Thursday, November 14, 2013


ကုရ်ဘာနီ၏မဆ်အာလာများ
----------------------------------
၁။လူတစ်ယောက်သည်ဇကားသ်ပေးရန်ဖွရ်ဇ်ဖြစ်၏။(သို့မဟုတ်)ဇကားသ်ဖရ်ဇ်ဖြစ်သည့်ငွေကြေးပမာဏကိုပိုင်ဆိုင်ထား၏။

၎င်းပိုင်ဆိုင်မှုသည်တစ်နှစ်ပြည့်သည်ဖြစ်စေမပြည့်သည်ဖြစ်စေ ကုရ်ဘာနီပြုရန်ဝါဂျိဗ်တာဝန်ဖြစ်၏။

၂။အကြောင်းတစ်ခုခုကြောင့်ဇုလ်ဟဂ်ျလ ၁၂ ရက်နေ့နေမ၀င်ခင်တင်ပြပါ။ကုရ်ဘာနီ နီဆားဗ်ပိုင်ဆိုင်သွားခဲ့သော်ကုရ်ဘာနီပြုရန်ဝါရျိဗ်တာဝန်ဖြစ်သွားလေသည်။

၃။ကုရ်ဘာနီသားကောင်သည်ရှရီအသ်တရားတော်အရ ကုလားအုပ်၊ကျွဲ၊နွား၊သိုး၊ဆိတ်၊ဒွန်ဘဟ်၊(အထီး၊အမ)အားလုံးကိုသာဆိုလိုပေသည်။
၎င်းတို့မှအပအခြားမည်သည့်သားကောင်းကိုမှကုရ်ဘာနီပြုလုပ်ခြင်းမပိုင်ပေ။

၎။ကျွဲ၊နွားတို့၏အသက်မှာ၂ နှစ်ပြည့်ရန် ကုလားအုပ်၏အသက်မှာ၅နှစ်ပြည့်ရန် သိုး ၊ဆိတ်တို့မှာ၁နှစ်ပြည့်ရန် အရေးကြီးလေသည်။

၅။ကုရ်ဘာနီပြုလုပ်ရန် ၀ါဂျိဗ်မထိုက်သူသည်ကုရ်ဘာနီနီယသ်ဖြင့်သားကောင်းအားဝယ်လိုက်ပါကထိုသားကောင်အားကုရ်ဘာနီပြုရန်ဝါဂျိဗ်ဖြစ်သွားလေသည်။

၆။ဇုလ်ဟဂ်ျလ၁၀ရက်မှ၁၂နေ့အထိ ကြိုက်နှစ်သက်ရာအချိန်တွင် ကုရ်ဘာနီပြုလုပ်နိုင်သည်။နေ့အချိန်တွင်ဖြစ်စေ၊ညအချိန်တွင်ဖြစ်စေပြုလုပ်ခွင့်ရှိသည်။သို့ရာတွင်ညအချိန်တွင်
်ကုရ်ဘာနီပြုလုပ်ရာ၌မတော်တဆအကြောများမပြတ်မည်ကိုစိုးရိမ်ရသဖြင့်ဇဗဟ်ပြုလုပ်ခြင်းမသင့်တော်ပေ၊သို့သော်မီးအလင်းရောင်ကောင်းစွာရှိခြင်းကြောင့်ညအချိန်၌ဇဗဟ်ပြုလုပ်ပါက
မည်သို့မျှပြဿနာမရှိပေ။

၇။ကုရ်ဘာနီမလုပ်ခင်အလျင်ဓားကိုကောင်းစွာသွေးထားရမည်။သားကောင်တစ်ကောင်ကိုအခြားသားကောင်တစ်ကောင်၏ရှေ့တွင်ဇဗဟ်လုပ်ပြုခြင်းမသင့်တော်ပေ။
သားကောင်အသက်ထွက်ပြီးငြိမ်သွားမှသာသရေခွာခြင်း၊အသားခုတ်ထစ်ခြင်းများပြုလုပ်ရမည်။

၈။သားကောင်တစ်ကောင်ကိုလူအများစပ်တူပြုလုပ်ကြရာ၌၎င်းသားကောင်၏အသားအားလုံးကိုမိတ်ဆွေများနှင့်ဆင်းရဲသားများကိုဝေငှမည်ဆိုပါက အတိအကျအပုံခွဲရန်မလိုတော့ပေ။
သို့မဟုတ်ဘဲဖက်ဆက်ပါဝင်သူများခွဲဝေယူကြမည်ဆိုပါကအသားများကိုမှန်းဆ၍ မပုံရဘဲ အလေးချိန်အရညီမျှရန်အရေးကြီးသည်။

၉။ကုရ်ဘာနီဝါဂျိဗ်တာဝန်ရှိသူတစ်ဦဒသည်ကုရ်ဘာနီပြုလုပ်ရမည့်ရက်သုံးရက်ကုန်ဆုံးသွားသည့်တိုင် ကုရ်ဘာနီမပြုဖြစ်ခဲ့ပါကဆိတ်(သို့မဟုတ်)သိုးတစ်ကောင်၏တန်ဖိုးကိုလှူဒါန်း
ပေးကမ်းလိုက်ရမည်။သားကောင်ဝယ်ထားပြီးဖြစ်လျှင်၎င်းသားကောင်ကိုလှူဒါန်းပေးကမ်းလိုက်ရမည်။

၁၀။အခြားသူတစ်ဦးအတွက်၎င်းကိုအကြောင်းမကြားဘဲကုရ်ဘာနီပြုလုပ်ပေခြင်းပိုင်ပေ။

၁၁။ကုရ်ဘာနီပြုလုပ်သူသည်ကုရ်ဘာနီ၏အသားကို မိမိစိတ်ကြိုက်ပြုလုပ်နိုင်သည်။အသားအားလုံးကိုမိမိအိမ်အတွက်ထားလိုပါကထားနိုင်ပြီး၊ဝေငှလိုပါကဝေငှနျုင်ပေသည်။
သို့ရာတွင်အကောင်းဆုံးပုံစံမှာ အသားအားလုံးကိုသုံးပုံ ပုံ၍တစ်ပုံကိုမိမိအိမ်အတွက်ထားပါ။ဒုတိယတစ်ပုံကို ဆွေမျိုးသားချင်းများအားဝေငှပါ။တတိယတစ်ပုံကိုသူဆင်းရဲများအား
ပေးကမ်းလိုက်ပါ။

