Thursday, November 14, 2013

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်မှာ မုဒိန်းမှုတစ်ခုအား ဘာသာရေးအကြမ်းဖက်မှုသို့ ဦးတည်ရန် 969 မှ လှုံ့ဆော်

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်မှာ မုဒိန်းမှုတစ်ခုအား ဘာသာရေးအကြမ်းဖက်မှုသို့ ဦးတည်ရန် 969 မှ လှုံ့ဆော်

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်မှာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့ ညဦးပိုင်းမှာ ကမ္ဘာကျော် 969 အကြမ်းဖက်ဂိုဏ်းမှ ဘာသာရေးအကြမ်းဖက်မှုများ ပြုလုပ်ရန်အတွက် တာဆူနေတယ်လို့ သိရပါတယ်။ဖြစ်စဉ်အား အလင်းမျက်ဝန်းမှ ဒေသခံများသို့ ဆက်သွယ်ခဲ့ရာမှာတော့ “ညနေ (၆) နာရီလောက်မှာ ကျနော် ဗလီသွားဖို့ ပြင်နေတုန်း ညီက လာပြောတယ်။ သူကပြောတာက ဓားထိုးမှုဖြစ်တယ်လို့ပြောတာနဲ့ မွတ်စလင်မ်က ထိုးတာလားလို့ ပြန်တောင် မေးလိုက်တော့ မဟုတ်ဘူး။ မွတ်စလင်မ်နဲ့မဟုတ်ဘူးလို့ ပြောတာနဲ့ ဒါဆိုလဲ ပြီးတာပဲလို့ ပြောလိုက်သေးတယ်။ ဗလီသွားတာလဲ မကြားမိပါဘူး။ အိမ်ပြန်ရောက်ပြီးတော့မှ ဘေးက ဗုဒ္ဓဘာသာအိမ်က လာပြောတယ်။ မုဒိန်းမှုလို့ ပြောတယ်။ စခန်းနဲ့ ဆေးရုံရှေ့မှာ လူတွေ အုပ်လိုက်ကြီး ဖြစ်နေတယ်လို့ လာပြောတယ်။ အဲ့ဒီကနေ (၇) နာရီလောက်ရောက်တော့ အရမ်းဆိုးလာပါတယ်။” ဒေသခံတစ်ဦးက စတင်ဖြစ်ပွားပုံအား ပြောပြတာ ဖြစ်ပါတယ်။သတင်းများအရ မုဒိန်းကျင့်သူမှာ လှဝင်းဆိုသူဖြစ်ပြီး (၁၆)နှစ်အရွယ် အမျိုးသမီးငယ်လေးအား မုဒိန်းကျင့်ခဲ့တာလို့ စုံစမ်းသိရှိရပါတယ်။ လှဝင်းဆိုသူနှင့်ပတ်သက်၍ ဒေသခံများကတော့ ၎င်းသည် အစ္စလာမ်ဘာသာဝင်အဖြစ် အမည်ခံအဖြစ်သာ ရှိကြောင်း၊ အစ္စလာမ်ဘာသာ၏ သွန်သင်ချက်များအား လိုက်နာသူမဟုတ်ကြောင်း၊ ၎င်းနေထိုင်သည်မှာလည်း အစ္စလာမ်ဘာသာဝင်များနှင့် ဝေးကွာပြီး၊ ကျောင်းကုန်းတံတားအဆင်းရှိ လယ်ကွင်းများတွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းတွင် လက်ရှိမယားကြီးရှိနေပြီး၊ ယခုဖြစ်ပွားသည့် အမျိုးသမီးငယ်လေး၏ မိခင်မုဆိုးမနှင့်လည်း မရှင်းလင်းသည့် နေထိုင်မှုမျိုးဖြင့် ဆက်စပ်နေကြောင်း၊ အရက်သေစာ သောက်စားမူးယစ်တတ်သူဖြစ်ပြီး အတည်မပြုနိုင်သေးသည့် သတင်းများအရ အမျိုးသမီးငယ်လေးနှင့် နှစ်ဦးသဘောတူ ဖြစ်ပျက်ခဲ့ခြင်းအား မိခင်ဖြစ်သူမှ သိရှိသွား၍ စခန်းသို့ သွားရောက်ကာ အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။၎င်းနှင့်ပတ်သက်၍ မြို့နယ်အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဒေသခံ မွတ်စလင်မ်အကြီးအကဲများအား ဆက်သွယ်ခဲ့ရာတွင် မွတ်စလင်မ်အကြီးအကဲများမှ ဤကိစ္စသည် ဘာသာရေးနှင့်မသက်ဆိုင်ကြောင်း၊ တရားဥပဒေအရ အပြင်းထန်ဆုံး အမိန့်ဥပဒေများဖြင့် အရေးယူပေးစေလိုကြောင်း၊ အစ္စလာမ့် ဥပဒေရှုထောင့်အရဆိုလျှင် ထိုသူမှာ သေဒဏ်သာ ပေးထိုက်ကြောင်း ပြန်လည် ရှင်းပြခဲ့တယ်လို့ သိရပါတယ်။တရားခံဟု စွတ်စွဲခံရသူ လှဝင်းအား သက်ဆိုင်ရာ စခန်းမှ ဖမ်းဆီးချုပ်နှောင်ထားပြီး၊ အဆိုပါသတင်းအား 969 ဂိုဏ်းမှ အနီးပတ်ဝန်းကျင် ကျေးရွာများသို့ ဖြန့်ဝေလှုံ့ဆော်ခဲ့ခြင်းကြောင့် ထော်လာဂျီ (ဒေသတွင်းအခေါ် ဒိန်းဒေါင်း) များဖြင့် အုပ်စုလိုက်များ ရောက်ရှိလာကာ ရဲစခန်းနှင့် အမျိုးသမီးငယ်အား ဆေးစစ်ရာ ဆေးရုံများတွင် အုပ်အုပ်ကျက်ကျက်ဖြင့် စုဝေးနေကြတယ်လို့ သိရပါတယ်။ယခု အလင်းမျက်ဝန်းမှ သတင်းရေးသားနေသည့် (၁၂) နာရီ အချိန်မှာတော့ နောက်ဆုံးအခြေအနေအား ဒေသခံများသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဒေသခံတစ်ဦးက ယခုလို ပြောပြပါတယ်။“အခုတော့ အေးဆေးသလောက် ဖြစ်နေပါပြီ။ ပုသိမ်ကလည်းက စစ်တပ်တွေ ရောက်လာပါတယ်။ မြို့ပေါ်က ရပ်မိရပ်ဖတွေကလည်း နိုင်သလောက် လိုက်ထိန်းနေပါတယ်။ ဘုန်းကြီးတွေလဲ အများကြီး ၀င်ထိန်းနေတာ မြင်ရပါတယ်။ မူးရူးပြီး အော်ဟစ်တာတွေတော့ ရှိတာပေါ့။ ဟိုကောင်လှဝင်းအိမ်တော့ အဖျက်ခံလိုက်ရတယ်လို့ ကြားရတယ်။ တခြား အိမ်အချို့တော့ ခဲတွေဘာတွေနဲ့ အပေါက်ခံရတယ်။ ဗလီတော့ အခုထိ မဖြစ်ပါဘူး။ ကျနော်တို့အိမ်တွေလဲ အခုထိတော့ ခဲတစ်လုံး မထိသေးပါဘူး။ လမ်းမပေါ်မှာတော့ အသွားအလာတွေက အခုထိ နည်းနည်း ရှုပ်တုန်းပဲ။” အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အလင်းမျက်ဝန်းကို ပြောပြသွာတာ ဖြစ်ပါတယ်။မြန်မာနိုင်ငံတွင် နေ့စဉ် မုဒိန်းမှုပေါင်းများစွာ ပေါ်ပေါက်လျက်ရှိပြီး အဆိုပါ မုဒိန်းမှုများတွင် မြန်မာနိုင်ငံတွင်း လူများစုဖြစ်သည့် ဗုဒ္ဓဘာသာဝင်များဟာ အများဆုံး ကျူးလွန်လျက်ရှိကြပြီး၊ ဖအေရင်းက သမီးရင်းအားလည်းကောင်း၊ သားရင်းက မအေရင်းအားလည်းကောင်း မုဒိန်းမှုများ ကျူးလွန်ခြင်းများအပြင် အရွယ်မရောက်သေးသည့် ကလေးငယ်များနှင့် အရွယ်လွန်သက်ကြီးရွယ်အိုများကိုပင် မုဒိန်းမှုများ ကျူးလွန်နေကြသော်လည်း မည်သည့်ပြဿနာမှ ပေါ်ပေါက်ခြင်းမရှိသော်လည်း ၀ီရသူနှင့် 969 ဂိုဏ်းသားများကတော့ မွတ်စလင်မ်ဟု အမည်ခံရှိသူများကျူးလွန်ခဲ့သည့် ရာဇ၀တ်မုဒိန်းမှုများအား ရှာဖွေကာ အင်တာနက်ပေါ်တင်၍ ဘာသာရေးအကြမ်းဖက်မှုများ ပေါ်ပေါက်လာစေရန် လှုံ့ဆော်လျက်ရှိတယ်လို့ အင်တာနက်သုံးစွဲသူတစ်ဦးက ပြောပါတယ်။မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြားတွင် 969 ဂိုဏ်း၏ အကြမ်းဖက်မှုများ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသော်လည်း ဧရာဝတီတိုင်းမှာ 969 အကြမ်းဖက်မှုများဟာ ကြီးမားစွာ ပေါ်ပေါက်ခြင်းမရှိသေးဘူးဆိုပေမယ့် မြို့အချို့မှာတော့ ယခုလို အနည်းငယ်စီ ကွက်တိကွက်ကြား ပေါ်ပေါက်နေပြီး သက်ဆိုင်ရာ ဒေသအာဏာပိုင်များနဲ့ နိုင်ငံတော်အာဏာပိုင်များအနေနဲ့ ဒေသတွင်း ပြည်သူများအား ကျောသား ရင်သား မခွဲခြားဘဲ တပြေးညီ လုံခြုံမှုပေးသင့်ပြီး၊ အခြေအနေများ ရှုပ်ထွေးမသွားခင် အပြည့်အ၀ ကာကွယ်ပေးသွားဖို့ အရေးကြီးပါကြောင်း လေ့လာသူများကတော့ ဝေဖန် သုံးသပ်ပြောဆိုနေကြပါတယ်။

No comments:

Post a Comment