅။ R. B Smart – Burma Gazetters (Akyab Distric) Vol. A, Ragoon (1957), p – 19

၆။ ဦးကြည် (ဘီအေ- ရာဇ၀င် ဂုဏ်ထူး) “မြန်မာရာဇ၀င်မှ သိကောင်းစရာများ”၊ စာ ၁၅၆

၇။ Mohammed Abdur Rahim “Social and Cultural History of Bengal”, Vol. I, Karachi (1966), p – 37

၈။ ကိုး (၆)၊ စာ – ၁၅၇

၉။ S. N. H Rizvi “Bangladesh Distric Gazetteers (Chittagong)”, Dacca (1975), p – 122

၁၀။ ဆရာချေ (နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်) “ဗမာမွတ်စလင် ရှေးဟောင်း အတ္ထုပတ္တိ”၊ စာ – ၁၆

“သာသနာရောင်ဝါ ထွန်းစေဖို့”၊ စာ – ၆၆

၁၁။ S. N. H Rizvi – “East Pakistan Dicstric Gazetteers (Chittagong Dist)”, Dacca (1970), p – 111

၁၂။ Mohammed Enamul Huq and Abdul Karim – “Bengali Litrature in Arakanese Court (1600 ~ 1700 AD)

Calcutta (1935), p – 4 ~9

၁၃။ တိုင်းရင်းသားလူမျိုးစု ဘ၀သစ်ထူထောင်ရေးပါတီ – သတင်းလွှာ၊ ရန်ကုန် (၁၉၈၉)၊ စာ – ၄၅

၁၄။ Muhammad Mohar Ali “History of The Muslim Bengle” Vol. I (B), Riyadh, 1985, p – 865

၁၅။ J. A. S. B – Vol. X, Calcutta (1941), p – 681

မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်၊ ရန်ကုန် (၁၉၆၀)၊ စာ – ၇၂

၁၆။ Qanungo, p – 322

၁၇။ ၄င်း စာ – ၃၂၄

၁၈။ ၄င်း စာ – ၂၉၁

၁၉။ Secrect Consultation (SC) of the Government of Bengal, Preserved in the National Acrhives of India, New Delhi, Jun 9, 1926, No. 10

Also Robertson’s Report dated July 21, 1825 (SC- August 26, 1825, No. 41)


နိုင်ငံရေးဟု ထင်ရသော အမျိုး ဘာသာသာသနာ

နိုင်ငံရေးဟု ထင်ရသော အမျိုး ဘာသာသာသနာ


တိုင်းရင်းသား ဆိုသည်မှာဟု ဖွင့်ရမလား..
တိုင်းရေးသား လက္ခဏာများဟု ဆိုရမလား.. လူမျိုးတမျိုးသည် မိမိတို့၏ ယဉ်ကျေးမှု၊ ဓလေ့၊ ထုံးတမ်းအစဉ်လာ များကို မြတ်နိုး တန်ဖိုးထားပြီး အသက်နှင့်ယှဉ်၍ ကာကွယ်ရသည်၊ ထိန်းသိမ်းရသည်ဟု သိရ၏။ အယှတ်စွဆုံး မွန်လူမျိုး ယောင်္ကျားလေး တယောက်က ကရင်လူမျိုး မိန်းကလေး တယောက်နှင့် အာဝါဟ ၀ိဝါဟ သဘောတရားဖြင့် လက်ထပ် ပေါင်း သင်းနေသည်ကိုပင် ပတ်သက်ရာ အသိုင်းအ၀ိုင်းများကမှု ထိုသူတို့အား အမျိုးကို သစ္စာဖောက်သူ၊ အမျိုးအနွယ် ကို မစောင့်ရှောက်သူဟု ကဲ့ရဲ့အပြစ်တင်ကြသည်။ ထို့အတူ အမျိုးနွယ်စုသည် မိမိတို့ မျိုးနွယ် တိမ်ကော ပပျောက်သော ရန်မှ ကာကွယ်ခြင်းဖြင့် မိမိတို့ အ၀န်းအ၀ိုင်းအတွင်းသို့ တခြားမျိုးနွယ်များ စိပ့်ဝင် ပြန်နှံလာသည် ကို မလိုလားပေ။ ထိုကဲ့သို့သော အပြုအမူများကို လုပ်ဆောင်မှသာလျှင် အမျိုးကို စောင့်ရှောက်ရာ ရောက်၏။ အချုပ်အခြာကို စောင့်သိရာ ရောက်၏။
ယနေ့ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ်နိုင်ငံ အကြားဒေသတွင် ဘင်္ဂလားဒေရှ့်မှ လူမျိုး တချို့သည်လည်း ရိုဟင် ဂျာဟု ခေါ်ဝေါ်နေသော လူမျိုးများနှင့်အတူ ရောနှေ နေထိုင်ကြသည်မှာ မည်သူမှ မငြင်းနိုင်ပေ၊ ထိုကဲ့သို့ သော နှ စ်ပေါင်းများစွာမှ နေထိုင်လာသော သူများမဟုတ်ပဲ၊ ရွေပြောင်းလာသောသူများအား တိုင်းရင်းသား ရိုဟင်ဂျာဟု သတ်မှတ် ပေးရမည်လား။ လူသာလာပါ ဧည့်သည် မခေါ်လာပါနှင့် ဆိုသလို၊ အခုအနေအထားက လူရော ဧည်သည်ပါ နိုင်ငံအတွင်း မူရင်းဌာနေ တိုင်းရေးသားတခုအဖြစ် သတ်မှတ်ပေးရမည်ဟု တဖက်သတ် အော်နေ သည်ကို လက်မခံနိုင်ပေ၊ တကယ်လို့ မိမိလူမျိုးအား တိုင်းရေးသား အဆင့်အတန်း ရရှိစေလိုလျှင် ထိုအဆင့် အတန်းနှင့်တန်သော အမျိုးနွယ်ကို ထိန်းသိမ်းခြင်းဂုဏ်ကို စောင့်သိရမှသာလျှင် တိုင်းရင်းသား အဆင့်အတန်း တခုကို ရရှိနိုင်လိမ့်မည်။ ပထမ ဖယောင်းတိုင်တွင် တောက်လောင်နေသည့် မီးတောက်သည် ဒုတိယ ဖယောင်း တိုင်သို့ ကူးပြောင်း ထွန်းညှိလိုက်သော် ထိုမီးတောက်အား ပထမ မီးတောက်ကဲ့သို့ ဖြစ်ရမည် ဟု မထင်ပါ၊
မြန်မာနိုင်ငံ၏ အနောက်ဖက်ဒေသတွင်ရှိသော ရိုဟင်ဂျာများကို တချို့သော သူများ ထောက်ပြသည်က သူတို့ သည် နှစ်ပေါင်း များစွာအတွင်းက နေထိုင်လာခဲ့သော သူများဖြစ်ကြောင်းနှင့် ဦးနု အစိုးရသည်လည်း ဒီလူမျိုး များအပေါ် မူရင်းဌာနေ တိုင်းရေးသား အဆင့်အတန်းထက် မနိပ်သော အခွင့်အရေးပေးခဲ့သည့် အဆိုပြုချက် ကိုလည်း လက်ခံ၏။ ကျွန်ုပ် အစွန်းမရောက်ပါ။ သို့သော် နှစ်နိုင်ငံ အကြားဒေသများ အနေအထား ကို အောက် တွင် ဖေါ်ပြထားသော ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်သည့် အခြေအနေများဖြင့် နှိုင်းယှဉ်ကြည့်ပါစို့။
နှစ်ပေါင်းများစွာက နေထိုင်ခဲ့ကြသော လူများအား နိုင်ငံသား ထုတ်ပေးခဲ့သည်ကို ထောက်ခံ၏။ သို့သော် နောက် ထပ် ထိုဒေသသို့ ရွေ့ပြောင်း ၀င်ရောက် လာသောသူကို မြန်မာနိုင်ငံသား ဟု ခေါ်ဆိုရမည်လား၊ ရောထွေး လိုက်ပါနဲ့၊ ခွဲခွဲခြားခြား မြင်စေချင်လို့ပါ။ အစွန်းတဖက်ကိုရပ်ပြီး လိုရာ ဆွဲပြောလာရင်တော့ ၀မ်းနည်းရပါ၏။  မှန်ကန်တဲ့ သဘောတရားတခုကို ချပြသည့် ဆန္ဒသဘောထားမှလွဲ၍ ဘာမှ မရှိပါ။ နောက်ပြီး ဗုဒ္ဒဘာသာ ၀င်တယောက်ရဲ့ မိမိယုံကြည်သည့် ဘာသာတရားကို ကာကွယ်ခြင်း ဖြင့်လည်း သက်ဆိုင်ပါသည်။ လွတ်လပ်စွာ ကိုးကွယ်ခြင်းဆိုသော အမျိုးဘာသာကို ကာကွယ်သော သဘောထားဖြင့် မှန်ကန်သည်ဟု ထင်သော အနေအ ထားတခုကို တင်ပြချက်တခုသာ ဖြစ်သည်။
အခုတလော ရိုဟင်ဂျာတွေနှင့်ပတ်သက်ပြီး ထိုမျိုးနွယ်စုအား တိုင်းရင်းသားအဖြစ် လက်ခံခြင်းနှင့် လက်မခံခြင်း ကို အွန်လိုင်း စာမျက်နှာများတွင် သဘောထား နှစ်မျိုး ကွဲလွဲနေသည်ကို တွေ့ရ၏။ လက်ခံသည့် သူများက ပါလီမာန် လက်ထက်က ရိုဟင်ဂျာ လူမျိုးစုအတွက် လွတ်တော်အမတ်များ ထားရှိခြင်း၊ မြန်မာ့အသံက ရိုဟင်ဂျာ ဘာသာ ထုတ်လွှင်ပေးခြင်း၊ ရှေးမြန်မာ ဘုရင်များထံ အမှုတော် ထမ်းရွက်ခြင်း စသော စသော အကြောင်းပြချက် များဖြင့် တိုင်းရင်းသားဟု ထောက်ခံ ပြောဆိုနေသည်။ ဒီနေရာမှာ တခုထောက်ပြချင်သည်။ နိုင်ငံတခုအတွင်းမှ တိုင်းရင်းသားဟု ခံယူထားသော လူမျိုးအနွယ်စုသည် မိမိနှင့် အုပ်ချုပ်သူများ ပဋိပက္ခများ ဖြစ်ပွားနေလျက်ပင်မူ အမျိုးနွယ်ကို စောင့်ရှောက်ခြင်းဆိုသော နိုင်ငံတော်၏ အချုပ်အခြာကို ကာကွယ် စောင့်ရှောက်ကြသည်။ ဆိုလိုသည်မှာ မိမိတို့ အသိုင်းအ၀ိုင်းအတွင်းသို့ တခြားခြားသော လူမျိုးများအား စိပ့်ဝင်ပျံနှံခြင်း၊ လူမျိုးရေး ရော
 ရောထွေးခြင်းများ မဖြစ်ခံခြင်းဖြင့် ထိန်းသိမ်း စောင့်ရှောက်ကြသည်။ ဤသို့သော အပြုအမူသည် နိုင်ငံအတွင်း မှီတင်း နေထိုင်ကြကုန်သော မူရင်းဌာနေ တိုင်းရင်းသားများ၏ သမိုင်းပေး တာဝန်တရပ်ဖြင့် ကာကွယ်စောင့်ရှောက်မှသာလျှင် အချုပ်အခြာကို စောင့်သိခြင်း ဂုဏ်မြောက် မည် ဖြစ်သည်။ ယနေ့ ထိုဒေသအတွင်းလူဦးရေ ၁၀၀၀၀ရှိသည်ဆိုပါစို့၊ ထိုဒေသအတွင်းရှိ လူများ သည် ရှေးမြန် မာ ဘုရင်များထံတွင် အမှုထမ်းခဲ့သူများ၊ ဦးနု အစိုးရ လက်ထက်က နိုင်ငံသားလက်မှတ် ထုတ်ပေးခဲ့သော သူ များ အားလုံးတော့ မဟုတ်တန်ရာ၊ ဦးနေ၀င်း အစိုးရ လက်ထက်ကလည်း စိပ့်ဝင်ပျံနှံမှုများ ရှိခဲ့သောကြောင့် ဒုတိယကမ္ဘာ့စစ် နောက်ပိုင်း ရောက်ရှိလာသော သူများကို နိုင်ငံသား ခံယူခွင့် မပေးခဲ့ပါဟု ဖတ်မှတ်ဖူးသည်။