၁၂။ကုရ်ဘာနီအသားကိုမုစ်လင်မ်မဟူတ်သူများကိုပေးကမ်းခြင်းပိုင်ပေသည်။

(ဖိက်ဟီးရစာအိလ်-အတွဲ၂)
စီစဉ်တင်ပြသူ-မုဖ်သီအိဒ်ရီးစ် (မဇွာဟေရီ)
ရှေ့ဆောင်ဆရာ-မဒါးဗလီ

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်မှာ မုဒိန်းမှုတစ်ခုအား ဘာသာရေးအကြမ်းဖက်မှုသို့ ဦးတည်ရန် 969 မှ လှုံ့ဆော်

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်မှာ မုဒိန်းမှုတစ်ခုအား ဘာသာရေးအကြမ်းဖက်မှုသို့ ဦးတည်ရန် 969 မှ လှုံ့ဆော်

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်မှာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့ ညဦးပိုင်းမှာ ကမ္ဘာကျော် 969 အကြမ်းဖက်ဂိုဏ်းမှ ဘာသာရေးအကြမ်းဖက်မှုများ ပြုလုပ်ရန်အတွက် တာဆူနေတယ်လို့ သိရပါတယ်။ဖြစ်စဉ်အား အလင်းမျက်ဝန်းမှ ဒေသခံများသို့ ဆက်သွယ်ခဲ့ရာမှာတော့ “ညနေ (၆) နာရီလောက်မှာ ကျနော် ဗလီသွားဖို့ ပြင်နေတုန်း ညီက လာပြောတယ်။ သူကပြောတာက ဓားထိုးမှုဖြစ်တယ်လို့ပြောတာနဲ့ မွတ်စလင်မ်က ထိုးတာလားလို့ ပြန်တောင် မေးလိုက်တော့ မဟုတ်ဘူး။ မွတ်စလင်မ်နဲ့မဟုတ်ဘူးလို့ ပြောတာနဲ့ ဒါဆိုလဲ ပြီးတာပဲလို့ ပြောလိုက်သေးတယ်။ ဗလီသွားတာလဲ မကြားမိပါဘူး။ အိမ်ပြန်ရောက်ပြီးတော့မှ ဘေးက ဗုဒ္ဓဘာသာအိမ်က လာပြောတယ်။ မုဒိန်းမှုလို့ ပြောတယ်။ စခန်းနဲ့ ဆေးရုံရှေ့မှာ လူတွေ အုပ်လိုက်ကြီး ဖြစ်နေတယ်လို့ လာပြောတယ်။ အဲ့ဒီကနေ (၇) နာရီလောက်ရောက်တော့ အရမ်းဆိုးလာပါတယ်။” ဒေသခံတစ်ဦးက စတင်ဖြစ်ပွားပုံအား ပြောပြတာ ဖြစ်ပါတယ်။သတင်းများအရ မုဒိန်းကျင့်သူမှာ လှဝင်းဆိုသူဖြစ်ပြီး (၁၆)နှစ်အရွယ် အမျိုးသမီးငယ်လေးအား မုဒိန်းကျင့်ခဲ့တာလို့ စုံစမ်းသိရှိရပါတယ်။ လှဝင်းဆိုသူနှင့်ပတ်သက်၍ ဒေသခံများကတော့ ၎င်းသည် အစ္စလာမ်ဘာသာဝင်အဖြစ် အမည်ခံအဖြစ်သာ ရှိကြောင်း၊ အစ္စလာမ်ဘာသာ၏ သွန်သင်ချက်များအား လိုက်နာသူမဟုတ်ကြောင်း၊ ၎င်းနေထိုင်သည်မှာလည်း အစ္စလာမ်ဘာသာဝင်များနှင့် ဝေးကွာပြီး၊ ကျောင်းကုန်းတံတားအဆင်းရှိ လယ်ကွင်းများတွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းတွင် လက်ရှိမယားကြီးရှိနေပြီး၊ ယခုဖြစ်ပွားသည့် အမျိုးသမီးငယ်လေး၏ မိခင်မုဆိုးမနှင့်လည်း မရှင်းလင်းသည့် နေထိုင်မှုမျိုးဖြင့် ဆက်စပ်နေကြောင်း၊ အရက်သေစာ သောက်စားမူးယစ်တတ်သူဖြစ်ပြီး အတည်မပြုနိုင်သေးသည့် သတင်းများအရ အမျိုးသမီးငယ်လေးနှင့် နှစ်ဦးသဘောတူ ဖြစ်ပျက်ခဲ့ခြင်းအား မိခင်ဖြစ်သူမှ သိရှိသွား၍ စခန်းသို့ သွားရောက်ကာ အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။၎င်းနှင့်ပတ်သက်၍ မြို့နယ်အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဒေသခံ မွတ်စလင်မ်အကြီးအကဲများအား ဆက်သွယ်ခဲ့ရာတွင် မွတ်စလင်မ်အကြီးအကဲများမှ ဤကိစ္စသည် ဘာသာရေးနှင့်မသက်ဆိုင်ကြောင်း၊ တရားဥပဒေအရ အပြင်းထန်ဆုံး အမိန့်ဥပဒေများဖြင့် အရေးယူပေးစေလိုကြောင်း၊ အစ္စလာမ့် ဥပဒေရှုထောင့်အရဆိုလျှင် ထိုသူမှာ သေဒဏ်သာ ပေးထိုက်ကြောင်း ပြန်လည် ရှင်းပြခဲ့တယ်လို့ သိရပါတယ်။တရားခံဟု စွတ်စွဲခံရသူ လှဝင်းအား သက်ဆိုင်ရာ စခန်းမှ ဖမ်းဆီးချုပ်နှောင်ထားပြီး၊ အဆိုပါသတင်းအား 969 ဂိုဏ်းမှ အနီးပတ်ဝန်းကျင် ကျေးရွာများသို့ ဖြန့်ဝေလှုံ့ဆော်ခဲ့ခြင်းကြောင့် ထော်လာဂျီ (ဒေသတွင်းအခေါ် ဒိန်းဒေါင်း) များဖြင့် အုပ်စုလိုက်များ ရောက်ရှိလာကာ ရဲစခန်းနှင့် အမျိုးသမီးငယ်အား ဆေးစစ်ရာ ဆေးရုံများတွင် အုပ်အုပ်ကျက်ကျက်ဖြင့် စုဝေးနေကြတယ်လို့ သိရပါတယ်။ယခု အလင်းမျက်ဝန်းမှ သတင်းရေးသားနေသည့် (၁၂) နာရီ အချိန်မှာတော့ နောက်ဆုံးအခြေအနေအား ဒေသခံများသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဒေသခံတစ်ဦးက ယခုလို ပြောပြပါတယ်။“အခုတော့ အေးဆေးသလောက် ဖြစ်နေပါပြီ။ ပုသိမ်ကလည်းက စစ်တပ်တွေ ရောက်လာပါတယ်။ မြို့ပေါ်က ရပ်မိရပ်ဖတွေကလည်း နိုင်သလောက် လိုက်ထိန်းနေပါတယ်။ ဘုန်းကြီးတွေလဲ အများကြီး ၀င်ထိန်းနေတာ မြင်ရပါတယ်။ မူးရူးပြီး အော်ဟစ်တာတွေတော့ ရှိတာပေါ့။ ဟိုကောင်လှဝင်းအိမ်တော့ အဖျက်ခံလိုက်ရတယ်လို့ ကြားရတယ်။ တခြား အိမ်အချို့တော့ ခဲတွေဘာတွေနဲ့ အပေါက်ခံရတယ်။ ဗလီတော့ အခုထိ မဖြစ်ပါဘူး။ ကျနော်တို့အိမ်တွေလဲ အခုထိတော့ ခဲတစ်လုံး မထိသေးပါဘူး။ လမ်းမပေါ်မှာတော့ အသွားအလာတွေက အခုထိ နည်းနည်း ရှုပ်တုန်းပဲ။” အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အလင်းမျက်ဝန်းကို ပြောပြသွာတာ ဖြစ်ပါတယ်။မြန်မာနိုင်ငံတွင် နေ့စဉ် မုဒိန်းမှုပေါင်းများစွာ ပေါ်ပေါက်လျက်ရှိပြီး အဆိုပါ မုဒိန်းမှုများတွင် မြန်မာနိုင်ငံတွင်း လူများစုဖြစ်သည့် ဗုဒ္ဓဘာသာဝင်များဟာ အများဆုံး ကျူးလွန်လျက်ရှိကြပြီး၊ ဖအေရင်းက သမီးရင်းအားလည်းကောင်း၊ သားရင်းက မအေရင်းအားလည်းကောင်း မုဒိန်းမှုများ ကျူးလွန်ခြင်းများအပြင် အရွယ်မရောက်သေးသည့် ကလေးငယ်များနှင့် အရွယ်လွန်သက်ကြီးရွယ်အိုများကိုပင် မုဒိန်းမှုများ ကျူးလွန်နေကြသော်လည်း မည်သည့်ပြဿနာမှ ပေါ်ပေါက်ခြင်းမရှိသော်လည်း ၀ီရသူနှင့် 969 ဂိုဏ်းသားများကတော့ မွတ်စလင်မ်ဟု အမည်ခံရှိသူများကျူးလွန်ခဲ့သည့် ရာဇ၀တ်မုဒိန်းမှုများအား ရှာဖွေကာ အင်တာနက်ပေါ်တင်၍ ဘာသာရေးအကြမ်းဖက်မှုများ ပေါ်ပေါက်လာစေရန် လှုံ့ဆော်လျက်ရှိတယ်လို့ အင်တာနက်သုံးစွဲသူတစ်ဦးက ပြောပါတယ်။မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြားတွင် 969 ဂိုဏ်း၏ အကြမ်းဖက်မှုများ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသော်လည်း ဧရာဝတီတိုင်းမှာ 969 အကြမ်းဖက်မှုများဟာ ကြီးမားစွာ ပေါ်ပေါက်ခြင်းမရှိသေးဘူးဆိုပေမယ့် မြို့အချို့မှာတော့ ယခုလို အနည်းငယ်စီ ကွက်တိကွက်ကြား ပေါ်ပေါက်နေပြီး သက်ဆိုင်ရာ ဒေသအာဏာပိုင်များနဲ့ နိုင်ငံတော်အာဏာပိုင်များအနေနဲ့ ဒေသတွင်း ပြည်သူများအား ကျောသား ရင်သား မခွဲခြားဘဲ တပြေးညီ လုံခြုံမှုပေးသင့်ပြီး၊ အခြေအနေများ ရှုပ်ထွေးမသွားခင် အပြည့်အ၀ ကာကွယ်ပေးသွားဖို့ အရေးကြီးပါကြောင်း လေ့လာသူများကတော့ ဝေဖန် သုံးသပ်ပြောဆိုနေကြပါတယ်။