“ ၁၈၂၄ ခုနှစ်၊ ပထမ မြန်မာ အင်္ဂလိပ်စစ်ပွဲအပြီးတွင် ရခိုင်ပြည်နယ်ကို ရခိုင်တိုင်း သတ်မှတ်၍ အင်္ဂလိပ် ကိုလိုနီ အတွင်းသို့သွတ်သွင်းခဲ့တယ်။ အင်္ဂလိပ် အုပ်ချုပ်စဉ် မှတ်တမ်းများအရ ၁၈၂၄ မှ ၁၉၄၈ လွတ်လပ်ရေးရသည့် အချိန်အထိ အင်္ဂလိပ် မှတ်တမ်းတွင်များတွင် ရိုဟင်ဂျာလူမျိုးဟု အသုံးအနှုန်း မတွေ့ရပေ၊ နောက်ပြီး စစ်တွေခ ရိုင် အုပ်ချုပ်ရေးမှူး အရေးပိုင်မင်းမှတ်တမ်းများအရ ဒီဒေသရှိလူမျိုးများကို စစ်တကောင်းလူမျိုး ( စစ်တကောင်း နီးရန်း ) ဟုသာ ဖေါ်ပြသည်။ ဗြိတိသျှအစိုးရက ရိုဟင်ဂျာလူမျိုးဟု တခွန်းမှ ညွှန်းဆို မသွားသည့်အတွက် ကိုလိုနီခေတ်တွင် မရှိ၊ ထို့ကြောင့် သမိုင်းဖြစ်ရပ်မှန်ကို ပြောရလျှင် ကိုလိုနီခေတ်၌ မရှိဘူး၊ မရှိခဲ့ဘူး။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ ၁၈၂၃ခုနှစ် မတိုင်မှီက မြန်မာနိုင်ငံအတွင်း နေထိုင်သော လူမျိုးစုများကိုသာ တိုင်းရင်းသားလူမျိုးဟု သတ်မှတ်သည်ဟု ဥပဒေရှိနေပါသည်။ ဦးနု မိန့်ခွန်းများ၌ တိုင်းရင်း သားဟု ပြောဆိုခြင်းမရှိခဲ့ပါ၊ ၁၉၆၀ ခုနှစ် မူဂျာဟစ် သူပုန်များ လက်နက်ချသည့် အခမ်းအနား၌ ဦးဗဆွေ ဗိုလ်အောင်ကြီး မိန့်ခွန်းများတွင်လည်း နယ်စပ်မြစ်ဖြစ်သော နတ်မြစ်၏ ဟိုတဖက်ကမ်း အရှေ့ ပါကစ္စတန် ( ယခု ဘင်္ဂလားဒေရှ် )အတွင်း လူမျိုးများသည် ရိုဟင်ဂျာလူမျိုးနှင့် ယဉ်ကျေးမှု ဘာသာ စကားတူသော လူများ နေ ထိုင်ကြသည် ဖြစ်သဖြင့် အတူတူဖြစ်ကြောင်း၊ တိုင်းရင်းသားဟု အသိအမှတ်ပြုခဲ့သည်ကို မတွေ့ခဲ့ကြောင်း ” သမိုင်းပညာရှင် ဒေါက်တာ ဦးအေးချမ်းက ၆ ရက်နေ့၊ ဘီဘီစီ၏ မြန်မာ့အရေး၊ ကမ္ဘာ့အရေးကဏ္ဍတွင် သမိုင်းစာ အုပ်များ ကိုးကားပြီး အမှန်ကို ထောက်ပြခဲ့သည်။
အင်ဒိုချိုင်းနားဟု ခေါ်ဆိုသည့် ဒေသအစအတွင်းသို့ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက လူမျိုးစုအနွယ်များ သည် ရေကြည်ရာ မြက်နုရာဆိုသလို မျိုးနွယ်အလိုက် ပြောင်းရွေ့နေထိုင်ခဲ့သည်၊ ထိုကဲ့သို အတိုင်းအတာတခု အထိ ကျယ်ဝန်းလှသော ဒေသအတွင်း လူမျိုးတမျိုးနှင့် တမျိုးဟာ မိမိတို့အမျိုးအနွယ် အကျိုးစီးပွား အလို့ငှာ သူတပါး နယ်မြေများကို ကျူးကျော် တိုက်ခိုက်ပြီး သြဇာအာဏာ တည်ဆောက်ကြသည်။ ဥပမာ။ ။ ပထမမြန် မာနိုင်ငံ ထူထောင်ခြင်း၊ ဒုတိယ မြန်မာနိုင်ငံထူထောင်ခြင်း။ မွန်လူမျိုးများ ကြီးစိုးသောခေတ်၊ ရှမ်းလူမျိုးများ ကြီးစိုးသည့် ခေတ်။
ထိုကာလများ၌ နယ်နမိတ် အကျယ်အ၀န်း အမြောက်အမြားကိုပိုင်ဆိုင်သော လူမျိုးနွယ်တို့၏ စစ်တပ်တွင် ၎င်း လူမျိုးတမျိုးတည်းသာ ရှိခြင်း မဟုတ်ပါ၊ သုံပန်းအဖြစ် ဖမ်းဆီးလာသော လူမျိုးခြားများ၊ လက်ဆောင် ပဏ္ဍာဆက် သစ္စာခံလူမျိုးစုမှ ဆင့်ခေါ်ထားသည့် စစ်သားများ၊ တိုင်းပြည် သြဇာကြီးထွားလာပြီး စီးပွားရေး ချောင်လည် လာသောကြောင့် ကမ္ဘာအရပ်ရပ်မှ ၀င်ရောက်ခဲ့သည့် တပါးသောလူမျိုးများတိုသည့် အင်ပါယာ ဘုရင့်တပ်များ တွင် အမှုထမ်းခဲ့ကြသည်။ ထိုမျိုးနွယ်စု၏ ခေါင်းဆောင် သို့မဟုတ် ဘုရင်တပါးသည် တပါးသောရပ်မှ အနွယ်အ စုများအား ကိုယ်ပိုင်စစ်တပ်တွင် သွတ်သွင်းခြင်းဖြင့် ဘုန်းလက်ရုံးတိုးသည်ဟုထင်မြင်ခဲ့သည်။ ထိုခေတ်က လည်း လူအင်အားဖြင့် စစ်တိုက်ရသဖြင့် လူသူလေးပါးစုဆောင်းလက်ခံသည်မှာ မလွဲပေ၊ မြန်မာပြည်အလယ် ပိုင်း တချို့နေရာများတွင် ဘုရင်ဂျီဘာသာဝင်များကို ကြည့်ရှုခြင်းဖြင့် သိနိုင်ပါသည်။
နောက်ပြီး ရှမ်းပြည်ဒေသတွင်ရှိသော အင်းလေးဒေသ၌ အင်းသားတို့သည် မြန်မာပြည် တောင်ပိုင်းဒေသဖက်က လူမျိုးနှင့် ဓလေ့တချို့ တူညီနေသည်ကို တွေ့ရသည်။ ထိုအင်းသားများသည် မိမိတို့၏ အမျိုးအနွယ်အတွင်းသို့ လူမျိုးများပြားလှသည့် ရှမ်းဒေသမှ လူမျိုးများ၏ ဓလေ့ ထုံးထမ်းများ မ၀င်ရောက်နိုင်အောင် တမျိုး၊ လူမျိုးတမျိုး ၏ ရောနှောခြင်းရန်မှ ကာကွယ်မှုဖြင့် တဖုံ၊ အမျိုးဂုဏ်ကို ယခုအထိ စောင့်ရှောက်နေသည်။ ဆိုလိုသည် မှာ ဒေသတခုအတွင်းသို့ တပါးသော လူမျိုးများ ၀င်ရောက်လာ အခြေချလာပုံကို ပဒေသရာဇ်ခေတ်၏ အားနည်း ချက်တခုအရ ထောက်ပြခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံနယ်စပ် မြန်မာနိုင်ငံ အရှေ့ဖက် နယ်စပ်တကျောတွင် တချို့သော မွန် ကရင် လူမျိုးသည် ထိုင်းနိုင်ငံ နယ်နမိတ်အတွင်း နှစ်ပေါင်းများစွာက နေထိုင်လာခဲ့သောကြောင့် ထိုလူမျိုးအနွယ်များကို ထိုင်းအာဏာပိုင်များ က ထိုင်းနိုင်ငံသားနှင့် အဆင့်အတန်းတူသည့် နိုင်ငံသားအဖြစ် ခံယူခွင့်ပေးခြင်း၊ တောင်ပေါ်သား ( ဒုတိယနိုင်ငံ သား အဆင့်အတန်း ) လက်မှတ်များ ထုတ်ပေးခဲ့သည်။ နိုင်ငံသားအဖြစ် ခံယူလိုက်သောသူသည် ထိုင်းလူမျိုးကဲ့ သို့ ထိုင်းဘုရင်မင်းနှင့် ထိုင်းနိုင်ငံ အချုပ်အခြာကို သစ္စာကို စောင့်သိမှသာလျှင် နိုင်ငံသား အဆင့်အတန်းနှင့် ညီ မျှသည်။
နှစ်အနည်းငယ်ကြာလာသောအခါ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံထက် စီးပွားရေးတိုးတက် ချောင်လည်လာသဖြင့် င့်  မြန်မာပြည်ဖက်မှ တိုင်းရင်းသားများ ထိုင်းနိုင်ငံအတွင်းသို့ တစစ ပျံနှံနေထိုင်လာသည်ကို ထိုင်းအစိုး ရ အနြေ့ ဖင့် ထိုသူများအား နှစ်ပေါင်းများစွာက နေထိုင်ခဲ့သူများနှင့် တတန်းစားတည်း မသတ်မှတ်ခဲ့ပေ၊ တချို့ အဆက် အသွယ် ကောင်းမွန်သော သူများသာလျှင် တောင်ပေါ်သားကဒ် ကိုင်ဆောင်ခွင့်သာ ခံစားခွင့် ရရှိသည်။ ( ယနေ့ မြန်မာနိုင်ငံတွင် တရုတ်အနွယ်များ ဧည်နိုင်ငံသား မှတ်ပုံတင် ရသကဲ့သို့ )၊ သို့ဗေမဲ့ ထိုသူများသည် ဘန်ကောက်ကဲ့သို့သော အရပ်ဒေသများတွင် နေထိုင်ခွင့်မရပါ၊ တွေ့ရှိပါက ဖမ်းဆီးခြင်း ခံရသည်။ ထို့ကဲ့သို သတ်မှတ်ခြင်း ခံလိုက်ရသောသူသည်လည်း ထိုင်းစကားနှင့် ထိုင်းစာကို တတ်မြောက်ခြင်းနှင့် ထိုင်းလူမျိုး အာဏာပိုင် တယောက်က ထောက်ခံချက် ပေးမှသာ ဒုတိယနိုင်ငံသား အခွင့်အရေးရှိသော တောင်ပေါ်သား လက်မှတ်ကို ရရှိခံစားနိုင်သည်။
စီးပွားရေးအရရွေ့ပြောင်း နေထိုင်သောသူများကို နိုင်ငံသား ခံယူပိုင်ခွင့် လုံးဝ မရရှိကြပါ၊ ထိုထက်အဆင့် နိပ်သော အလုပ်လုပ်ခွင့် လက်မှတ်ကိုသာ ရရှိသည်။ ထို့အပြင် ထိုလက်မှတ် ကိုင်ဆောင်သူများအား ထိုင်းနိုင် ငံအတွင်း ကလေးမွေးဖွားခွင့်ကို တင်းကြပ်ထားသည်။ ထိုင်း အခြေခံဥပဒေအရ ထိုင်းနိုင်ငံအတွင်း မွေးဖွား ခဲ့သော ကလေးအား နိုင်ငံသားအဖြစ် ရယူခွင့်ရှိသော ဥပဒေက ရှိနေသောကြောင့် အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသည့် ကိုယ်ဝန်ဆောင်မိခင်ကို ထိုင်းနိုင်ငံအတွင်း မွေးဖွားခွင့် မရရှိပဲ မိခင်နိုင်ငံသို့ ပြန်ပို့ခြင်း ခံရ တတ်သည်။ ဤသည်မှာ ထိုင်းနိုင်ငံ၏ နိုင်ငံခြားသားများအပေါ် ထားရှိသော လူဝင်မှုကြီးကြပ်ရေး မူဝါဒ တခုဖြစ် သည်။
ထို့ည်းအတူ အမေရိကန်ပြည်ထောင်စုအတွင်း အကြောင်းမျိုးမျိုးဖြင့် အခြေချနေထိုင်သော သူတယောက် သည် နိုင်ငံသားအဆင့် မဟုတ်သော အမြဲတမ်း နေထိုင်ခွင့်ကို အချိန်ကာလတခု စောင့်ဆိုင်းပြီးမှ သာ လျှင် လျှောက်ခွင့် ရရှိသည်။ ထိုအမျိုးစားကို ဂရင်းကဒ်ဟု ခေါ်သည်။ ချွင်းချက်အနေဖြင့် ကံစမ်း မဲပေါက်ပြီးရော က်ရှိလာသောသူကို ထိုကဒ်ကို ရောက်ရောက်ခြင်း ကိုင်ခွင့်ပေးသည်။ ဂရင်းကဒ်ကို ဆောင်ခွင့်ရလိုက်သည်နှင့် တပြိုင်နက် ထိုသူအား နိုင်ငံသားဟု မသတ်မှတ်သေးပေ၊ နိုင်ငံအတွင်း အခြေချ နေထိုင်ခွင့်ဟူသော တရားဝင် နေထိုင်ခွင့်မျှသာ ခံစားခွင့် ရှိသည်။ နိုင်ငံသားများနှင့် တန်းရည်တူသည့် အခွင့်အရေး ဥပဒေများ အကျိုးမခံစားရပေ၊ ငါသည် အမေရိကန်နိုင်ငံသားတယောက်ဟု ပြောခွင့်မရပါ။
ထိုနေထိုင်ခွင့် ရရှိသောသူသည် တခြားနိုင်ငံသို့ ပြောင်းရွေ့ခွင့် မရရှိပေ၊ အကယ်၍ နိုင်ငံတခုအတွင်း နေ ထိုင် ခွင့်ရသော တစုံတယောက် (သို့) အစုအဖွဲ့တခုသည် တခြားနိုင်ငံသွား တရားဝမင် ၀င်ရောက်ခဲ့သော် လူဝင်မှု ဥပဒေပုဒ်မများဖြင့် ဆောင်ရွက် အပြစ်ဒဏ်ချမှတ်နိုင်သည်။ ထိုအပြစ်မှုကြောင့် လက်ခံထား သည့် နိုင်ငံ က လည်း နိုင်ငံသားဖြစ်ခွင့်ကို လုံးဝ ပေးမည်မဟုတ်၊ နိုင်ငံတခုအတွင်းသို့ အလည်အပတ် သွားလျှင်တောင်မှ သက် ဆိုင်ရာ သံရုံးများသို့ ဗီဇာလျှောက်ရပြီး သူတို့ ခွင့်ပြုမှ ထိုနိုင်ငံအတွင်းသို့ ၀င်ရောက် လည်ပတ်ခွင့်ရသည်။ ထို့အတူ နိုင်ငံအများအပြားတွင်လည်း လူဝင်မှုကြီးကြပ်သည့် အခြေအနေအား ဤသို့ ဤပုံ ပြုလုပ်နေသည် ကို တွေ့ရသည်မှာ နိုင်ငံတကာ မူတခုအနေဖြင့် ကမ္ဘာက လက်ခံနေသည်ကို တွေ့ရသည်။
နောက်တခုက သီရီလင်္ကာတွင် ဖြစ်ပွားနေသည့် စစ်ပွဲသည်လည်း နိုင်ငံရေး ပြသာနာထက် အမျိုး သာသာ သာသနာက ရှေ့တန်းက ရှိနေတဲ့ ပြသာနာပါ၊ အိန္ဒိယ တောင်ပိုင်းတွင် နေထိုင်သော ဘာသာခြား တမီးလ်ပြည် နယ်ကြီးကို ကျောထောက် နောက်ခံပြုပြီး သီရီလင်္ကာအတွင်းရှိ တမီးလ်လူမျိုးများက တိုင်းပြည်တောင်းနေခြင်း င်း ဖြစ်သည်ဟု ထင်၏။ ထိုသည်လည်း အိန္ဒိယနိုင်ငံခြားရေး မူဝါဒကြောင့်ဟု ဆိုရပေမည်။ သို့ဖြစ်၍ ကျွန်းနေ သီရီလင်္ကာလူမျိုးအနေဖြင့်လည်း ကုန်းမကြီးမှ လူမျိုးကြီးတခု ၀ါးမြှိုသည့် ရန်မှ ကာကွယ်နေခြင်း ဖြစ်သည်ဟု ထင်၏။
ကမ္ဘာ့တွင် ထေရ၀ါဒ လက်ခံသည့် နိုင်ငံကိုလက်ချိုး ရေတွက်လို့ရသည့် အနေအထားတခု ဖြစ်နေသည်၊ သင် သည် ကမ္ဘာ့ မြေပုံတချပ်ကို စိတ်ထဲ အာရုံသွင်းလိုက်ပါ၊ ထေရ၀ါဒ ကိုးကွယ်နေသော နိုင်ငံ နယ်နမိတ်ကို စိတ် ကူးဖြင့် ကြည့်လိုက်ပါ မြင်နိုင်၏။ တတ်နိုင်သည့်ဖက်က ကာကွယ်ပြောဆို ပါရစေ၊ အခုလို ထိုင်းအစိုးရ အနေဖြင့် လက်မခံလိုက်သည်ကလည်း ထိုပြသာနာကထိပ်ကပါဝင်နေသည်ဟု ထင်မြင်ပါ၏။ ထိန်းသိမ်းခွင့်ပေးပါ၊ အေး ချမ်းစွာဖြင့် တည်ဆောက်ထားသည့် ဘာသာတရားတခုဟာ ကမ္ဘာ့သမိုင်းတွင် မပျောက်ကွယ်လိုသည့် ဆန္ဒသည် ထေရ၀ါဒ ဗုဒ္ဒဘာသာတိုင်း၏ တာဝန်ဖြစ်သည်။ တပါးသော ဘာသာတရားများကို စည်းရုံး သိမ်းသွင်းခြင်း တိုက်ဖျက်ခြင်း ပုတ်ခတ်ခြင်းမရှိသော အေးမြလှသည့် ထိုဘာသာတရားလေးကို ကိုးကွယ် ရှင်သန်ခွင့်ပြုပါ၊ ဤ ရိုဟင်ဂျာ ပြသာနာသည် ၀ါးမြှိုခြင်းဆန်သည့် အပြုအမှုတခု ဖြစ်လိမ့်မည် ထင်၏၊ လတ်တလော အနေအထားကို ထောက်ရှု့ ပြောဆိုခြင်းမဟုတ်ပါ၊ နောက်နှစ်ပေါင်းများစွာ လာလတ္တံသည့်အချိန် ကာလများတွင် ကြီးမားသော အကျိုးအဆက်ကို တွေးမြင်မိ၏။
မြန်မာ၊ လော၊ သီရီလင်္ကာ၊ ကမ်ပူးချားနှင့် ထိုင်းနိုင်ငံများတွင် သာ တွေ့မြင်နေရသည့် ထေရ၀ါဒ နေရာကလေး သည် ကမ္ဘာ့မြေပြင်နှင့် ယှဉ်ကြည့်လိုက်ရင် ကွင်းကွင်းလေးသာ ကျန်နေတော့သည်။ နောင်တွင် ထေရ၀ါဒ ရှေ့ တန်း အမာခံနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံနှင့် သီရီလင်္ကာနိုင်ငံများတွင် ထိုပြသာနာသည် ပုံစံအမျိုး မျိုးဖြင့် ဖြစ်ပွားနိုင်သော ပဋိပက္ခများဖြင့် ကြုံဆုံရမည် မလွဲပါ။ ထို့ကြောင့် သတိပြု စောင့်ရှောက်ခွင့်ပေးပါ၊ လူမျိုး ကြီး တမျိုးသည် လူမျိုးငယ်များအပေါ်တွင် ထားရှိသည့် သဘောထား အပြုအမူကဲ့သို့ ကမ္ဘာ့ဘာသာကြီးဖြစ်သေ သာ ဘာသာတခုက၀င်ရောက် ထိုးဖေါက်နေသလို ခံစားမိပါသည်။ ဘာသာရေး ပဋိပက္ခတခု အား ဖေါ်ဆောင် လိုသည့် အနေအထားဖြင့် ရေးသားခြင်း မဟုတ်ရပါကြောင်း ကြိုတင် တောင်းပန်ပါရစေ။ မိမိကံကြမ္မာ မိမိဖန်တီး ခွင့်ဆိုသော ဘောင်အတွင်းမှ မိမိ သဘောထား အမြင်ကို ထင်သာ မြင်သာ ဖြစ်စေလို သည့် စိတ်စေတနာ တခု ပါ။
တခါတရံတွင် လူမျိုးကြီးတမျိုးမှ ကျဉ်းမြောင်းသော လူမျိုးရေးအမြင်ရှိသည့် လူတယောက်က တိုင်းရေးသားများ ကို ဒုတိယ နိုင်ငံသား အဆင့်တန်းလောက်သာ သဘောထားရှိသလို၊ အာဏာရှိသူများသည် သူတို့ကပဲ ပြည် ပနှင့် ဆက်ဆံခွင့်အထူးကို ရနေသကဲ့သို့ အတိုက်အခံများကို ပြည်ပအားကိုးဆိုပြီး ဆောင်ပုဒ်မျိုးဖြင့် ထိုးနှစ် တိုက်ခိုက်သလို၊ အခုလည်း အမျိုးဘာသာ သာသနာအတွက် ကာကွယ် ရေးသားနေသောသူများကို ဘာ သာရေး ပဋိပက္ခတခု ဖန်တီးနေရောင်ရောင် တရားခံရှာ ရေးသားနေသည်မှာ စိတ်ပျက် စွာ တွေ့မြင်နေ ရသည်။
ပြသာနာကို အစပျိုးလာသူက မည်သူဖြစ်သနည်း..
ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို မည်သူက စတင် ချိုးဖောက်လာသနည်း..
ထို့ကြောင့် ထေရ၀ါဒ ဗုဒ္ဒဘာသာအား နောက်လာမည့် မိမိ၏ မျိုးဆက်များကို ထိတွေ့စေချင်လိုသောကြောင့် မေး လိုက်ပါရစေ.. ကာကွယ်ပိုင်ခွင့် မပေးတော့ဘူးလား..
လူလ
( မှတ်ချက် ။ ။ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခြင်းဂုဏ်ဖြင့် ပြည့်စုံသည့် မြန်မာနိုင်ငံသား မြန်မာ့ မူစလင်များကို မရည်ညွှန်းပါ )