မောင်းတော၊ မြန်မာ (AP)။ ။အသက်

ဒီဆောင်းပါးလေးကတော့နည်းနည်းရှည်တယ်။ဒါပေမဲ့သေချာဖတ်ကြည့်ပါ
M-Media
ဘာသာပြန်ဆိုသူ- မင်းသိုက်

မောင်းတော၊ မြန်မာ (AP)။ ။အသက် ၁၀ နှစ်အရွယ်ကလေးငယ်သည် တောင်ပေါ်သို့ ကျောက်တုံးများအပြည့်ပါသည့်ပုံးများကို သယ်ဆောင်ကာ ကြိုးစားပမ်းစားတက်နေရသည်။ သူ့သူငယ်ချင်းများအရှေ့တွင်တော့ အားခဲမာန်တင်းထားသော်လည်း သူ့မျက်ဝန်းတွင်တော့ မျက်ရည်စများ စွတ်စိုနေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး၌ ယားယံမှုကိုခံစားနေရပြီး၊ သူ့ထံအဖျားဝင်နေကြောင်း နှင့် အလေးအပင်များသယ်ထမ်းရသဖြင့် မူးဝေနေကြောင်း သူက ဆိုသည်။

“ ဒီအဖြစ်ကို ကျွန်တော် ရွံမုန်းပါတယ် ” ဟု အဏ္ဏ၀ါ စာဒတ် (Anwar Sardad) က ဆိုသည်။ သူသည် သူ့မိသားစုအား ထောက်ပံ့ရမည်ဆိုသည်ကို သိပါ၏။ သို့ပေမင့် အစိုးရ၏ဆောက်လုပ်ရေးလုပ်ငန်းခွင်ထက် အခြားနည်းလမ်းဖြင့်လုပ်ကိုင်မှုကိုသာ လိုလားလျက်ရှိပါသည်။ “ ကျွန်တော်သာ မွတ်စ်လင်မ် မဟုတ်ခဲ့ရင် ဒီလိုမျိုးဘ၀ကို ဖြတ်သန်းရမှာမဟုတ်ဘူး ” ဟု သူက ဆက်ပြောပြသည်။