ရန္တပိုစာချုပ်


ရန္တပိုစာချုပ်


သန်းဝင်းလှိုင်
အောက်တိုဘာ ၁၁၊ ၂၀၁၃
ရန္တပိုစာချုပ်မှာ စစ်ကိုင်းမင်းလက်ထက် (၁၈၁၉ – ၁၈၃၇) ၁၈၂၄ ခုနှစ်မတ်လ ၅ ရက်နေ့တွင် စတင်ဖြစ်ပွားသော ပထမ အင်္ဂလိပ် – မြန်မာစစ်ပွဲကို ပြေငြိမ်းစေရန် အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ်များနှင့် မြန်မာဘုရင်အစိုးရ ကိုယ်စားလှယ်တော်များသည် သက်ဆိုင်ရာ နိုင်ငံတို့၏ ကိုယ်စား လက်မှတ် ရေးထိုးကြသော စာချုပ်ဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်း အင်းဝမြို့မှ တောင်ဘက် မိုင် ၄ဝ ခန့်ကွာ၍ မြင်းခြံမြို့ အထက် ၆ မိုင် ကွာဝေးသော ရန္တပိုရွာတွင် တွေ့ဆုံ ချုပ်ဆိုကြသောကြောင့် “ရန္တ ပိုစာချုပ်” (The Treaty of Yandabo) ဟု ခေါ်သည်။
အဆိုပါ စာချုပ်ကို မြန်မာသက္ကရာဇ် ၁၁၈၇ ခုနှစ် တပေါင်းလပြည့်ကျော် ၄ ရက် (ခရစ် ၁၈၂၆ ခု ဖေဖေါ်ဝါရီလ ၂၄ ရက်) နေ့တွင် မြန်မာတို့ဘက်မှ စစ်သူကြီး လယ်ကိုင်းမြို့စား ဝန်ကြီး မင်းကြီး မဟာမင်းလှကျော်ထင်၊ ကျီဝန် အတွင်းဝန်မင်းကြီး မဟာမင်းလှသီဟသူတို့နှင့် အင်္ဂလိပ်တို့ဘက်မှ အင်္ဂလိပ်အရေးပိုင် အာစီသောကပ်ဘက် (Archibald Campbell)၊ အရေးပိုင် ရောအစ်စံ (Robertson)၊ တိုက်သမ္ဗာန် အုပ်ချုပ်သူ ရစ်ချတ် (Capt.Richard Birch) တို့ နှစ်တိုင်းနှစ်ပြည် မိတ်လက္ခဏာနှင့်အညီ အချင်းချင်း နှုတ်ဆက်ကြပြီးလျှင် မဟာမိတ်အဖြစ် စာချုပ် ချုပ်ဆိုကြသည်။
● နောက်ခံသမိုင်း
ခရစ် ၁၈၁၉ ခုနှစ် ဇွန် ၅ ရက်နေ့တွင် ဘိုးတော်မင်းတရားခေါ် ဗဒုံမင်း နတ်ပြည်စံလွန်တော်မူရာ မြေးတော် စစ်ကိုင်းမင်းက ဆက်ခံ စိုးစံခဲ့သည်။ နောင်တွင် ဘကြီးတော်မင်းတရားဟု အမည်တွင်သော မင်း စစ်ကိုင်းမင်း နန်းတက်သောအခါ ဗဒုံမင်း၏ ဆိုးမွှေ ကောင်းမွှေ အားလုံးကို ဆက်ခံခဲ့ရသည်။ ဗဒုံမင်းလက်က ယိုးဒယား(ထိုင်း) နှင့် စစ်အကြိမ်ကြိမ် ဆင်နွှဲခဲ့သဖြင့် မြန်မာပြည်သူပြည်သားတို့ စိတ်ရော ကိုယ်ပါ နွမ်းနယ်လျက်ရှိကာ စီးပွားရေးလည်း ကျဆင်းခဲ့သည်။ စစ်ကိုင်းမင်းအဖို့ ဤပြဿနာကိုသာမက ဗြိတိသျှ – မြန်မာ နယ်စပ် မပြေလည်မှုများကိုလည်း ရင်ဆိုင်ရသေးသည်။
စစ်ကိုင်းမင်းနန်းတက်ချိန်တွင် ဥရောပ၌ နပိုလီယန် စစ်ပွဲပြီးသည်မှာ ၄ နှစ်မျှ ရှိလေပြီ။ ဗြိတိသျှတို့မှာ အောင်နိုင်သူများ ဖြစ်ရကား ပိုမို၍ နယ်ချဲ့မာန်တက်လာကြသည်။ ဥရောပတိုက်၌ ပြိုင်ဘက်ရှင်းလျှက် အရှေ့တစ်လွှား၌ ပြိုင်ဘက်များကို ဖယ်ရှားကာ ရသမျှနယ်တို့ကို ကိုလိုနီအဖြစ် သိမ်းယူရန် စိုင်းပြင်းလျက် ရှိကြသည်။ ပြင်သစ်တို့မှာမူ ဥရောပနှင့် အိန္ဒိယတွင် စစ်ရေးအရ အင်္ဂလိပ်တို့ကို အလျှော့ပေးခဲ့ရသော်လည်း ကိုလိုနီရှာဖွေပွဲတွင် အပြိုင်ကြဲရန် အားခဲဆဲပင် ရှိသည်။
ဗြိတိသျှနယ်ချဲ့တို့သည် ဗဒုံမင်းလက်ထက်၌ ကပ္ပတိန်ဆိုင်းကို စေလွှတ်သည့် ၁၇၉၅ ခုနှစ်မှသည် စစ်ကိုင်းမင်း နန်းတက်သည့် ၁၈၁၉ ခုနှစ်ထိ နှစ်ပေါင်း ၂၄ နှစ်အတွင်း အိန္ဒိယနိုင်ငံ၏ နယ်ပေါင်းများစွာကို သိမ်းပိုက် ကျွန်ပြုခဲ့ကြသည်။ ၁၇၉၅ ခုနှစ်တွင် သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံကို သိမ်းပိုက်ပြီးသည့်နောက် ၁၇၉၉ ခုနှစ်တွင် မိုင်ဆိုး  (Mysone) နယ်နှင့် မဒရပ်စ် (Madras) နယ်ကိုလည်းကောင်း ၊၁၈ဝ၁ ခုနှစ်တွင် ယူနိုက်တက် ပရော့ဗင်ဆက် (United Provinces) (ယခု အတ္တာပရာဒက်ခ်ျနယ်) ဟု ခေါ်သော နယ်မြေ၏ အထက်ဒေသများကို လည်းကောင်း၊ ၁၈ဝ၂ ခုနှစ်တွင် ဘုံဘေနယ်တွင်းမှ ဘာရိုဒါ (Baroda) ဒေသကိုလည်းကောင်း၊ ၁၈ဝ၃ ခုနှစ်တွင် သြရိသ (Orissa) နယ်ကိုလည်းကောင်း၊ ၁၈၁၈ ခုနှစ်တွင် ပက်သျှဝါ (The Peshwa) နယ်နှင့် ရာဇပုတ္တန (Rajaputana) နယ်ကိုလည်းကောင်း ဗြိတိသျှတို့သည် သိမ်းပိုက်လိုက်ကြသည်။ ၁၇ ရာစုကတည်းက ခြေကုပ်ယူကာနယ်ချဲ့ခဲ့သော ဗြိတိသျှတို့မှာ ၁၉ ရာစုအစတွင် အိန္ဒိယနိုင်ငံ၏ သုံးပုံနှစ်ပုံကျော်မျှကို လက်ဝယ်ပိုက်ထားနိုင်သည့် အခြေသို့ ရောက်နေလေပြီ။ စစ်ကိုင်းမင်းအဖို့ ဤသို့လျှင် အခြေအနေရှိသော ဗြိတိသျှနှင့်ဆက်ဆံရန် အကြောင်းများ ပေါ်ပေါက်ခဲ့လေသည်။
ဗဒုံမင်းလက်ထက်မှပင် စတင်၍ ရခိုင် စစ်တကောင်း နယ်စပ်ပြဿနာနှင့် စပ်လျှဉ်း၍ ဗြိတိသျှ မြန်မာ ဆက်ဆံရေး တင်းမာလာခဲ့ရာ ဗဒုံမင်းလက်ထက် ၁၈၁၃ ခုနှစ်က မြန်မာတို့ နန်းတင်ပေးခဲ့သော မဏိပူရစော်ဘွား မာဂျစ်ဆင်း(Marijit Singh) သည် စစ်ကိုင်းမင်း၏ ရာဇဘိသိက်သွန်းပွဲသို့ လာရောက်ရန် ပျက်ကွက်ခဲ့သည်။ ယင်းသို့ ပျက်ကွက်သည်မှာ တော်လှန်ခြားနားခြင်း ဖြစ်သည်ဟု စစ်ကိုင်းမင်းက မှတ်ယူသည်။ ထို့ကြောင့် နန်းတက်သည့် ၁၈၁၉ ခုနှစ်တွင်ပင် မဏိပူရသို့ မြန်မာတပ်များကို စေလွှတ်သည်။ မာဂျစ်ဆင်းသည် မြန်မာတပ်များ၏ တိုက်ခိုက်မှုကို မခံမရပ်နိုင်ဘဲ ကချာ (Cachar) နယ်သို့ ထွက်ပြေးသွားသည်။ ကချာနယ်မှာ ဗြိတိသျှပိုင် ဆီလဟတ် (Sylhet) နယ်နှင့် ကျောခိုင်းနံစပ် ဖြစ်သည်။ ကချာနယ်တွင် မာဂျစ်ဆင်း၏ တပ်များက လုယက်သောင်းကျန်းကြသည်။ ထို့ကြောင့် ကချာစော်ဘွား ဂေါဝိန္ဒချန္ဒရာ (Govinda Chandra) သည် ဗြိတိသျှပိုင်နက်အတွင်းသို့ ပြေးဝင်ကာ ဗြိတိသျှတို့ထံမှ အကူအညီကို တောင်းခံလေသည်။
အိန္ဒိယဘုရင်ခံချုပ်သည် စစ်တကောင်းနယ်၏ နောက်ဖေးတံခါးပေါက်သဖွယ်ဖြစ်သော ကချာနယ်ကို သိမ်းပိုက်ရန် ရှေးမဆွကပင် စီစဉ်ပြီးဖြစ်သည်။ ကချာနယ်အတွင်း၌ အချင်းချင်း မညီမညွတ် ဖြစ်နေသည်ကို အခွင့်ကောင်းယူရန်  မိမိမည်သို့ စီစဉ်ထားကြောင်း ၁၈၂၃ ခုနှစ် ဇွန်လခန့်ကပင် အရှေ့အိန္ဒိယကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့သို့ အကြောင်းကြားထားခဲ့ပြီး ဖြစ်သည်။ မြန်မာတို့ကလည်း ဤအချက်ကို ရိပ်စားမိသောကြောင့် ကချာနယ်ဘက်သို့ အာရုံစူးစိုက်လာပြီး ၁၈၂၃ ခု နိုဝင်ဘာလတွင် ဆီလဟတ်နယ်နှင့် အာသံနယ်စပ် တစ်လျှောက်၌ တပ်အင်အား အခိုင်အမာ ချထားလိုက်သည်။ ကချာနယ်ကို မတိုက်ခိုက်ရန် မြန်မာတပ်မှူးအား ဗြိတိသျှတို့က ချက်ချင်းပင် စကားဆိုလာသည်။ ကချာနယ်ကို ကာကွယ်စောင့်ရှောက်ပေးရေးနှင့် နေသားတကျ ရှိအောင် စီစဉ်ပေးရေးအတွက် ဝင်ရောက်စွတ်ဖက်ရန် အခွင့်အရေးမှာ ဗြိတိသျှအစိုးရ၌သာ ရှိသည်ဟု အကြောင်းပြလေသည်။
ဗြိတိသျှတို့သည် မြန်မာများလက်တွင်းသို့ ကချာနယ် ကျရောက်သွားမည်ကို စိုးရိမ်ကြသည်။ ကချာနယ် ကျသွားလျှင် ဘင်္ဂလားနယ် အရှေ့ပိုင်းကို မြန်မာတို့ အလွယ်တကူ တိုက်ခိုက်နိုင်မည်ဟု ယူဆကြသည်။ ထို့ကြောင့် ကချာနယ်ကို မြန်မာတို့ထက် လက်ဦးအောင် သိမ်းပိုက်လိုက်ပြီး အစောင့်အရှောက်ခံ နယ်တစ်နယ်အဖြစ် ကြေညာလိုက်ကြသည်။ ၁၈၂၃ ခုနှစ်တွင် ကချာနယ်အတွင်းသို့ မြန်မာတပ်များ ဝင်ရောက်ကာ မာဂျစ်ဆင်း၏ တပ်များကို တိုက်ခိုက်သည်။ ကချာနယ်တွင် ထိုစဉ်က ဗြိတိသျှတပ်များ ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ဗြိတိသျှတပ်များနှင့် မြန်မာတပ်များ ရင်ဆိုင်တွေ့ကာ တိုက်ပွဲများ ဖြစ်ပွားသည်။ ၁၈၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ဗြိတိသျှတို့ဘက်မှ အထိနာ၍ ခံစစ်အဖြစ်သာ ရပ်ခံကြသည်။