ဗုဒ္ဓဘာသာ ကြီးစိုးသည့် လူဦးရေ သန်း ၆၀ ရှိ နိုင်ငံအတွင်း ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးအား အဆုံးသတ်မှုအတွက် ချီးမွှမ်းခံခဲ့ရသော်လည်း အဏ္ဏ၀ါကဲ့သို့ ရာထောင်ချီသည့် ရိုဟင်ဂျာကလေးငယ်များသည် တိုင်းပြည်ထဲတွင် မျှော်လင့်ချက်ကင်းမဲ့လျက်ရှိသည်။

မွတ်စ်လင်မ်လူ့အဖွဲ့အစည်းသည် အချိန်အတော်ကြာ ခွဲခြားဆက်ဆံမှုကို ခံခဲ့ရပြီး၊ လူ့အခွင့်အရေးအုပ်စုများက ကမ္ဘာအတွင် အဆိုးဝါးဆုံးဟု ဆိုစမှတ်ပြုထားကြသည်။ သို့သော်လည်း ရခိုင်ပြည်နယ်သည် နိုင်ငံ၏ ရိုဟင်ဂျာ ၁ သန်းတွင် ၈၀ ရာခိုင်နှုန်းထိ နေထိုင်နေသောဒေသဖြစ်သည်။ ယခုသော် ကလေးငယ်များအတွက် ပညာရေး၊ အစာရေစာ နှင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာလိုအပ်ချက်များသည် စစ်အုပ်ချုပ်ရေးကာလထက်ပင် ဆိုးရွားသောအခြေအနေသို့ ရောက်ရှိနေ၏။ တစ်နေ့လျှင် တစ်ဒေါ်လာသာရရှိရေးအတွက် အလုပ်ကြမ်းလုပ်ကိုင်ရန်မှအပ သူတို့ထံ မည်သည့်ရွေးချယ်မှုမျှ မရှိပေ။

နိုင်ငံခြားသားသတင်းထောက်များ လုံးဝမရောက်ဖူးသေးသောနေရာသို့ The Associated Press (AP သတင်းဌာန) မှ ရောက်ရှိခဲ့ပါသည်။ ရိုဟင်ဂျာများအား တွေ့ဆုံမေးမြန်းသော အခါ ဒေသခံအာဏာပိုင်များသည် သင်္ကာမကင်းစွာဖြင့် တင်းတင်းမာမာ တုံ့ပြန်ခဲ့ကြသည်။ ရဲများနှင့်တွေ့ဆုံရန် ခေါ်ယူခံရသည်။ သတင်းထောက်များမှာ ထပ်ကြပ်မကွာ နောက်ယောင်ခံလိုက်ခြင်းခံရသည်။ ၄င်းအပြင် ကလေးငယ်များ အပါအ၀င် တွေ့ဆုံမေးမြန်းပြီးသောသူများကိုလည်း ခြိမ်းခြောက်အကြပ်ကိုင်မှုများ ပြုလုပ်ကြလေသည်။

လွန်ခဲ့သော ၁၅ လကတည်းက လူမျိုးရေးအကြမ်းဖက်မှုဖြင့် ဖရိုဖရဲဖြစ်ခဲ့သော နိုင်ငံအတွင်း ဤနေရာသည် မွတ်စ်လင်မ် အကြမ်းဖက်သူများက ဗုဒ္ဓဘာသာဝင်များအား သတ်ဖြတ်ခဲ့သည့်နေရာဟု ဆိုကြသည်။ သို့သော် အဖြစ်အပျက်များကို ပြောင်းပြန်ဖော်ကျူးထားသည့် အဓိပ္ပာယ်ထွက်နေကြောင်း လေ့လာမှုများက ဖော်ပြသည်။ ယခုနေရာသည် နိုင်ငံအ၀ှန်းသေဆုံးသူ ၂၄၀ အတွင်းမှ ၁၀ ယောက်သာ သေဆုံးခဲ့သောနေရာဖြစ်သော်လည်း လူမျိုးတစ်စုလုံးမှာ ခရီးသွားလာခွင့်ကို တင်းကြပ်ခြင်းများ၊ အခြားသီးသန့်မူဝါဒများအားဖြင့် အပြစ်ပေးခံနေရသည့် တစ်ခုတည်းသောဒေသဖြစ်သည်။

27e42e4cc4043d22400f6a7067000894
မဒ်ရဆာ (Madrassas) ဟုခေါ်သော မွတ်စ်လမ်ကျောင်းများသည် အပိတ်ခံထားရပြီး ကလေးငယ်များသည် အစိုးရကျောင်းများအတွင်းသို့ တွန်းပို့ခြင်းခံခဲ့ရသည်။ ပြည်နယ် လူဦးရေ၏ ၉၀ ရာခိုင်နှုန်း နီးပါးရှိ ရိုဟင်ဂျာတို့မှာ မိမိနားမလည်သည့် ဘာသာစကားဖြင့် ဗုဒ္ဓဘာသာဝင် ဆရာများဖြင့် သင်ကြားစေခြင်းခံရသည်။

ယမန်နှစ်အကြမ်းဖက်မှု၌ ဘုန်းတော်ကြီးတစ်ဦးအသတ်ခံရသည့် ဘဂုဏ်းနား ဆိုသော ရွာငယ်လေးတွင် သေးငယ်သော အစိုးရကျောင်း၌ လက်ခံထားသော ကလေးငယ်ဦးရေ ၁၂၅၀ နီးပါးရှိသည်။ မူကြိုကျောင်းသားအရွယ် မှ ၈တန်းကျောင်းသားအရွယ်ထိ ထိုကျောင်းလေးအတွင်း၌ ကျောင်းသားများအကြား လမ်းလျှောက်ဖို့ပင် မလွယ်ကူလောက်အောင် ပြည့်ကျပ်နေခဲ့သည်။

“ ကျွန်တော်တို့ဆရာများက သင်ပုန်းပေါ်မှာ စာတွေအများကြီးတော့ရေးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို အဲဒါတွေ ဘယ်လိုဖတ်ရမလဲဆိုတာတော့ မသင်ပေးကြဘူး။ ဒီလိုကျောင်းမျိုးမှာ သင်ကြားတတ်မြောက်ဖို့ အရမ်းကိုခက်ခဲပါတယ် ” ဟု အသက် ၈ နှစ် အရွယ် အဏ္ဏ၀ါ စဂျခ် (Anwar Sjak) က ဆိုသည်။

ကျောင်းထဲတွင် အစိုးရခန့်ဆရာ ၁၁ ယောက်သာရှိပြီး၊ ဆရာတစ်ဦးလျှင် ကလေးငယ် ၁၁၄ ယောက်အား သင်ကြားရသည်။ သတင်းထောက်များ ကျောင်းသို့သွားရောက်လေ့လာသောနေ့တွင် ၄င်းတို့သည် ကျောင်း၏ ပုံမှန်အခြေအနေအား မပြသခဲ့ကြပေ။

ရိုဟင်ဂျာစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းများသည် ကျောင်းအတွင်း ငြိမ်သက်မှုရှိစေရန် ထိန်းသိမ်းပေးနေကြပြီး၊ လူတစ်ဦးသည် လက်ထဲတွင်ကြိမ်လုံးကိုင်၍ အမှိုက်များပြည့်နေသည့် ကွန်ကရစ်ကြမ်းပြင်အား ရိုက်ကာ ဆိတ်ငြိမ်စွာနေကြစေသည်။ ကလေးအနည်းငယ်မျှသာ ခုံ သို့မဟုတ် စားပွဲများ ရှိကြ၏။ အတော်များများသည် အချင်းချင်း စကားပြောနေကြသလို၊ ဗလာကျင်းဖြစ်နေသော မှတ်စုစာအုပ်များကို လှန်လျောနေကြသည်။ ထို့အတူ သူတို့ကျောင်းထဲ ၀င်ရောက်လာကြသော သူစိမ်းများအား ငေးမောလျက်သာရှိနေကြသည်။

“ ဖြစ်ချင်တာဖြစ်ခွင့်ရမယ်ဆိုရင် ကျွန်တော်ကြီးလာတဲ့အခါ ဆရာဝန်တစ်ဦးဖြစ်ချင်တယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့မိသားစုထဲမှာ တစ်စုံတစ်ယောက် နေမကောင်း ဖြစ်လာတိုင်း ဆေးရုံကိုသွားရင် ၀န်ထမ်းတွေက ကျွန်တော်တို့အပေါ် ဂရုမစိုက်ကြဘူး။ ကျွန်တော် အဲဒါကို အလွန်ခံပြင်းပါတယ်။ ဒါပေမယ့် အစိုးရက ခွင့်ပြုမှာမဟုတ်လို့ ကျွန်တော့်ရည်မှန်းချက် ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ် ” ဟု တတိယတန်းကျောင်းသား အဏ္ဏ၀ါက ဆိုသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအား ဆေးကျောင်းတက်ရောက်ခွင့် မပေးချေ။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တက္ကသိုလ်များ မရှိ။ ၄င်းပြင် ရိုဟင်ဂျာများအား ထိုဒေသပြင်ပ ဘယ်ကိုမှ ထွက်ခွာခွင့် မပေးသည်မှာ ဆယ်စုနှစ်တစ်ခုမက ကြာမြင့်ခဲ့ပြီဖြစ်သည်။ ခြွင်းချက်အဖြစ် ရိုဟင်ဂျာတစ်ချို့အား ပြည်နယ်မြို့တော်စစ်တွေ၌ စာသင်ကြားခွင့် ခွင့်ပြုထားခြင်းသည်လည်း လွန်ခဲ့သောနှစ် သွေးချောင်းစီးမှု၏နောက် နိဋ္ဌိတံခဲ့ပြီ ဖြစ်သည်။

“ ကျွန်တော်တို့ကို သူတို့ စာသင်မပေးချင်ကြဘူး။ ကျွန်တော်တို့ကို (မွတ်စ်လင်မ်တွေကို ချိုးနှိမ်ခေါ်ဆိုတဲ့ အသုံးအနှုန်းဖြစ်တဲ့) ကုလား လို့ခေါ်ကြတယ်။ မင်းတို့ဟာ တန်းတူနိုင်ငံသားတွေမဟုတ်ဘူး၊ ဒါကြောင့် မင်းတို့ ဘာပညာမှရှိစရာမလိုအပ်ဘူး လို့ သူတို့ကပြောလေ့ရှိပါတယ် ” ဟု ပင်လယ်ကမ်းခြေရွာလေးဖြစ်သော မြင်းလွတ်ရွာမှ ရိုဟင်ဂျာကလေးငယ်များအတွက် ကိုယ်ပိုင်စာသင်ခန်းလေးအား မိမိနေအိမ်တွင် ဖွင့်လှစ်ထားသူ အသက် ၂၅ နှစ်အရွယ် စိုယဒ် အလမ် (Soyed Alum) က ပြောပြသည်။

နှစ်စဉ်နှစ်တိုင်း ထောင်ချီသော ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းကို စွန့်လွှတ်ကာ၊ အခြားနိုင်ငံများ၌ ခိုလှုံသူဒုက္ခသည်အနေနှင့် နေထိုင်ခွင့်ရရေးမျှော်လင့်ချက်ဖြင့် အန္တရာယ်များသော ပင်လယ်ခရီးကို သွားကြသည်။ ရိုဟင်ဂျာအများစုပါဝင်သည့် လူပေါင်း ၂၅၀,၀၀၀ ကို အဓမ္မအိုးအိမ်စွန့်စေသော မကြာသေးမှီက ဖြစ်ပျက်ခဲ့သည့် ဘာသာရေးအကြမ်းဖက်မှုများကြောင့် ထိုသို့ပြုကြခြင်းဖြစ်သည်။ ဤလ မုတ်သုံရာသီအကုန် ပင်လယ်ပြင်ငြိမ်သက်ချိန်စတင်သည်နှင့် အကြီးမားဆုံးစွန့်စားခန်းတစ်ခု စတင်ကြလိမ့်မည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက တွက်ဆထားကြောင်း သိရသည်။

ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရာစုနှစ်များစွာ နေထိုင်လာခဲ့သူများဖြစ်သည်။ သို့သော် ယခုအခါ ယင်းနေရာတွင် နေထိုင်နေသူအချို့မှာကား အိမ်နီးချင်းနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်မှ လတ်တစ်လော ပြောင်းရွှေ့ဝင်ရောက်လာကြသူများဟု အချို့ သမိုင်းပညာရှင်များက ဆိုသည်။ သူတို့အားလုံးမှာ နိုင်ငံသားအဖြစ်မှ ငြင်းပယ်ခံရသဖြင့် နိုင်ငံမဲ့လူသားများဘ၀သို့ ရောက်နေရသည်။