ဤသို့ဖြင့် မဏိပူရအရေးအခင်းမှ ကချာအရေးသို့ ကူးပြောင်းသွားပြီး ဗြိတိသျှတို့နှင့် မသင့်မတင့် ဖြစ်ရသည့် အခြေသို့ ရောက်ရှိခဲ့ရပေသည်။ ထိုစဉ်အခါကပင် အိန္ဒိယနိုင်ငံအပါအဝင် အရှေ့အာရှတစ်ခွင်လုံး၌ မွှေနေသူမှာ အရှေ့အိန္ဒိယကုမ္ပဏီပင်ဖြစ်သည်။ အရှေ့အိန္ဒိယကုမ္ပဏီသည် အခွင့်သာလျှင် ဘနဖူး သိုက်တူးမည် ဆိုသော အရင်းရှင်တို့ ပူးပေါင်းတည်ထောင်ထားသည့် ကုမ္ပဏီဖြစ်သည်။ အမြတ်အစွန်း ရမည်ဆိုပါက စစ်ဖြစ်ရန်လည်း မရွံ့၊ လူမျိုး သိက္ခာကျမည်ကိုလည်း မစိုးရိမ်ချေ။ ထို့ကြောင့် နပိုလီယန်စစ်ပွဲ အပြီးတွင် အင်အားပြန်လည်တောင့်တင်းလာပြီ ဖြစ်သောအခါ၌ ဗြိတိသျှတို့၏ ကမ္ဘာ့အရှေ့ခြမ်းဘက်ရှိ တပ်စွယ်ကြီးသဖွယ်ဖြစ်သော အရှေ့အိန္ဒိယကုမ္ပဏီသည် မြန်မာနိုင်ငံကို အမျိုးမျိုး အဖုံဖုံ ရန်စခဲ့လေ၏။ မြန်မာတို့က မည်သို့ပင်ပြေလည်အောင် ကြိုးစားဆောင်ကြဉ်းစေကာမူ ဗြိတိသျှနယ်ချဲ့တို့အနေဖြင့် မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ သို့ကလို အရှေ့အိန္ဒိယကုမ္ပဏီ၏ စေသည့်ကျွန်၊ ထွန်သည့်နွား ဖြစ်သော အိန္ဒိယအစိုးရနှင့် အိန္ဒိယဘုရင်ခံချုပ်တို့၏ အကြံပက်စက်မှုကြောင့် နောက်ဆုံးတွင် ပထမ  အင်္ဂလိပ် – မြန်မာ စစ်ပွဲမှာ ရှောင်လွှဲ၍ မရတော့ဘဲ ပေါက်ကွဲဖြစ်ပေါ် လာရပေတော့သည်။
၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ဘုရင်ခံချုပ် လော့ဒ်အင်းဟတ် (Lord Amherst) က မြန်မာနိုင်ငံနှင့် စစ်ဖြစ်နေပြီဖြစ်ကြောင်း တရားဝင် ကြေညာသည်။ ထို့နောက် အာသံ၊ မဏိပူရ၊ ပန်းဝါ ဒေသများ၌ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားသည်။ ဤတိုက်ပွဲများသည် ဗြိတိသျှတို့အား တပ်လန်အောင် ဦးဆောင်တိုက်သူများမှာ မဟာဗန္ဓုလနှင့်နှင့် မင်းကြီးမဟသီဟသူရ (မြ၀တီမင်းကြီးဦးစ) တို့ ဖြစ်သည်။ မဟာဗန္ဓုလတပ်များက ပန်းဝါကို သိမ်းပိုက်လိုက်သောအခါ ကာလကတ္တား၌ ရုတ်ရုတ်သဲသဲ ထိတ်လန့်တုန်လှုပ် ရှိခဲ့ကြလေသည်။
မင်းကြီးမဟာသီဟသူရသည် ပန်းဝါတွင် အောင်ပွဲဆင်လိုက်ပြီးနောက် “စစ်တကောင်းမြို့သို့ ချီတက်သိမ်းယူဦးမည် ရှိသည်ကို မချီမတက် မသိမ်းမယူနှင့်၊ တပ်မက အကြိမ်ကြိမ် လာရောက်သောကြောင့် မချီမတက် ရင်ဆိုင်နေရသည်” ဟု ဆိုရာ မဟာဗန္ဓုလက “ ပန်းဝါအရပ်တွင် တပ်အပြီးအပိုင် တည်လုပ်ပြီးလျှင် မျိုးရိက္ခာသွင်း၍ မိုးတွင်းကာလကို ရပ်နေရမည်” ဆင့်ဆိုမှာထားသောကြောင့် ပန်းဝါ အနီးအပါး ဘလောင်ချိပ်၊ ဟရဆင်း၊ မဟာခိုကျွန်း ကျေးရွာများမှာ ရှိသည့် ဆန်စပါးများကို စုပုံ၍ တပ်ခိုင်တပ်လုံတည်ပြီးလျှင် အတွင်းဝန်မင်းကြီး မဟာသီဟသူရ၊ မင်းကြီးမဟာမင်းလှရာဇာ၊ ဓည၀တီမြို့ဝန် မဟာမင်းကြီး ကျော်စွာတို့ သုံးတပ် ရပ်နေရ၏။
ပန်းဝါ၌ ဗြိတိသျှတို့ အရေးနိမ့်မှုကြောင့် စစ်တကောင်း၌ အထိတ်တလန့် ရုတ်ရုတ်သဲသဲ ဖြစ်လျက် ရှိသည်။ ဒက္ကာနှင့် ကာလကတ္တား၌ပင်လျှင် စိုးရိမ်ထိတ်လန့်လျက် ရှိကြသည်။ စစ်တကောင်းမြို့ အရေးပိုင်သည် မြန်မာတို့ချီတက် တိုက်ခိုက်လာမည်ကို ခုခံကာကွယ်ရန် စစ်အင်အားဖြည့်တင်းခြင်း၊ စစ်သား စုဆောင်းခြင်းတို့ကို ပြုလုပ်ခဲ့ပေသည်။ အကယ်၍သာ ကာလကတ္တားသို့ မြန်မာတပ်များ ချီတက်လာမည် ဆိုပါက ချီတက်ရောက်ရှိနိုင်သည်ဟု အများက ယူဆခဲ့ကြသည်။ သို့သော် ပန်းဝါတွင် အနိုင်ရပြီးနောက် မဟာဗန္ဓုလက ဆက်လက်၍ အပြီးတိုင် အောင်ပွဲဆင်ခြင်း မပြုဘဲနေသည်ကို ဗြိတိသျှတို့ မတွေးတတ် ဖြစ်ခဲ့ကြ၏။
မြန်မာတပ်များသာ စစ်တကောင်းသို့ ချီတက်မည် ဆိုပါလျှင် စစ်တကောင်း အရေးပိုင်၏ ဖြစ်သလို အမြန်အဆန် စုဆောင်းဖွဲ့စည်းထားသော တပ်များသည် စစ်တကောင်းမြို့ မကျအောင် ခုခံကာကွယ်နိုင်ဖွယ် မရှိချေ။ စစ်တကောင်းအနီးသို့ မြန်မာတပ်များ ရောက်လာပြီဆိုသည်နှင့် အရှေ့ပိုင်း ဘင်္ဂလားနယ် တစ်နယ်လုံး အုပ်မနိုင်ထိန်းမရ အထိတ်တလန့်ဖြစ်ကာ ဗြိတိသျှအစိုးရ၏ အစီအစဉ်များမှာ ပျက်ပြားသွားခဲ့ပေလိမ့်မည်။ အကယ်၍ မဟာဗန္ဓုလသာ မြန်မြန်ထက်ထက် ချီတက် တိုက်ခိုက်ခဲ့ပါမူ စစ်ပွဲအနေအထားမှာ ပြောင်းလဲသွားဖွယ် ရှိချေသည်။
မင်းကြီးမဟာသီဟသူရ၏ အစီအစဉ်အတိုင်း စစ်တကောင်းသို့ ချီတက်တိုက်ခိုက်ဖြစ်ခဲ့ပါလျှင် အင်္ဂလိပ် – မြန်မာ စစ်ပွဲ၏ ရလဒ်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ကြောင်း ထိုစဉ်က ကိုယ်တိုင်ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များသာမက ခေတ်သစ် သမိုင်းပညာရှင်တို့ကပါ ယုံကြည်ကြပေသည်။ ဗြိတိသျှတို့သည် မူလ စစ်ရေး အစီအစဉ်အတိုင်း ရခိုင် ၊မဏိပူရဒေသတို့၌ စစ်တစ်မျက်နှာ ဖွင့်တိုက်နေစဉ် စစ်သည်ပေါင်း ၁၁၅ဝဝ ဖြင့် ဆာအာချီဘောကင်းဘဲလ်ကို ရန်ကုန်သို့ ရေကြောင်းဖြင့် ချီတက်စေသည်။ ဤရေကြောင်းချီတပ်များက မာန်အောင်ကျွန်း၊ မော်တင်ကျွန်းနှင့် ဟိုင်းကြီးကျွန်းတို့ကို သိမ်းပိုက်လိုက်ကြသည်။ ပန်းဝါသို့ မင်းကြီးမဟာသီဟသူရ ချီတက်တိုက်ခိုက်ရခြင်းမပြုမှီ မဟာဗန္ဓုလသည် “စစ်တကောင်း၊ ပန်းဝါအရောက် တိုက်ခိုက်အောင်မြင်သော်လည်း ကုလားတို့ ငြိမ်ဝပ်မည် မဟုတ်၊ ပင်လယ်ရေလမ်းသင့်ရာ ဟံသာဝတီ ရန်ကုန်မြို့ကို ထိပါး နှောင့်ယှက်ရန် ရှိပါသည်။ ဟံသာဝတီမြို့မှာ နှလုံးလက်ရုံးနှင့် ပြည့်စုံသူ မှူးကြီးမတ်ကြီးတို့ ရပ်နေမှ သင့်ပါမည့်အကြောင်း” ကြိုတင်၍ စစ်ကိုင်းမင်းထံ လျှောက်ထားလိုက်လေသည်။ ထိုလျှောက်ထားချက်အတိုင်း စစ်ကိုင်းမင်းက ဝန်ကြီး သတိုးမင်းကြီး မဟာမင်းခေါင်နှင့် ဝန်ကြီး သတိုးမဟာသေနာပတိ တို့ကို ၁၈၂၄ ခုနှစ် မေလ ၇ ရက်နေ့တွင် ရန်ကုန်သို့ စုန်ဆင်းစေသည်။
၁၈၂၄ ခုနှစ် မေလ  ၁၀ ရက်နေ့တွင် ဗြိတိသျှတပ်များ ရန်ကုန်သို့ ရောက်လာသောအခါ မြန်မာတို့ဘက်မှ မြို့စောင့်တပ်မျှသာ ရှိ၍ မြို့တွင်းမှ ဆုတ်ပေးခဲ့ရသည်။ ထို့နောက် မြန်မာတပ်များသည် ကြည်မြင့်တိုင်တွင် ခံတပ် အခိုင်အခံ့ဆောက်လုပ်ကာ စစ်ပြင်ဆင်ခဲ့ကြသည်။ ထိုစဉ်က စစ်မျက်နှာ၌ အရေးမလှဖြစ်နေ၍ မဟာဗန္ဓုလသည် အုပ်စီးမပျက် တပ်များကို ကွပ်ကဲ၍ ရုတ်ခြည်း ရောက်ရှိလာသောအခါ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခဲ့သည်။