“ သူတို့ဟာ တရားမ၀င် ခိုးဝင်နေထိုင်သူများဖြစ်တယ် ” ဟု ပြည်နယ်အာဏာပိုင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် လှသိန်းက တင်းမာစွာပြောကြားသည်။

သူတို့ကို နိုင်ငံသားဖြစ်ဖို့ တားမြစ်ခံရသလို၊ နိုင်ငံ့ဝန်ထမ်းအဖြစ်လည်း တာဝန်ထမ်းဆောင်ခွင့် မပေးချေ။ မည်သည့် ရိုဟင်ဂျာကိုမှ မွေးစာရင်း မထုတ်ပေးခဲ့သည်မှာ ၁၉၉၀ နှစ်များအလယ်ပိုင်းကာလကတည်းကပင်ဖြစ်သည်။ မိဘ နှစ်ပါးသည် တရားဝင်လက်ထပ်ထားခြင်းမရှိပါက သို့တည်းမဟုတ် ၄င်းတို့လူမျိုးတစ်စုတည်းပေါ်တွင်သာ ပြဋ္ဌာန်းထားသော တစ်မိသားစုတွင် ကလေး ၂ ဦးသာယူရေးမူဝါဒထက် ပိုယူပါက ယင်းရိုဟင်ဂျာ ကလေးငယ်များသည် “ ပယ်ဖျက်စာရင်း (Blacklist) ” ၀င်အဖြစ် သတ်မှတ်ခံထားရသဖြင့် သူတို့အတွက် အခြေခံရပိုင်ခွင့်လေးများပင် မခံစားကြရပေ။

အာဏာပိုင်များသည် လျစ်လျူရှုပစ်ပယ်မှုမှသည် အမှန်းတရားအဆင့်သို့ ပြောင်းလဲလာကြသည်။
AP ၏ ခရီးစဉ်အား ကူညီပေးရန်အတွက် ဗဟိုအစိုးရမှ လုံခြုံရေးထည့်ပေးသူသည် ဘာလို့များ ဒီလို “ ခွေးတွေ ” နဲ့ တွေ့ဆုံမေးမြန်းဖို့ စိတ်အားထက်သန်နေကြရတာလဲ ဟူ၍ပင် မေးမြန်းခဲ့သည်။ ရိုဟင်ဂျာမိန်းကလေးငယ်များသည် အဖွဲ့သား၏ကားမှန်များအတွင်း စောင်းငဲ့ကြည့်ရှု့ကြသောအခါ ယင်းလုံခြုံရေးပေးရန်လိုက်ပါလာသူမှ နှမချင်းမစာနာ ရုန့်ရင်းရိုင်းစိုင်းသောအသုံးအနှုန်းများဖြင့် ဆဲဆိုတုံပြန်ခဲ့သည်။

အစိုးရမှ ရိုဟင်ဂျာကလေးငယ်များကို ပေးအပ်သည့်အရာမှာ အလုပ်ခိုင်းစေခြင်း တစ်ခုသာ ရှိနေ၏။ သူတို့သည် အသက် ၁၀ နှစ်မျှသာ ရှိနေသော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တစ်နေ့တွင် ၁၀၀၀ ကျပ် (တစ်ဒေါ်လာ) ပေး၍
၈ နာရီကြာအထိ နေပူပြင်းပြင်းအောက်တွင် ကျောက်တုံးများကို ကောက်ယူသယ်ထမ်းခိုင်းနေကြပေသည်။

နံနက်စောစော ရွာများသို့လာရောက်သောာထရပ်ကားကြီးများဖြင့် အိပ်ချင်မပြေသေးသည့် ရိုဟင်ဂျာ ယောင်္ကျားကလေးများကို တင်ဆောင်သွားကာ မြစ်ကမ်းနံဘေးသို့ ဖြန့်ကျက်နေရာချပေးကြသည်။
“ တွေ့လား၊ သူတို့က အလုပ်လုပ်လိုချင်ကြတာပါ ” ဟု လေးမိုင်၏ အုပ်ချုပ်ရေးမှူး ဦးလှမိုးက ဆိုသည်။
ထိုနေ့ နေ့လည်ပိုင်းလောက်တွင် သူသည် တွေ့ဆုံမေးမြန်းခြင်းခံရသော ကလေးငယ်များအား သူ၏ရုံးသို့ခေါ်ယူခဲ့သည်။ AP ၏ လုံခြုံရေးအတွက်ဟု သူကဆိုခဲ့သည်။ သို့သော်လည်း မိမိတို့အား မေးမြန်းဖြေကြားသည်များကို ပြန်လည်ပြောပြရန် ၄င်းက ခြိမ်းခြောက်တောင်းဆိုခြင်း ဖြစ်သည်ဟု ကလေးငယ်များက ဆိုသည်။

ထိုကလေးငယ်များထဲတွင် အဏ္ဏ၀ါ စာဒတ် ဆိုသော အသက် ၁၀ နှစ်အရွယ် ကျောက်သယ်သူလည်း ပါဝင်သည်။ နံနက် ၈ နာရီမှ ညနေ နေ၀င်ချိန်အထိ သူ၏ အမွှာအစ်ကို နှင့် အခြားသော ကောင်လေး ၅၊ ၆ ယောက် နှင့်အတူ မြစ်ထဲမှ ကျောက်တုံးများအား တောင်ကုန်းပေါ်သို့ သယ်ပို့ရသော အလုပ်ကြမ်းကို လုပ်ဆောင်ရသည်။ သူတို့မှာ ကလေးငယ်များ ဆိုသည်ထက် မြီးကောင်ပေါက်များကဲ့သို့ ထင်မြင်စရာဖြစ်နေကြသည်။ သူတို့ထံ ရယ်မောခြင်း မရှိ။ သူတို့၏ ခြေလှမ်းတိုင်းသည် ကြမ်းတမ်းမာကြောပြီး ဆုံးဖြတ်ချက်ပြည့်နှက်နေသည်။ သူတို့၏ခွန်အားကိုလည်း တစ်ရွေးသားမှ အထိခိုက်မခံကြပေ။