မြန်မာတပ်တို့၏ စစ်ချီ၊ စစ်တက်၊ တိုက်ခိုက်လှုပ်ရှားမှုများမှာလည်း အဆင့်အတန်း မနိမ့်ချေ။ တပ်ဗိုလ် တပ်သားများ၏ သူရသတ္တိမှာလည်း ရန်သူများပင် အံ့သြရလောက်အောင် ထူးခြားလှသည်။ သို့ရာတွင် ဗြိတိသျှတို့၏ လက်နက်နှင့် မြန်မာတပ်များ ကိုင်ဆောင်သော လက်နက်ချင်းကား မယှဉ်သာအောင် ကွာခြားသောကြောင့် မဟာဗန္ဓုလသည် ရပ်တန့်မခုခံနိုင်ဘဲ ရန်ကုန်မြို့မှ ဓနုဖြူသို့ ဆုတ်ပေးခဲ့ရလေသည်။ ထို့နောက် ဓနုဖြူခံတပ်တွင် စစ်သည်များကို ကွပ်ကဲနေသော နယ်ချဲ့အင်္ဂလိပ် ပစ်ခတ်ခဲ့သော ဗုံးဆန်ထိမှန်၍ ၁၈၂၅ ခု ဧပြီလ ၁ ရက်နေ့တွင် ကျဆုံးသွားခဲ့ရလေသည်။
မဟာဗန္ဓုလသည် ဘိုးတော်မင်းတရား လက်ထက်ကပင် အိမ်ရှေ့မင်းအိမ်တော်၌ အမှုထမ်းရွက်ခဲ့သူ ဖြစ်သည်။ အိမ်ရှေ့ ကိုယ်ရံတော်၊ ဗြဲတိုက်သံတော်ဆင့် စသော ရာထူးများဖြင့် အမှုထမ်းခဲ့ပြီးနောက် ၁၈၁၃ ခုနှစ် ဇွန်လတွင် နေမျိုးသူရရဲခေါင်ဘွဲ့ခံ ဒီပဲယင်းမြို့ဝန်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ သူသည် ဒီပဲယင်းမြို့ဝန် ဘ၀၌ပင် မဏိပူရတိုက်ပွဲ၊ အာသံတိုက်ပွဲများ၌ ပါဝင်စစ်မှုထမ်းခဲ့သည်။ ထို့နောက် ၁၈၁၉ ခုနှစ် စစ်ကိုင်းမင်း နန်းတက်လာသောအခါ အလုံမြို့ဝန်အဖြစ် တိုးမြှင့်ခန့်အပ်ခံခဲ့ရသည်။ ထိုစဉ်အတွင်း မင်းကြီးမဟာဗန္ဓုလဘွဲ့ ပေးအပ်ခံခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် အင်္ဂလိပ် – မြန်မာ ပထမစစ်ပွဲ မတိုင်မှီ၌ပင် အလုံမြို့ဝန် မင်းကြီးမဟာဗန္ဓုလကို ၀န်ကြီးရာထူး တိုးမြှင့်ခန့်အပ်လိုက်သည်။ သတိုးသုဓမ္မမဟာဗန္ဓုလသည် ဝန်ကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ရပြီး နှစ်နှစ်အကြာ၌ ကျဆုံးခဲ့ရခြင်း ဖြစ်သည်။
မဟာဗန္ဓုလ ကျဆုံးပြီ ဆိုသည့်နောက် မြန်မာတပ်များသည် ဓနုဖြူမြို့ကို လက်လွှတ်လိုက်ရ၍ အထက်ပိုင်းသို့ ဆုတ်ခွာပေးခဲ့ကြရလေသည်။ မင်းကြီး သတိုးသုဓမ္မမဟာဗန္ဓုလ ကျဆုံးပြီးသည့်နောက် ဗြိတိသျှတပ်များသည် မြန်မာနိုင်ငံ အထက်ပိုင်းသို့ ကြည်းကြောင်း၊ ရေကြောင်း နှစ်ဖက်ညှပ်၍ ဆက်လက် ချီတက်ကြသည်။ မြန်မာတပ်များသည် ပြည်မြို့အနီးတစ်ဝိုက်မှ ဆီးဆို့ခုခံကြသည်။ ပြည်မြို့တစ်ဝိုက် ဖြစ်ပွားသော တိုက်ပွဲများကို ဦးဆောင်သည့် မြန်မာတပ်မတော် တပ်မှူး တပ်ဗိုလ်များတွင် ရှမ်းအမျိုးသမီး သုံးဦး ပါဝင်သည်။ ဤတိုက်ပွဲများ၌ ရှမ်းစော်ဘွား မြို့စားတို့၏ တပ်များသည်လည်း မြန်မာတပ်များနှင့်အတူ လက်တွဲ၍ ဗြိတိသျှတို့အား ရွပ်ရွပ်ချွံချွံ ပါဝင်တိုက်ခိုက်ခဲ့ကြရာ ဗိုလ်ချုပ် မဟာနေမျိုးနှင့်အတူ မောက်မယ်စော်ဘွား ကျဆုံးခဲ့ရလေသည်။ ဤသည်မှာ တိုင်းရင်းသားအချင်းချင်း အရေးကြီးက သွေးနီးခဲ့သည့် သာဓက တစ်ရပ်ပင် ဖြစ်သည်။
သို့သော် ဗြိတိသျှတို့က စစ်နှစ်ဖက်ညှပ်ကာ ခဲယမ်းမီးကျောက်တို့ကို သုံး၍ တိုက်ခိုက်မှုကြောင့် ပြည်မြို့မှ မြန်မာတပ်များ ဆုတ်ခွာ၍ ဝက်ထီးကန်အရပ်မှ ခုခံကြပြန်သည်။ ဝက်ထီးကန်သို့ ချီတက် တိုက်ခိုက်သော ကာနယ်မက်ဒူးဝေါ (Col.Mc Dowall) ၏ ဗြိတိသျှတပ်များသည် အထိနာလှ၏။ ဤတိုက်ပွဲ၌ ဗိုလ်မှူးကြီး မက်ဒူးဝေါ အပါအဝင် အင်္ဂလိပ်အရာရှိ ငါးယောက်နှင့်တကွ အင်္ဂလိပ်စစ်သား အမြောက်အမြား၊ ကုလားစစ်ဗာရီ အမြောက်အမြား ကျဆုံးလေသည်။ ဗြိတိသျှတို့ မခံမရပ်နိုင်တော့ဘဲ ပြည်မြို့သို့ ပြန်လည်ဆုတ်ခွာကြရသည်။ သို့သော် များမကြာမီကပင် အင်အားအလုံးအရင်းဖြင့် ပြန်လည်၍ ဗြိတိသျှတို့က တိုက်ခိုက်သောအခါ မြန်မာတပ်များ ဆုတ်ရလေ၏။
ပြည်မြို့နှင့် ဝက်ထီးကန် ကျသွားပြီးနောက် မြန်မာ့တပ်မတော်သည် မြေထဲ မလွန်၊ ပုဂံ၊ ညောင်ဦး၊ ဆမိတ်ခုံ အစရှိသည့် မြို့ရွာများမှ ခုခံတိုက်ခိုက်နိုင်သမျှ တိုက်ခိုက်ရင်း အခြေအနေအရ အဆင့်ဆင့် ဆုတ်ခွာခဲ့ကြရာ နောက်ဆုံးတွင် ဗြိတိသျှတပ်များသည် ရန္တပိုရွာ အထိ ချီတက်နိုင်ခဲ့ကြလေသည်။ ထိုအခါ မြန်မာ့လွှတ်တော်သည် အခြေအနေအမှန်ကို သိလာသည့်အလျောက် စစ်ပြေငြိမ်းစကားဆိုရန် စစ်ကိုင်းမင်းအား တိုက်တွန်းလေတော့သည်။ ထို့ကြောင့် ယုဒသန် (Dr.Adoniram Judson) နှင့် ဒေါက်တာ ပရိုက် (Dr.Price) တို့ကို ဗြိတိသျှတပ်များ ရှိရာသို့ စေလွှတ်၍ စစ်ပြေငြိမ်းရေး အစီအစဉ်ကို ဆွေးနွေးစေသည်။
ဤသို့ဖြင့် မြန်မာအစိုးရက အာဏာကုန် လွဲအပ် အပ်နှင်းထားသော လယ်ကိုင်းမြို့စားဝန်ကြီး မင်းကြီးမဟာမင်းလှကျော်ထင်၊ ကျီဝန် အတွင်းဝန်မင်းကြီး မဟာမင်းလှသီဟသူရတို့သည် ဆာအာချီ ဘောကင်းဘဲလ် အပါအ၀င် အခြားအင်္ဂလိပ်အရာရှိတို့နှင့်  ရန္တပိုရွာတွင် တွေ့ဆုံကာ နောင်တွင် ရန္တပိုစာချုပ် ဟု ထင်ရှားသည့် စစ်ပြေငြိမ်းရေးစာချုပ်ကို ချုပ်ဆိုခဲ့လေသည်။ ဤစာအုပ်ဖြင့် အင်္ဂလိပ် – မြန်မာ ပထမစစ်ပွဲသည် ၁၈၂၆ ခုနှစ်တွင် ပြီးဆုံးသွားခဲ့လေသည်။
ရန္တပိုစာချုပ်၏ ပုရပိုက်ပါ မူရင်း အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည် -
(၁) ရန္တပိုရွာမှာ ၁၈၂၆ ခု၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ သက္ကရာဇ် ၁၁၈၇ ခု တပေါင်း လပြည့်ကျော် ၃ ရက်နေ့၊ ဘိလပ်အရေးပိုင် ဗိုလ်ချုပ်မင်းတို့နှင့် မြန်မာအရေးပိုင် ၊ လယ်ကိုင်းမြို့စား ၀န်ကြီးမင်း၊ ရွှေခွန်ဝန်၊ အတွင်းဝန်မင်းကြီးတို့သည် အချင်းချင်း စိတ်သဘောတူ၍ ပြောဆိုကြသည့် စကား။
ပြည်ကြီး နှစ်ပြည်၊ တိုင်းကြီး နှစ်တိုင်း၊ ခိုက်ရန် မဖြစ်မပွားကြအောင်၊ မကောင်းကြံ လူဆိုးများ၊ အချင်းချင်း မသင့်မတင့် ရန်မဖြစ်ရအောင်၊ ပြည်ကြီးနှစ်ပြည်၊ တိုင်းကြီးနှစ်တိုင်း၊ မကောင်းသောအကျိုး မရောက်မရှိရအောင်၊ ပြည်မြို့မှာ အင်္ဂလိပ်ဗိုလ်ချုပ်မင်းတို့ ရပ်နေ၍ မထွက်မသွားမှီ၊ ပြည်မြို့ပတ်လည် ခရီး သုံးသောင်းကွာအတွင်း မြန်မာတပ် မချီမတက်စေရ ဆင့်ဆို သိမ်းဆည်းပါ ဆိုသည့်အတိုင်း သိမ်းဆည်းပါမည်။
၎င်းရန်ကုန်မြို့မှာ အင်္ဂလိပ် ဗိုလ်ချုပ်မင်းတို့ ရပ်နေ၍ အင်္ဂလိပ်မြို့သို့ မစုန်မသွားမှီ ရန်ကုန်မြို့ပတ်လည် ခရီးလေးသောင်းကွာ၊ မြန်မာတပ် မချီမတက်စေရ။ ဆင့်ဆိုသိမ်းဆည်းပါ ဆိုသည့်အတိုင်း သိမ်းဆည်း ပါမည်။ ၎င်းဧရာဝတီမြစ်တွင်း အင်္ဂလိပ်ဗိုလ်ချုပ်မင်းတို့က လှေတက် သမ္ဗာန်နောက်ကျန်၍နေလျှင် မသိမ်းမယူ မတားမဆည်းပါနှင့်။ သူခိုး လူဆိုးတို့ကိုလည်း မတိုက်မယူစေရ ဆင့်ဆိုမစပြီးလျှင် ရန်ကုန်မြို့ဖြစ်စေ ၊ ပင်လယ်ရောက်ဖြစ်စေ၊ ဘုန်းတော်ကို ခိုလှုံ၍ ကောင်းကောင်းလာရောက်ပါစေ ဆိုသည့်အတိုင်း မြန်မာအရေးပိုင် လယ်ကိုင်းမြို့စားကြီး ရွှေခွန်ဝန် အတွင်းဝန်မင်းကြီးတို့က အသာအယာ လာရောက်စေမည်။
၁။ လယ်ကိုင်းမြို့စားဝန်ကြီး။
၂။ ရွှေခွန်ဝန် အတွင်းဝန်။
က္ကနြ္ဒိယတိုင်းကို အစိုးရသော အင်္ဂလိပ်ကုမ္ပဏီ (East India Company) ဘုရင်က ခန့်ထားသော အရေးပိုင် ဗိုလ်မှူးမင်းကြီး မှူးမတ်ကြီး အာစီသောကပ်ဘက် (Archibald Campbell)၊ အရေးပိုင်မင်း ရောအစ်စံ (Robertson)၊ ဧရာဝတီမြစ်တွင်းရှိသော အင်္ဂလိပ်တိုက်၊ သမ္ဗန်များကို အုပ်စိုးသော မင်းဆက် (Capt.Richart Birch) တို့နှင့် မြန်မာရှင်ဘုရင်ခန့်ထားသော လယ်ကိုင်းမြို့စားဝန်ကြီး မင်းကြီးမဟာမင်းလှကျော်ထင်၊ ရွှေခွန် (ကျီ)၀န် မင်းကြီးမဟာမင်းလှသီဟသူတို့က သက္ကရာဇ် ၁၁၈၇ ခု တပေါင်းလပြည့်ကျော် ၄ ရက်နေ့ (ခရစ် ၁၈၂၆ ခု ဖေဖော်ဝါရီလ ၂၄ ရက်)၊ (ရန္တပို)မှာတွေ့၍ ကုမ္ပဏီမင်း၊ မြန်မာဘုရင်အချင်းချင်း စစ်ငြိမ်း၍ မိတ်သဟာယဘွဲ့ သော စာချုပ်စကား။
ပထမ။  အင်္ဂလိပ်ကုမ္ပဏီမင်းနှင့် မြန်မာရှင်ဘုရင်တို့က စစ်ပြေငြိမ်း၍ မိတ်သဟာရ အစဉ်အဆက် ဖြစ်စေ။
ဒုတိယ။ မြန်မာရှင်ဘုရင်က အာသံပြည် မြို့ရွာ အက္ကပတ်ပြည်၊ ဝေသာလီပြည်တို့ကို အစိုးမပိုင်။ နောက်တတန် မစီရင်ရ။ မဏိပူရမြို့မှာလည်း ဂမ္ဘီရရှိန် (Gambhir Sing) က မိမိပြည်သို့ ပြန်၍ မင်းပြုလုပ်လိုလျှင် မြန်မာဘုရင်က အဆည်းအတား အနှောင့်အယှက် မပြုရ။ နေစေရမည်။
တတိယ။ နောက်တဘန်။ ပြည်ကြီး ၂ ပါး အခြားကို ငြင်းခုံရန် အကြောင်းမရှိရအောင် အင်္ဂလိပ်မင်းက တိုက်၍ အောင်ခဲ့သော် ရခိုင်၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲ တည်းဟူသော ရခိုင်ပြည်ကြီးကို အစည်ယူ၍ မြန်မာရှင်ဘုရင်က အစိုးမပိုင်ရ။ ရိုးမ ဘိုးခေါင်၊ တောင်တန်း၊ မော်တင်စွန်းစေတီထိစပ်ကြား အပိုင်းအခြားဖြစ်စေ၊ နောက်မှအပိုင်းအခြားကို ငြင်းခုံရန်ရှိလျှင် အင်္ဂလိပ်မင်း၊ မြန်မာမင်း ခန့်ထားသော သူတို့ အထက်နယ်နိမိတ် အတိုင်း မှန်ကန်အောင် စီရင်စေ။ ခန့်ထားသော သူတို့လည်း အရာရှိမှူးမတ် လူကောင်းဖြစ်စေရမည်။
စတုတ္ထ။ မြန်မာရှင်ဘုရင်က အင်္ဂလိပ်မင်းတို့ကို ရေး၊ ထားဝယ်၊ မြိတ်၊ တနင်္သာရီမြို့ရွာ နယ်နိမတ်၊ တောင်ကမ်း ကျွန်းများနှင့်တကွ အပိုင်ပေးသည်။ သံလွင်မြစ်က  အပိုင်းအခြား ဖြစ်ရမည်။ နောက်မှာ အပိုင်းအခြားကို ငြင်းခုံရန်ရှိလျှင် အထက် ဆိုခဲ့သည့်အတိုင်း စီရင်စေ။
ပဉ္စမ။ မြန်မာရှင်ဘုရင်က ပြည်ကြီးနှစ်ပါး အစည် မိတ်သဟာယဘွဲ့ စေ ဖြစ်သော စေတနာ အလိုရှိစေရအောင် ၎င်းအင်္ဂလိပ်က စစ်တိုက်ရာတွင် ကုန်ပြီးသော ဧရိယာအနက် အနည်းငယ် ပြေရအောင် ၎င်းဒင်္ဂါးပြားရေ တကုဋေ ပေးရမည်။
ဆတ္ထမ။ ယခု စစ်တိုက်ကြသည့်အတွင်း ကုလားဘက်သို့ ၀င်စားသည့် မြန်မာရှင်ဘုရင် ကျွန်၊ မြန်မာဘက်သို့ ဝင်စားသော ကုလား၊ အလိုလို ဝင်စားသည်ဖြစ်စေ၊ အနိုင်ဝင်စား ရသည်ဖြစ်စေ၊ အဘယ်သူမျှ တဘက်က တဘက်သို့ ဝင်စားသည့်အတွင်း ရာဇ၀တ်မခံ အနှောင့်အရှက် မရှိစေရ။
သတ္တမ။ ပြည်ကြီးနှစ်ပါး၊ ယခုဘွဲ့သော မိတ်သဟာရ မြဲစေရအောင် အင်္ဂလိပ်မင်း ခန့်ထားသော အရာရှိတစ်ယောက် ၊ အချွေအရန် လူ ၅၀ ၊ လက်နက်အစုံနှင့် မြန်မာမြို့တော်မှာ နေစေ။ မြန်မာမင်း ခန့်ထားသည့် အရာရှိတစ်ယောက် အချွေအရန် လူ ၅ဝ၊ လက်နက်အစုံနှင့် ကုမ္ပဏီမြို့တော်မှာနေစေ၊ ကုလားပြည်မှာနေသော မြန်မာမင်း၊ မြန်မာပြည်မှာနေသော ကုလားမင်းတို့က မိမိနေစေရာသို့ အတော်အသင့် တိုက်အိမ်ကို ဝယ်လိုလျှင် ဝယ်၍နေစေ။ အသစ်တည်လိုလျှင်လည်း တည်လုပ်စေ၊ ၎င်းနှစ်နိုင်ငံ နှစ်ပါး အကျိုးစီးပွားကို ပွားစေခြင်းဌာ ရွှေလမ်း ငွေလမ်း ဖွင့်၍ အချင်းချင်း ဖောက်ကားရောင်းဝယ် အမှုအရေးများနှင့် ဆိုင်သော စာချုပ်ကို ဘတ်၍ လုပ်စေရမည်။
အဋ္ဌမ။ စစ်မရှိ မတိုက်မှီ ကြွေးဟောင်း မြည်းဟောင်း ရှိသမျှ အရာရှိ ဆိုင်သည်ဖြစ်စေ၊ ဆင်းရဲသား ဆိုင်သည်ဖြစ်စေ ၊ သစ္စာရှိသည့်အတိုင်း ကုန်စင်အောင် ဆပ်စေရမည်။ ကြွေးတင်သည့်နောက် စစ်ဖြစ်သည် ဆိုသည် မကပ်မခိုစေရ။ သူ့ဥစ္စာကို အသိမ်းအယူ မရှိစေရ။ စစ်တိုက်သော လူကြောင့် အဘယ်မျှ ကုလားဖြစ်စေ၊ မြန်မာဖြစ်စေ ၎င်း အင်္ဂလိပ် ရှင်ဘုရင် ကျွန် လူတို့က မြန်မာနိုင်ငံတွင် သေ၍ အမွှေခံ မရှိလျှင် ကျန်ရစ်သော ဥစ္စာပစ္စည်း ရှိသမျှကို မြန်မာနိုင်ငံတွင် စေသော အင်္ဂလိပ်အရာရှိလက်သို့ အပ်ရမည်။ ကုလားထုံးစံအတိုင်း အပ်ရမည်။ ထိုနည်းအတူ အင်္ဂလိပ်နိုင်ငံအတွင်း မြန်မာရှင်ဘုရင် ကျွန် ဖြစ်သူတို့သေ၍ အမွှေခံ မရှိလျှင် ကျန်ရစ်သော ဥစ္စာပစ္စည်း ရှိသမျှကို အင်္ဂလိပ်နိုင်ငံတွင်နေသော မြန်မာမင်းဘက်သို့ အပ်ရမည်။
နဝမ။ အင်္ဂလိပ် သင်္ဘောများကို မြန်မာမြို့ဆိပ်ကမ်းသို့ ၀င်ရောက်လျှင် တက် မချွတ် အမြောက်မချ။ အင်္ဂလိပ်မြို့သို့ ရောက်သော မြန်မာ သင်္ဘော နေသကဲ့သို့ အနှောင့်အယှက် မရှိဘဲ နေစေရမည်။
ဒသမ။ အင်္ဂလိပ်မင်းနှင့် မိတ်သဟာယဘွဲ့သော ယိုးဒယားရှင်ဘုရင် အင်္ဂလိပ်ဘက်သို့ စစ်ကူ၍ ဝင်စားလာသည်မှာ ယခုလုပ်ကြသော မိတ်သဟာယ စာချုပ် အပါအ၀င် ဖြစ်သည်ကို မှတ်ရမည်။
ဧကာဒသမ။ ယခုလုပ်သော မိတ်သဟာယ စာချုပ်ကို မြန်မာဘုရင် ခန့်ထားတော်မူသော အရေးပိုင် သံတမန်တို့က လက်မှတ်တံဆိပ် ခတ်ရမည်။ ချုပ်ထားသော အင်္ဂလိပ် အမေရိကန် အစရှိသော ကုလားဖြူ-ကုလားနက် ရှိသမျှတို့ကို အင်္ဂလိပ်အရေးပိုင် သံတမန်တို့ လက်သို့ အပ်ရမည်။ ၎င်းအိန္ဒိယတိုင်းကို အစိုးရသော ကုမ္ပဏီဘုရင်က ခန့်အပ်၍ လက်မှတ် တံဆိပ်ခတ်သော စာချုပ်ကို ၎င်းလအတွင်း မြန်မာဘုရင်လက်တော်သို့ ပြန်၍ ပေးလိုက်ရမည်။ အင်္ဂလိပ်မင်း ချုပ်ထားသော မြန်မာလူ ရှိသမျှတို့ကို အင်္ဂလိပ်ပြည်မှ အလျင်အမြန် ခေါ်စေ၍ မြန်မာလက်သို့ အပ်ရမည်။
လယ်ကိုင်းမြို့စားဝန်ကြီး ။ ၁ ။
ရွှေခွန်ဝန် အတွင်းဝန် ။ ၁ ။
● နောက်ထပ်၍ ချုပ်သော စကားအကျယ်
အင်္ဂလိပ် အရေးပိုင် သံတမန်တို့က စစ်ပြေငြိမ်းစေချင်သော စေတနာ အလို ထင်ရှားစေရအောင် ၎င်းအထက်၊ ပဉ္စမစာချုပ် လာသည့်အတိုင်း၊ မြန်မာရှင်ဘုရင် ဒင်္ဂါးပြားရေ တကုဋေကို ပေးရမည်ဆိုသော် အလွယ်တကူ ပေးရအောင် ၊ ၎င်းဒင်္ဂါး တကုဋေတည်းဟူသော မြန်မာအချိန် ငွေကောင်း ၇၅ဝဝဝ အနက်တွင် ၄ ပုံ တပုံ တည်းဟူသော ၁၈၇၅ဝ ကို ပေးပြီးမှ အင်္ဂလိပ်ဘက်က ရန်ကုန်မြို့တိုင် ဆုတ်သွားလိမ့်မည်။ ယခုနေ့မှစ၍ ရက်ပေါင်း ၁ဝဝ အတွင်း ၁၈၇၅ဝ ကို ထပ်၍ပေးလျှင် အင်္ဂလိပ်ဘက်၊ မြန်မာနိုင်ငံထဲမှ အလျင်အမြန် ထွက်သွားလိမ့်မည်။ ကျန်ငွေ ၂ ပုံမှာ ယခုနေ့မှစ၍ တစ်နှစ်အတွင်း တပုံ၊ ၎င်းနှစ်အတွင်း တပုံကို မြန်မာနိုင်ငံအတွင်း နေရသော အင်္ဂလိပ်မင်း အရာရှိတွင် ပေးရမည်။
လယ်ကိုင်းမြို့စားဝန်ကြီး ။ ၁ ။
ရွှေခွန်ဝန် အတွင်းဝန်   ။ ၁ ။
(မူရင်းပုရပိုက်ပါ စာလုံးပေါင်းအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။)
စစ်ပြေငြိမ်းရန်ပြောဆိုရာ၌ မြန်မာတို့ ဘက်ကဆရာယုဒသန်(ဒေါက်တာဂျပ်ဆင်)နှင့်ဆရာပရိုက်တို့ ကစကားပြန်အဖြစ်ဖြင့်ပါလသည်။စာချုပ်ကိုလက်မှတ်ထိုးပြီးသောအခါ အင်္ဂလိပ်တပ်များ ရန်ကုန်သို့ပြန်ကြ သည်။ဒုတိအရစ်ပေးပြီးသောအခါ အင်္ဂလိပ်တို့  ရန်ကုန်က ထွက်ခွာသွားကြလေသည်။
စာကိုး။
၁။ဆရာမောင်ခင်ညွန့် ၊ရန္တပိုစာချုပ်၊ကျိုက်လတ်မြို့ ခါတော်မှီပိဋကတ်တိုက်၊ပကြိမ် ၁၉၂၃။
၂။မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၁။စာပေဗိမာန်၊၁၉၇၀။