အဏ္ဏ၀ါသည် ပင်ပန်းနေသည့်တိုင် အလုပ်ကို ခပ်သွက်သွက်လုပ်ကိုင်သည်။ သူ့သူငယ်ချင်းများကိုပင် ပုံးများ သယ်ကူလိုက်သေး၏။ ကလေးငယ်များအဖို့ ပင်ပန်းကြမ်းတမ်းသည့်အလုပ်ဖြစ်သော်လည်း ၄င်းတို့နှင့်၎င်းတို့မိသားစု၏ စားသောက်ရေးအတွက် အထောက်အကူရစေသည်။ ဥရောပ လူမှုကယ်ဆယ်ရေး နှင့် အရပ်ဖက်စောင့်ရှောက်ရေးဌာန (European Commission Humanitarian Aid and Civil Protection Department) မှထုတ်ပြန်ခဲ့သော ယမန်နှစ်စာရင်းအရ နိုင်ငံ၏အကြီးမားဆုံး အာဟာရချို့တဲ့မှုနှုန်းကို အများဆုံးတွေ့ရသည်မှာ ထိုဒေသပင်ဖြစ်သည်။ ထိုချို့တဲ့မှုသည် စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ပြင်းထန်သည့်ဆိုးကျိုး သက်ရောက်စေပါသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများ၏လုပ်ပိုင်ခွင့်မှာ အကြီးအကျယ်ကန့်သတ်ခံထားရသည်။ ပစ်ပယ်ခံနေရာများတွင် ကာကွယ်ဆေးထိုးမှု မရှိသောကြောင့် ကလေးငယ်များသည် မည်သသည့်ရောဂါမဆို အလွယ်တကူ ဖြစ်ပွားနိုင်ချေရှိနေသည် ဟု မြန်မာနိုင်ငံအတွင်း ယင်းဒေသ၌ ၁၅ နှစ်ကြာ တာဝန်ယူလာသူ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (Doctors Without Borders) ၏ ဒုဦးစီးမှူး ဗစ်ကီ ဟော့ကင်းစ် (Vickie Hawkins) က ဆိုသည်။

အကယ်၍ ရိုဟင်ဂျာကလေးငယ်များသည် စိုးရိမ်ဖွယ်ကျန်းမာရေးအခြေအနေဖြင့် ကြုံတွေ့ရပါက သူတို့သည် ဆေးရုံသို့ တက်ရောက်နိုင်ခြင်း အလျဉ်းမရှိကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏မိသားစုသည် စစ်ဆေးရေးဂိတ်များမှတောင်းဆိုသော လာဘ်ငွေများအား မပေးနိုင်ကြသလို၊ စစ်တွေသို့ကူးသန်းသွားလာခွင့်ကိုလည်း ပိတ်ပင်ခံထားရ၍ဖြစ်သည်။

အသက် ၁၀ နှစ်အရွယ် ရိုဟင်ဂျာကလေးငယ် မုဟမ္မဒ် သွိုင်ယုဗ် (Mohamad Toyoob)သည် ဆေးဝါးကုသခွင့်ကို ရရှိခဲ့သော်လည်း ဆရာဝန်များညွှန်ကြားထားသော ခွဲစိပ်မှုကိုတော့ မပြုလုပ်နိုင်ခဲ့ပေ။ ကလေးငယ်သည် ရှပ်အင်္ကျီကို မ,တင်လိုက်ပြီး သူ့ဝမ်းဗိုက်ညာဘက်ခြမ်းကို ဖိနှိပ်ပြကာ၊ လွန်ခဲ့သော ၃ နှစ်ခန့်ကပင် ထိုနေရာ၌ စူးစူးရှရှ နာကျင်နေလေ့ရှိကြောင်းကို “ ဘာဖြစ်မှန်း ကျွန်တော် မသိဘူး။ အထဲမှာ တစ်ခုခုရှိနေသလို ခံစားနေရတာပဲ ” ဟု သူက ပြောပြသည်။ သူမှသိမ်းဆည်းထားသော ဆေးစစ်တမ်းတစ်ခုတွင် ၀မ်းဗိုက်တွင်းအစိုင်အခဲ ဟုသာရေးသားထားပြီး မေးခွန်းသင်္ကေတများစွာ ခြစ်ထားသည်ကို တွေ့ရ၏။ မုဟမ္မဒ်ပြသခဲ့သော ဆရာဝန်များသည် ဆေးကိရိယာမပြည့်စုံသည့် အစိုးရဆေးရုံမှဖြစ်ပြီး၊ အသက်ကယ် ခွဲစိတ်ကုသမှုကို လုပ်ဆောင်နိုင်စွမ်းမရှိကြပေ။ ထိုခွဲစိတ်မှုအား ပြုလုပ်နိုင်ရန် သူသည် သွားလာရေးကန့်သတ်ထားသည့် စစ်တွေမြို့ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်သို့သွားရောက်ရမည်ဖြစ်သည်။ သူ့မိသားစုက လာဘ်ငွေ တနင့်တပိုးကို ပေးဆောင်နိုင်ပါက သူသည် ဘင်္ဂလားဒေ့ရှ်သို့ထွက်သွားနိုင်မည် ဖြစ်သော်လည်း ဌာနီပြန်လာရန်မူ လွယ်ကူမည် မဟုတ်တော့ပေ။

အခြားအခက်အခဲတစ်ခုမှာ ငွေကြေးပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့မိသားစုထံ၌ သူ၏ ကျန်းမာရေးစားရိတ်နေနေသာသာ ခွဲစိတ်ကုသရန်အတွက်ပင် ငွေကြေး မလုံလောက်။ သူသည် အိတ်အတွင်းသို့လက်နှိုက်ကာ အနီ၊ ပန်းရောင်၊ အ၀ါ နှင့် အပြာနုရောင် ဆေးလုံးလေးများပါရှိသော ပလစ်စတစ်အိတ်ငယ်လေး နှစ်ခုကို ထုတ်ယူလိုက်သည်။ ၄င်းသည် တစ်ရက်စာဖြစ်၍ ဆေးဖိုး ၂၀၀ ကျပ် (ဆင့် ၂၀) စာမျှသာ ရှိ၏။ ထိုပိုက်ဆံအားရရှိရန် မုဟမ္မဒ်သည် ရွာမှ အခြားကလေးငယ်များနှင့်အတူ မြစ်ကမ်းနံဘေးတွင် ကျောက်တုံးများကို ခက်ခဲပင်ပန်းစွာ ထမ်းနေရရှာသည်။ ရံဖန်ရံခါ ထိုပင်ပန်းမှုများကြောင့် နာကျင်မှုပိုမို ဆိုးရွားလာသည်ဟု သူက ဆိုသည်။

“ ကျွန်တော့်အဖေဟာ အကြမ်းဖက်မှုများအပြီးမှာ အလုပ်ပြုတ်သွားတယ်။ သူ အလုပ်လုပ်နေတုန်းကတော့ ကျွန်တော်တို့ တတ်နိုင်ပါတယ်။ အခုတော့ ကျွန်တော်တို့မှာ ဘာမှ မရှိတော့ဘူး။ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ကရုစိုက်ဖို့သာ ရှိပါတော့တယ်ခင်ဗျာ ”
စစ်တွေတွင် အိုအိုင်စီကို ဆန္ဒပြရန် ခွင့်ပြုလိုက်ပြီ

နိုဝင်္ဘာလ ၁၅ ရက်နေ့၌ စစ်တွေမြို့တွင် ပြုလုပ်မည့် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့အား ဆန္ဒပြခွင့်ကို သက်ဆိုင်ရာက ခွင့်ပြုပေးလိုက်ပြီဟု သတင်း ရရှိသည်။

“ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (အမှတ်စဉ် ၅ / ၂၀၁၃)။ စာအမှတ် ၁၀၄၄ (၁) / ၁၁/ ၂၀၁၃ နဲ့ ဒီကနေ့ နေ့စွဲနဲ့ ခွင့်ပြု ပေးလိုက်ပါတယ်” ဟု ဦးဆောင်ရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

ခွင့်ပြုချက်တောင်းခံသူမှာ ဦးမောင်နုနု ဖြစ်ပြီး သူ့ အမည်ဖြင့် ခွင့်ပြုလိုက်သည်ဟု သူက ဆိုသည်။

“ ခွင့်ပြုတဲ့ စာထဲမှာ လူ ၅၀၀ ကို ခွင့်ပြုတယ်။ နံနက် ၉ နာရီက ၁၂ နာရီထိ စစ်တွေ လေဆိပ် အပြင်ဘက်မှာ ပြုလုပ်ခွင့်ပေးတယ်လို့ ပါဝင်ပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းများ အတိုင်း ဆောင်ရွက်ကြရန် ဆိုပြီး စာထဲမှာ ညွှန်ကြားထားပါတယ်” ဟု သူက ဆိုသည်။

၎င်းပြင် ဦးဆောင် ဆန္ဒပြရန် ဦးအောင်နိုင်ချေ ( မိဇံရပ်ကွက်)နှင့် ပိုစတာများ၊ ဆိုင်းဘုတ်များကို လျှောက်ထားသူ ဦးမောင်နုနု လျှောက်ထားစာပါ အတိုင်း ခွင့်ပြုကြောင်း စာထဲတွင် ဖေါ်ပြထားသည်ဟု သိရသည်။

အိုအိုင်စီ ( အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့)သည် ယနေ့ နံနက် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး နိုဝင်္ဘာလ ၁၅ ရက်နေ့တွင် စစ်တွေသို့ ရောက်ရှိလာမည်ဟု သိရသည်။

အိုအိုင်စီ ဆန့်ကျင်ရေး မိတ္ထီလာနဲ့ လားရှိုးမှာ ဆန္ဒပြ



မြန်မာနိုင်ငံကို လေ့လာရေးခရီးရောက်ရှိနေတဲ့ အိုအိုင်စီ ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့ကို မိတ္ထီလာမြို့က ရာနဲ့ချီတဲ့ဒေသခံတွေဟာ ဒီနေ့ မိတ္ထီလာမြို့၊ ရွှေမြင်တင်ဘုရားမှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။

အဲဒီ ရွှေမြင်တင်ဘုရားမှာ ဒေသခံတွေနဲ့ သံဃာတော်တွေ စုဝေးကြပြီး ဆုတောင်းဆန္ဒပြကြတာလို့ သိရပါတယ်။ အဲဒီဆန္ဒပြမှုမှာပါဝင်တဲ့ မိတ္ထီလာမြို့ဒေသခံ ကိုဒီမောဆိုးက သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“ခိုးဝင်ဘင်္ဂါလီတွေကို မြန်မာတိုင်းရင်းသားတွေ လုံးဝလက်မခံဘူးဆိုတဲ့ အချက်ပေါ့နော်၊ အိုအိုင်စီရုံးခွဲများ မြန်မာနိုင်ငံမှာ မည်သည့်နေရာမှ လက်ခံဖွင့်လှစ်ခြင်းမပြုဆိုတဲ့အချက်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် မြန်မာနိုင်ငံသား ဥပဒေ ဖြစ်သည်ဆိုတဲ့ အချက်ပေါ့နော်၊ မြန်မာနိုင် ငံ ပြည်တွင်းရေးကို မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့ မှ ဝင်ရောက်စွက်ဖက်ခွင့်မပြု၊ နောက် အိုအိုင်စီ အလိုမရှိပေါ့၊ ခိုးဝင်ဘင်္ဂါလီများ ရခိုင်ဒေသမှ အစ္စလာမ်မစ်နိုင်ငံများသို့ အများဆုံးပြန်လည်ခေါ်ယူရန် ဆိုတဲ့ အဲဒီအချက် ၆ ချက်နဲ့ ကျနော်တို့က ဆန္ဒဖော်ထုတ်တာပါ”

အလားတူ အိုအိုင်စီခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံလာရောက်တာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ လားရှိုးမြို့မှာလည်း ဒီကနေ့ ဒေသခံတွေ ရာနဲ့ချီဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရောက်ရှိနေတဲ့ အိုအိုင်စီ ခေါ် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ စစ်တွေ၊ မိတ္ထီလာစတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေက ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာမှာဖြစ်တယ်လို့ သိရပါတယ်။

မနေ့မနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိစဉ်မှာလည်း သံဃာတော်တချို့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတရုံးက အိုအိုင်စီရုံးခွဲကို မြန်မာနိုင်ငံမှာ ဖွင့်ခွင့်ပြုမှာမဟုတ်ကြောင်း မနှစ်က ဆန္ဒပြစဉ်ကတည်းက ကြေညာထားတာဖြစ်သလို အိုအိုင်စီအဖွဲ့ဟာ လူမှုရေးအကူအညီတွေပေးဖို့ သက်သက်သာဖြစ်ပြီး လက်တွေ့မှာလည်း ဒုက္ခသည်တွေအတွက် အကူအညီလိုအပ်ကြောင်း ကြေညာ ထားတာ ဖြစ်ပါတယ်။